34 C
Yangon

ရေစကြိုမြို့နယ်၊ သဲတောကျေးရွာသို့ စစ်ကြောင်းထိုးလာသော စစ်တပ်ကို တိုက်ခိုက်မှု စစ်ကောင်စီဘက်မှ ထိခိုက်သေဆုံးမှုရှိနိုင်

Must read

ရန်ကုန်၊ နိုဝင်ဘာ ၂၇

မကွေးတိုင်း၊ ရေစကြိုမြို့နယ်၊ သဲတောကျေးရွာသို့ လေကြောင်းဖြင့် ဗုံးကျဲပြီး စစ်ကြောင်း ၃ ခုဖြင့် ဝင်ရောက်လာသော အကြမ်းဖက်စစ်တပ်ကို တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီဘက်မှ ထိခိုက်သေဆုံးမှုရှိနိုင်ကြောင်း Southern YSO PDF တပ်ဖွဲ့တာဝန်ခံ ကိုအောင်မောင်းက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

နိုဝင်ဘာလ ၂၁ ရက်နေ့ နံနက် ၅ နာရီခန့်အချိန် ရေစကြိုမြို့နယ်၊ သဲတောကျေး ရွာသို့ အကြမ်းဖက်စစ်ကောင်စီတပ်က လေကြောင်းဖြင့် ပေါင် ၃၀၀ ဗုံး ၄ လုံးကျဲချခဲ့ကြောင်း၊ ယင်းအပြင် ပခုက္ကူ တပ်မ ၁၀၁ မှ စစ်ကြောင်း ၂ ကြောင်း၊ ရေစကြိုမြို့အခြေစိုက် ခလရ ၂၅၇ ၊ ၂၅၈ တို့ပူးပေါင်းပြီး စစ် ကြောင်း ၁ ကြောင်းတည်းဖြင့် ဝင်ရောက်လာနေကြောင်း က်ခိုက်ခဲ့ကြောင်း သိရသည်။

“ထိတွေ့တိုက်ပွဲက ၂ ရက် ၂ ကြိမ်ဖြစ်ခဲ့တာ၊ ပခုက္ကူဘက်က စစ်ကြောင်း ၂ ကြောင်းတက်တယ်၊ ရေစကြိုဘက်က စစ်ကြောင်း ၁ ခုတက်လာတယ်။ စုစုပေါင်း စစ်တပ်စစ်ကြောင်း ၃ ကြောင်းနဲ့ဝင်စီးတာ၊ လေကြောင်းကနေ ၂ ကြိမ်ကျဲတာ၊ တစ်ကြိမ်ကို ပေါင် ၃၀၀ ဗုံး ၂ လုံးနှုန်းနဲ့ ၂ ကြိမ်ကျဲချပြီးတော့ စစ်ကြောင်း ၃ ကြောင်းက သဲတောရွာကို ဝိုင်းတာ၊ အဲလိုဝိုင်းတဲ့အချိန်မှာ ထိတွေ့တိုက်ပွဲမဖြစ်ခဲ့ဘူး။ အဓိကတော့ ကျေးရွာတွေကို PDF နေလို့အခြေချလို့ ဆိုတဲ့အနေအထားမျိုးနဲ့ဝင်စီးတာ၊ ကျနော်တို့တွေက ကျေး ရွာ တွေကို မှီခိုတာမဟုတ်ဘူး။ ကိုယ့်သာဘာသာကို တခြားနေရာတွေမှာပဲ အခြေချနေကြတာပါ။” ဟု Southern YSO PDF တပ်ဖွဲ့တာဝန်ခံ ကိုအောင်မောင်းက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

အကြမ်းဖက်စစ်ကောင်စီတပ်က လေကြောင်းဖြင့် ဗုံးကျဲတိုက်ခိုက်မှုကြောင့် သဲတောကျေးရွာရှိ ပြည်သူ့ နေအိမ် အလုံး ၄၀ ကျော် ပျက်စီးခဲ့ပြီး စစ်တပ်စစ်ကြောင်းဝင်ရောက်မှုစီးနင်းမှုကြောင့် ထွက် ပြေးတိမ်းရှောင်ကြသည့် ပြည်သူများကိုလည်း စစ်ကောင်စီတပ်က လိုက်ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ပြည်သူ ၂ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း၊ ထို့ပြင် အပြစ်မဲံ အမျိုးသားပြည်သူ ၁ ဦးကိုလည်းစစ်တပ်က ဖမ်း ဆီးသတ်ဖြတ်ပြီး ပြည်သူ့နေအိမ်များအတွင်းမှ တန်ဖိုးရှိပစ္စည်းများကို ခိုးယူခြင်း၊ နေအိမ်များကို ဖျက်ဆီးခြင်းတို့လည်း လုပ်ဆောင်သွားကြောင်း သိရသည်။

