26 C
Yangon

ရခိုင်ပြည်၊ ဂွမြို့အနီးတွင် စစ်တပ်စစ်ကြောင်းကို တိုက်ခိုက်မှု စစ်တပ်ဘက်မှ ၅၀ ကျော်သေဆုံးပြီး ၄ ဦးအရှင်ဖမ်းဆီးရရှိဟုဆို

Must read

ရန်ကုန်၊ နိုဝင်ဘာ ၂၉

ရခိုင်ပြည်၊ ဂွမြို့အနီးတွင် စစ်တပ်စစ်ကြောင်းနှင့် AA တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်တပ်ဘက်မှ ၅၀ ကျော်သေဆုံးပြီး ၄ ဦးအရှင်ဖမ်းဆီးရရှိခဲ့ကြောင်း AA ရှေ့တန်းစစ်ရေးသတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

နိုဝင်ဘာလ ၂၆ ရက်နေ့ AA က ဂွမြို့ပတ်ဝန်းကျင်သို့ ရောက်ရှိနေစဉ် စစ်ကူလာသော စစ်တပ်စစ်ကြောင်းတစ်ခုကို ကြားဖြတ်တိုက်ခိုက်ခဲ့ကြောင်း၊ ယင်းသို့ တိုက်ခိုက်စဉ် စစ်တပ်ဘက်မှ ၅၈ ဦးသေဆုံးပြီး ဗိုလ်ကြီးအဆင့်အရာရှိ ၁ ဦး အပါအဝင် ၄ ဦးကို အရှင်ဖမ်းဆီးရရှိကြောင်း၊ သေဆုံးသူများမှာ စစ်မှုထမ်းသင်တန်းဆင်း တပ်သားသစ်အများအပြား ပါဝင်ကြောင်း သိရှိရသည်။

“ဧရာ၀တီတိုင်းဖက်က လာတဲ့စစ်ကူစစ်ကြောင်းလို့ သိရတယ်။ အခုအချိန်အထိ တိုက်ပွဲတွေက ပြင်းထန်နေတုန်းပဲ။ စစ်တပ်နဲ့ ထိပ်တိုက် တိုက်ပွဲတွေဖြစ်နေတာပါ” ဟု AA စစ်ရေး သတင်းရင်းမြစ်က ပြောဆိုသည်။

အဆိုပါတိုက်ပွဲသတင်းနှင့်ပတ်သက်၍ ရန်ကုန်ခေတ်သစ်သတင်းဌာနက AA စစ်ရုံးနှင့် နီးစပ်သော သတင်းရင်းမြစ်ကို ဆက်သွယ်မေးမြန်းရာ အဆက်အသွယ် မရရှိသဖြင့် တိုက်ပွဲအသေးစိတ် အခြေအနေများကို AA ၏ တရားဝင်အတည်ပြုချက် ရယူနိုင်ရန် ဆက်လက် ကြိုးစားနေဆဲဖြစ်သည်။

ဂွမြို့သို့ စစ်ကူလာသော စစ်တပ်စစ်ကြောင်းတွင် စစ်မှုထမ်း တပ်သားသစ်များပါဝင်နေရာတွင် အသက်မပြည့်သေးသော အသက် ၁၅ နှစ်နှင့် အသက် ၁၆ နှစ်အရွယ် လူငယ်လေးများလည်း ပါဝင်လာကြောင်း သိရှိရသည်။

ထို့ပြင် နိုဝင်ဘာလ ၂၅ ရက်နေ့တွင် စစ်ကောင်စီတပ်က ဂွမြို့နယ်မြောက်ပိုင်း သံတွဲ-ဂွ-ရန်ကုန်ကားလမ်းပေါ်ရှိ ပေ ၃၅၀ အရှည်ရှိ ကင်းပုံတံတား မိုင်းခွဲဖျက်ဆီးပြီး AA တပ်များ မဝင်လာစေရန် လုပ်ဆောင်ခဲ့ကြောင်း၊ စစ်ကောင်စီက ဂွမြို့ကို မကျစေရေးအတွက် လေကြောင်းတိုက်ခိုက်မှုများကို ဆက်တိုက် လုပ်ဆောင် ရှိကြောင်း သိရှိရသည်။

( စစ်ကောင်စီတပ်သားများစွာ အစုလိုက်အပြုံလိုက် တိုက်ပွဲတွင် သေဆုံးနေသော ဗီဒီယိုဖိုင် ရန်ကုန်ခေတ်သစ်၏ တယ်လီဂရမ်တွင် သွားရောက် ကြည့်ရှုနိုင်ပါသည်။)

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article