32 C
Yangon

မူဆယ်၊ ဆင်ဖြူနယ်နယ်စပ်ဂိတ်မှ နေ့စဉ် ကားစီးရေ ၂၀၀ နှင့် ဆိုင်ကယ် ၅၀ သာ ဖြတ်သန်းခွင့်ပြုမည်ဖြစ်ပြီး မဲနှိုက်၍ အလှည့်ကျ နံပါတ်ဖြင့်သာ တရုတ်သို့ ဝင်ထွက်ခွင့်ပြုမည်

Must read

ရန်ကုန်၊ နိုဝင်ဘာ ၂၉

ရှမ်းပြည်နယ်မြောက်ပိုင်း၊ မူဆယ်၊ ဆင်ဖြူနယ်နယ်စပ်ဂိတ်မှ နေ့စဉ် ကားစီးရေ ၂၀၀ နှင့် ဆိုင်ကယ် ၅၀ သာ တရုတ်နိုင်ငံဘက်သို့ ဝင်ရောက်ဖြတ်သန်းခွင့်ပြုမည်ဖြစ်ပြီး ဖြတ်သန်းခွင့်အတွက် မဲနှိုက်၍ အလှည့်ကျ နံပါတ်ဖြင့်သာ တရုတ်ဘက်သို့ ဝင်ထွက်ခွင့်ပြုမည်ဖြစ်ကြောင်း စစ်ကောင်စီက တရားဝင် ထုတ်ပြန်ကြေညာထားသည်။

နိုဝင်ဘာလ ၃၀ ရက်နေ့မှစတင်၍ မူဆယ်မြို့၊ ဆင်ဖြူဂိတ်မှ တရုတ်နိုင်ငံသို့ ဆိုင်ကယ် ၅၀ စီးနှင့် ကားစီးရေ ၂၀၀ သာ ဖြတ်သန်းခွင့်ပြုမည်ဖြစ် ကြောင်း၊ တရုတ်ဘက်သို့ ဝင်ရောက်လိုသော ကားများအနေဖြင့် စစ်ကောင်စီထံတွင် စာရင်းပေးရမည်ဖြစ်ပြီး မဲနှိုက်၍ အလှည့်ကျစနစ်ဖြင့်သာ တရုတ်နိုင်ငံထဲသို့ ဝင်ခွင့်ပြုမည်ဖြစ်ကြောင်း သိရှိရသည်။

“တန်းစီစနစ်နဲ့ မဲပေါက်မှ တရုတ်ဘက်ကို ဝင်ခွင့်ပေးမယ်။ တစ်နေ့ကို ဆိုင်ကယ် ၅၀ နဲ့ကား ၂၀၀ စုစုပေါင်း ၂၅၀ စီးပဲ အဝင်အထွက်လုပ်ခွင့်ပေးမယ်။ ကုန်တွေကလည်း စားသောက်ကုန်ပဲ သယ်ရမယ်။ လျှ့ပ်စစ်ပစ္စည်း၊ ဆေးဝါး ဘာမှ သယ်လို့မရဘူး။ မူဆယ်ဒေသ စားသောက်ဖို့ပဲ သယ်ခွင့်ပေးမှာ။ အခြားပစ္စည်းတွေသယ်ရင် ထောင်ချမယ်လို့ ပြောနေတယ်” ဟု နယ်စပ်ကုန်သည်တစ်ဦးက ဆိုသည်။

လတ်တလော မူဆယ်တွင် စက်သုံးဆီ၊ ဆေးဝါးနှင့် လူသုံးကုန်ပစ္စည်းများအားလုံး ပြတ်တောက်နေပြီး စစ်ကောင်စီက တရုတ်နှင့်ပူးပေါင်း၍ သွင်းကုန်ပစ္စည်း တင်သွင်းခွင့်များကို ပိတ်ပင်ထားကြောင်း သိရှိရသည်။

တရုတ်ဘက်မှ ပစ္စည်းများ သယ်ဆောင်ရာတွင်လည်း မူဆယ်မြို့နယ်အတွင်း စားသုံးရန်ဖြစ်သော မီးဖိုချောင်သုံးအသီးအနှံများ၊ အသားနှင့်ငါ့းများကိုသာ ခွင့်ပြုကြောင်း၊ အေးခဲသားများ အပါအဝင် အခြားလူသုံးကုန်ပစ္စည်းများကို တင်ဆောင်ခွင့်မပြုကြောင်း၊ အိမ်စီးကားများ၊ စက်ဘီးနှင့်လက်တွန်းလှည်းဖြင့် ကုန်ပစ္စည်းတင်ဆောင်မှု လုံး၀ (လုံး၀) ခွင့်မပြုကြောင်း၊ ဆိုင်ကယ်များဖြင့် ကုန်ပစ္စည်းများ တင်ဆောင်ရာတွင်လည်း စားသုံးရန်ဖြစ်သော မီးဖိုချောင်အသီးအနှံများ၊ အသားနှင့်ငါးများကို ခွင့်ပြုမည်ဖြစ်ကြောင်း စစ်ကောင်စီက စည်းကမ်းချက်များ ထုတ်ပြန်ထားသည်။

ရှမ်းပြည်နယ်မြောက်ပိုင်းတွင် ၂၀၂၃ ခုနှစ် အောက်တိုဘာလ ၇ ရက်နေ့ တွင် စတင်ခဲ့သော ၁၀၂၇ စစ်ဆင်ရေးကြောင့် စစ်ကောင်စီတပ်များက ယခင်ထိန်းချုပ်ထားသော နယ်စပ်မြို့များ အပါအဝင် နယ်စပ်ဒေသတစ်ခုလုံးကို မြောက်ပိုင်းမဟာမိတ်တပ်များက သိမ်းပိုက်ရရှိခဲ့ခြင်းဖြစ်သည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article