33 C
Yangon

ကလေးမြို့နယ်၊ လက်ပံချောင်း ရွာတွင် စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ကလေး ၁ ဦးအပါအဝင် ပြည်သူ ၄ ဦး ကျည်ထိမှန် သေဆုံး

Must read

ရန်ကုန်၊နိုဝင်ဘာ ၂၅

စစ်ကိုင်းတိုင်း ကလေးမြို့နယ် အနောက်မြောက်ဘက်ရှိ လက်ပံချောင်း ရွာအတွင်းသို့ အကြမ်းဖက်စစ်တပ် ပစ်ခတ်သည့် လက် နက်ကြီးကျကာ အသက်မပြည့်သေးသည့် ကလေး ၁ ဦးအပါအဝင် ပြည်သူ ၄ ဦး သေဆုံးခဲ့ကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။

နိုဝင်ဘာလ ၂၆ ရက်နေ့ နံနက် ၁၀ နာရီ ကျော်အချိန် ကလေးမြို့၊ အကြမ်းဖက်စစ်တပ်၏ အမြောက်တပ်က လက်နက်ကြီး ၄ လုံး ပစ်ခတ်ခဲ့ကြောင်း၊ စစ်တပ်က ပစ်ခတ်သော လက်နက်ကြီး ကျရောက်ပေါက်ကွဲမှုကြောင့် အသက် ၂၅ နှစ်အရွယ် မလားဗျက်ပွီး၊ အသက် ၆၅ နှစ်အရွယ် ဦးလာလ်းမှိန်းထန်းအာ ၊ အသက် ၁၄ နှစ်အရွယ် မောင်လာလ်းရတ်အဲလ်နှင့် အသက် ၅၄ နှစ်အရွယ် ဒေါ်လှောင်နိတ်ပါရ် တို့ သေဆုံးခဲ့ကြောင်း သိရှိရသည်။

“တိုက်ပွဲ မရှိပါဘူး။ အကြောင်းမဲ့ သပ်သပ် ပစ်တာပါ။ စစ်တပ်က လက်နက်ကြီးတွေ ပစ်နေတော့ တချို့ပြည်သူတွေ ရှောင်ပြေးကြရတယ်။ ကလေးမြို့အမြောက်တပ်က ပစ်တာ” ဟု ဒေသပြည်သူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။

အကြမ်းဖက်စစ်တပ်က ပစ်ခတ်သည့် လက်နက်ကြီးကျည် မလားဗျက်ပွီး၏ နေအိမ်အတွင်း ကျရောက်ပေါက်ကွဲ၍ မလားဗျက်ပွီး၏ ဦးခေါင်းတွင် လက်နက်ကြီးအစ ထိမှန်၍ နေအိမ်တွင်ပင် ပွဲချင်းပြီးသေဆုံးကြောင်း၊ ဦးလာလ်းမှိန်းထန်းအာ သည် ကနန်ရွာမှ ဖြစ်ပြီး လက်နက်ကြီးကျသံကြောင့် လန့်၍ သေဆုံးသွားခြင်းဖြစ်ကြောင်း သိရှိရသည်။

ထို့ပြင် မောင်လာလ်းရတ်အဲလ်မှာမူ ၎င်း၏နေအိမ်တံခါးဝအနီးကျရောက်ပေါက်ကွဲ၍ ဝမ်းဗိုက်ထိမှန်ပြီး အူများ ထွက်ကာ မြို့ထဲဆေးရုံသို့ခေါ်ဆောင်လာစဉ် လမ်းတစ်ဝက်တွင်ပင် သေဆုံးခဲ့ကြောင်း၊ ဒေါ်လှောင်နိတ်ပါရ် သည်လည်း ဆိုင်စောင့်နေချိန် ဆိုင်အနားသို့ လက်နက်ကြီးကျကာ ဒဏ်ရာရရှိကြောင်း၊ ယင်းနောက် ကလေးမြို့ပြည်သူဆေးရုံသို့ တက်ရောက် ကုသနေချိန်တွင် သေဆုံးသွားခဲ့ကြောင်း သိရှိရသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article