29 C
Yangon

ကုလသမဂ္ဂလုံခြုံရေးကောင်စီက မြန်မာ့အရေး တံခါးပိတ်အစည်းအဝေး ကျင်းပခဲ့ပြီး မြန်မာပြည်သူများအပေါ် စစ်တပ်က လေကြောင်း တိုက်ခိုက်မှု အလွန်မြင့်တက် တိုးမြှင့်လာမှုအပေါ် ဗြိတိန်သံအမတ်ကြီး ရှုတ်ချ

Must read

🟥စစ်ကောင်စီကို ကုလလုံခြုံရေးကောင်စီနှင့်နိုင်ငံတကာက ညီညွတ်စွာ အရေးယူ တုံ့ပြန်ရန် သံအမတ်ကြီး ဦးကျော်မိုးထွန်း ထပ်မံတောင်းဆို

ရန်ကုန်၊ နိုဝင်ဘ ၂၁

ကုလသမဂ္ဂလုံခြုံရေးကောင်စီက မြန်မာ့အရေး တံခါးပိတ်အစည်းအဝေးကို ယမန်နေ့တွင် ကျင်းပခဲ့ပြီး မြန်မာပြည်သူများအပေါ် စစ်တပ်က လေကြောင်း တိုက်ခိုက်မှု အပါအဝင် တိုက်ခိုက်မှုများ တိုးမြှင့်လာမှုအပေါ် ကုလသမဂ္ဂဆိုင်ရာ ဗြိတိန်သံအမတ်ကြီး Barbara Woodward က ရှုတ်ချလိုက်သည်။

နိုဝင်ဘာလ ၂၀ ရက်နေ့ ကျင်းပခဲ့သော ကုလသမဂ္ဂလုံခြုံရေးကောင်စီ၏ မြန်မာ့အရေး တံခါပိတ်အစည်းအဝေးသို့ ကုလသမဂ္ဂအတွင်းရေးမှူးချုပ်၏ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ်၊ မြန်မာ့အရေး ဖြေရှင်းရေး အာဆီယံအထူးကိုယ်စားလှယ်နှင့် ကုလသမဂ္ဂသံအမတ်ကြီး ဦးကျော်မိုးထွန်းတို့ တက်ရောက်ခဲ့ကြပြီး လုံခြုံရေးကောင်စီအဖွဲ့ဝင် နိုင်ငံများလည်း တက်ရောက်ခဲ့ကြကြောင်း သိရှိရသည်။

အစည်းအဝေးအပြီး မကျင်းပမီ ပြုလုပ်သော သတင်းစာရှင်းလင်းပွဲတွင် ဗြိတိန်သံအမတ်ကြီးက Barbara Woodward က စစ်အာဏာသိမ်းပြီးချိန်မှစတင်၍ လွန်ခဲ့သော ၃ လအတွင်း မြန်မာစစ်တပ်အနေဖြင့် လေကြောင်းတိုက်ခိုက်မှု အများဆုံးလုပ်ဆောင်ခဲ့ကြောင်း၊ မြန်မာစစ်တပ်အနေဖြင့် ပြည်သူများကို တိုက်ခိုက်ရာတွင် ပေါက်ကွဲမှု ပြင်းထန်သော စစ်ဘက်ဆိုင်ရာ လက်နက်များကို အသုံးပြုလာပြီး မြေမြှပ်မိုင်းနှင့် လက်နက်ကြီးများကိုလည်း အသုံးပြုလာကြောင်း၊ ထိုသို့ အရပ်သားများအပေါ် တိုက်ခိုက်မှုများအပေါ် ဗြိတိန်က ရှုတ်ချကြောင်း ၎င်းက ဆိုသည်။

