27 C
Yangon

ပခုက္ကူနှင့် ဆားလင်းကြီးရှိ စစ်တပ် တပ်စွဲထားသော နေရာများကို ဝင်ရောက် တိုက်ခိုက်မှု စစ်ကောင်စီ တပ်သားများ ထိခိုက်မှုရှိ

Must read

ပခုက္ကူနှင့် ဆားလင်းကြီးရှိ စစ်တပ် တပ်စွဲထားသော နေရာများကို ဝင်ရောက် တိုက်ခိုက်မှု စစ်ကောင်စီ တပ်သားများ ထိခိုက်မှုရှိ

ရန်ကုန်၊ နိုဝင်ဘာ ၂၇

မကွေးတိုင်း၊ ပခုက္ကူမြို့နယ်ရှိ အကြမ်းက် စစ်ကောင်စီ တပ်သားများ တပ်စွဲထားသော ဂိတ်စခန်းကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ကြောင်း Black Eagle Drone Force အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

နိုဝင်ဘာလ ၂၆ ရက်နေ့တွင် ပခုက္ကူမြို့နယ်၊ ရေလာလေး ပျူစောထီး စခန်းဂိတ်၌ အထိုင်ချ တပ်စွဲထားသော အကြမ်းဖက် စစ်သားနှင့် ပျူစောထီးများကို တော်လှန်ရေး တပ်ဖွဲ့များက ဒရုန်းဖြင့် ဗုံးသီး အလုံး ၂၀ ကျဲချ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ယင်း တိုက်ခိုက်မှု အတွင်း အကြမ်းဖက် စစ်ကောင်စီ တပ်သားများ ထိခိုက်မှုရှိသော်လည်း အရေအတွက်ကို ဆက်လက် စုံစမ်းနေဆဲဖြစ်ကြောင်း၊ တော်လှန်ရေး တပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရှိရသည်။

“စစ်ခွေး သေစာရင်းတော့ ကျွန်တော်တို့ ဆက်လက် စုံစမ်းနေပါတယ်” ဟု Black Eagle Drone Force အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။

အဆိုပါ တိုက်ခိုက်မှုကို Black Eagle Drone Force ၊ ABSDF Column – 3 နှင့် KMRF အဖွဲ့တို့က ပူးပေါင်း လုပ်ဆောင်ခဲ့ကြောင်း သိရသည်။

ထို့ပြင် စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့ပေါ်ရှိ အကြမ်းဖက် စစ်တပ် တပ်စွဲထားသော ဆေးရုံနှင့် စျေးတို့ကို ဝင်ရောက် တိုက်ခိုက်ခဲ့ကြောင်း တစ်ကိုယ်တော် အောင်ကြီး ပြောက်ကျား အဖွဲ့က ပြောဆိုသည်။

နိုဝင်ဘာ ၂၅ ရက်နေ့တွင် ဆားလင်းကြီးမြို့ပေါ် ဆေးရုံတွင် တပ်စွဲထားသော စစ်ကောင်စီ တပ်သားများနှင့် ဈေးအနောက်ဘက်တွင် တပ်စွဲထားသော စစ်ကောင်စီ တပ်သားများကို တော်လှန်ရေး တပ်ဖွဲ့များက လက်နက်ငယ်များ၊ ၄၀ မမ ဗုံးသီးများဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

အဆိုပါ တိုက်ခိုက်မှုကို တစ်ကိုယ်တော် အောင်ကြီး ပြောက်ကျားအဖွဲ့နှင့် ဒေါင်းတမန် GZ ပြောက်ကျားတပ်ဖွဲက ပူပေါင်းခဲ့ပြီး အကြမ်းဖက် စစ်ကောင်စီ တပ်သားများ ထိခိုက်သေဆုံးမှု အခြေအနေကို ဆက်လက် စုံစမ်းလျက်ရှိကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article