ထိုသို့ကျေးရွာအတွင်းဝင်ရောက်စီးနင်းပြီးနောက် နိုဝင်ဘာလ ၂၀ ရက်နေ့ နံနက် ၇ နာရီ ၃၀ မိနစ်အချိန်တွင် ပြည်သူ့ကာ ကွယ်ရေးတပ်ဖွဲ့စခန်းတစ်ခုကို ဝင်ရောက်စီးနင်းခဲ့ရာ လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် အပြန် အလှန်ပစ်ခတ်တိုက်ပွဲဖြစ်ခဲ့ပြီး အကြမ်းဖက်စစ်သားများ ထိခိုက်သေဆုံးမှုရှိခဲ့ကြောင်း သိရသည်။

အလားတူ နိုဝင်ဘာလ ၂၂ ရက်နေ့ ညနေ ၅ နာရီ မိနစ် ၃၀ အချိန်တွင်လည်း ရေစကြိုမြို့နယ်၊ ဇီး တောကျေးရွာ၊ ကျောက်ထပ်ကျေးရွာဘက်သို့ စစ်တပ်က ဆက်စစ်ကြောင်းထိုးလာသဖြင့် Southern YSO PDF ၏ “နတ်မိချောင်း စစ်ဆင်ရေး”စစ်ကြောင်း၊ BNRA စစ်ကြောင်း၊ ပူးပေါင်းမဟာမိတ်တပ်ဖွဲ့ များက လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သားများ ထိ ခိုက် သေဆုံးမှုရှိပြီး ထမ်းစင်များဖြင့် သယ်ဆောင်သွားကြောင်း သိရသည်။

“အပြန်အလှန် ၆၀ မမတွေနဲ့ပစ်တယ်၊ အနီးကပ်ဝင်လုံးတယ်။ ထိတွေ့တိုက်ပွဲကတော့ ၂ ကြိမ်ဖြစ် တာပေါ့၊ထိတွေ့မှုကတော့ ပြင်းထန်တယ်၊ ပထမထိတွေ့ မှုက PDF စခန်းတစ်ခုကို မီးရှို့နေတဲ့အချိန် မှာ အဲဒီစခန်းထဲကို ၆၀ မမ ကွက်တိပစ်ခတ်နိုင်သလို အနီးကပ်လည်း တိုက်ပွဲဖြစ်ခဲ့တယ်၊ ဒုတိယ နေ့မှာလည်း ဇီးတော၊ ကျောက်ထပ်ဘက်ကို စစ်ကြောင်း တက်လာတာနဲ့ အသင့်စောင့်ကြိုပြီး ပစ် ခတ်ခဲ့တာ၊ ဒဏ်ရာရ သေဆုံးခြင်းကတော့ အတိအကျမသိရဘူး။ ထိတွေ့မှုဖြစ်ပြီးတဲ့နောက်မှာ ထမ်း စင်တွေနဲ့ခေါ်ထုတ်ပြီး နောက်တန်းကို ပို့တယ်လို့ သတင်းရတယ်၊ ကျနော်တို့ရဲဘော်တွေအကုန်လုံး ဘေးကင်းပါတယ်” ဟု Southern YSO PDF တပ်ဖွဲ့တာဝန်ခံ ကိုအောင်မောင်းက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

မကွေးတိုင်းအတွင်းတွင် စစ်ကောင်စီတပ်က စစ်ကြောင်းများစွာဖြင့် နယ်မြေရှင်းလင်းရေး အမည်တပ်ကာ ကျေးရွာများသို့ လှည့်လည်မီးရှို့ဖျက်ဆီးမှုများ လုပ်ဆောင်နေကြောင်း သိရှိရသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article