လတ်တလော မြန်မာလူဦးရေ၏ ၃ ပုံ ၁ ပုံမှာ ငတ်မွတ်မှုများ ရင်ဆိုင်နေရပြီး လူသားချင်းစာနာထောက်ထားမှု အကူအညီများ အတားအဆီး မရှိ ဖြန့်ဝေနိုင်ရေး၊ အာဆီယံဘုံသဘောတူညီချက် ၅ ရပ်ကို အကောင်အထည်ဖော်ရေး ဗြိတိန်သံအမတ်ကြီးက တောင်းဆိုသည်။

ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်း က အကြမ်းဖက်စစ်အုပ်စုသည် နိုင်ငံတကာရာဇဝတ်မှုများကို ဆက်လက် ကျူးလွန်လျက်ရှိကြောင်း၊ စစ်အုပ်စုအနေဖြင့် နိုင်ငံအချို့၏ တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်၍ဖြစ်စေ အားပေး ကူညီမှုများ ကြောင့် ဤကဲ့သို့သော ရက်စက်ယုတ်မာသည့် ရာဇဝတ်မှုများကို ပြောင်ပြောင် တင်းတင်း ကျူးလွန်နိုင်နေခြင်ဖြစ်ကြောင်း၊ စစ်အုပ်စုထံသို့ လက်နက်ခဲယမ်းများ၊ စစ်ရေးကိစ္စရပ်များတွင်ပါ နှစ်မျိုး အသုံးပြုနိုင် သည့် ပစ္စည်းများ၊ တိုက်လေယာဉ်ဆီများနှင့် ငွေကြေးထောက်ပံ့မှုများ စီးဆင်းနေခြင်းကို ချက်ချင်း ရပ် တန့်ရန် ကုလသမဂ္ဂ အဖွဲ့ဝင်နိုင်ငံများနှင့် နိုင်ငံတကာအသိုက်အဝန်းအား တိုက်တွန်းကြောင်း သံအမတ်ကြီးက ဆိုသည်။

မြန်မာပြည်သူများအနေဖြင့်လည်း စစ်အုပ်စု၏ အတုအယောင် ရွေးကောက်ပွဲကို ပြင်းပြင်း ထန်ထန် ပယ်ချထားကြောင်း၊ နိုင်ငံတကာအသိုက်အဝန်း အနေဖြင့်လည်း စစ်အုပ်စု၏ ဤ အတု အယောင် ရွေးကောက်ပွဲကို ခိုင်မာစွာ ကန့်ကွက်ရန် သံအမတ်ကြီးက တိုက်တွန်းသည်။

စစ်အုပ်စုထံသို့ လက်နက်ခဲယမ်းများ၊ စစ်ရေးကိစ္စရပ်များတွင်ပါ နှစ်မျိုး အသုံးပြုနိုင် သည့် ပစ္စည်းများ၊ တိုက်လေယာဉ်ဆီများနှင့် ငွေကြေးထောက်ပံ့မှုများ စီးဆင်းနေခြင်းကို ချက်ချင်း ရပ်တန့်ရန် ကုလသမဂ္ဂ အဖွဲ့ဝင်နိုင်ငံများနှင့် နိုင်ငံတကာအသိုက်အဝန်းကို တိုက်တွန်းကြောင်း၊ စစ်အုပ်စု၏ အတုအယောင်ရွေးကောက်ပွဲစီစဉ်နေမှုနှင့် ပတ်သက်၍လည်း ထပ်လောင်းပြော ကြားလိုပါ ကြောင်း၊ အကြမ်းဖက် စစ်အုပ်စုတွင် ရွေးကောက်ပွဲကျင်းပရန် ဥပဒေကြောင်းအရ တရားဝင်မှုသာမက၊ ကျင့်ဝတ်ပိုင်းဆိုင်ရာ အခွင့်အာဏာပါ မရှိကြောင်း၊ ၎င်းတို့ကျင်းပမည့် မည်သည့်ရွေးကောက်ပွဲမဆို လွတ်လပ်၍ တရားမျှတပြီး အားလုံးပါဝင်နိုင်မည် မဟုတ်ကြောင်း သံအမတ်ကြီးက ဆက်ပြောသည်။

မြန်မာပြည်သူများက ၎င်းတို့၏ ဆန္ဒကို ၂၀၂၀ ခုနှစ်က ကျင်းပပြုလုပ်ခဲ့သည့် လွတ်လပ်၍ တရားမျှတသော အထွေထွေရွေးကောက်ပွဲတွင် ထုတ်ဖော်ပြသခဲ့ပြီး ဖြစ်ပါကြောင်း၊ သို့သော် စစ်တပ်သည် ၂၀၂၁ ခုနှစ်တွင် တရားမဝင်အာဏာသိမ်းမှုဖြင့် မြန်မပြည်သူတို့၏ ဆန္ဒကို လျစ်လျူ ရှုခဲ့ပါကြောင်း၊ မြန်မာပြည်သူများသည် စစ်အုပ်စု၏ အတုအယောင် ရွေးကောက်ပွဲကို ပြင်းပြင်း ထန်ထန် ပယ်ချပါကြောင်း၊ နိုင်ငံတကာအသိုက်အဝန်း အနေဖြင့်လည်း စစ်အုပ်စု၏ ဤ အတုအယောင် ရွေးကောက်ပွဲအား ခိုင်မာစွာ ကန့်ကွက်ရန် သံအမတ်ကြီးက တိုက်တွန်းသည်။

ယနေ့ကျင်းပမည့် မြန်မာနိုင်ငံဆိုင်ရာ သီးသန့်အစည်းအဝေးမှတစ်ဆင့် မိမိတို့ မြန်မာပြည်သူများ အတွက် မျှော်လင့်ချက်အချို့ ဖန်တီးပေးရန် ကုလသမဂ္ဂလုံခြုံရေးကောင်စီ အဖွဲ့ဝင်နိုင်ငံများအား လူသားဆန်မှု ရှု့ထောင့်မှ တိုက်တွန်းပါကြောင်း၊ သံအမတ်ကြီးကဆိုသည်။

ကုလသမဂ္ဂလုံခြုံရေးကောင်စီအဖွဲ့ဝင်နိုင်ငံများအနေဖြင့် တစ်ညီတစ်ညွတ်တည်း တစ်သံတည်းဖြင့် တုန့်ပြန်ဆောင်ရွက်မည်ဆိုပါက စစ်အုပ်စု၏ ရာဇဝတ်မှုများကို မလွဲ မသွေ ရပ်တန့်နိုင်မည်ဖြစ်ပါကြောင်း၊ လက်ရှိအချိန်ထိ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ အခြေအနေကို ကြားသိရခြင်း မရှိပါကြောင်း၊ သူမ၏ ကျန်းမာရေးနှင့် လုံခြုံရေးအခြေအနေနှင့် စပ်လျဉ်း၍ စိုးရိမ်ပူပန်လျက်ရှိပါကြောင်း၊ နိုင်ငံရေးအရ ဆွေးနွေးမှုများ နှင့်စပ်လျဉ်း၍ NLD ရပ်တည်ချက် သည် ရှင်းလင်းပါကြောင်း၊ မိမိတို့အနေဖြင့် ဆွေးနွေးညှိနှိုင်းရန် မည်သည့်အချိန်ကမျှ ငြင်းဆန်ခဲ့ခြင်း မရှိပါ ကြောင်း၊ သို့ရာတွင် မိမိတို့အနေဖြင့် ၂၀၁၀ နှင့် ၂၀၁၅ ခုနှစ်က တွေ့ကြုံခဲ့ရသကဲ့သို့ အခြေအနေမျိုး ထပ် မကျော့ ရန် အထူးဂရုပြုရမည်ဖြစ်ကြောင်း၊ ထို့ကြောင့် စစ်တပ်အနေဖြင့် နိုင်ငံရေးမှ လုံးဝ ထွက်ခွာရန် လိုအပ် ပါကြောင်း သံအမတ်ကြီး ဦးကျော်မိုးထွန်းက ထုတ်ဖော်ပြောဆိုသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article