28 C
Yangon

ထိုင်းငါးဖမ်းလှေများကို ပစ်ခတ်ပြီး ထိုင်းသင်္ဘောသားများကို မြန်မာစစ်တပ်က ဖမ်းဆီးမှု ထိုင်းဝန်ကြီးချုပ် ကန့်ကွက်၊ စစ်ကောင်စီ သံအမတ်ကို ယနေ့ ဆင့်ခေါ်၍ ပစ်ခတ်မှုအပေါ် ရှင်းလင်းချက်ပေးရန်နှင့် ထိုင်းနိုင်ငံသားများ ပြန်လွှတ်ခိုင်းမည်

Must read

ထိုင်းငါးဖမ်းလှေများကို ပစ်ခတ်ပြီး ထိုင်းသင်္ဘောသားများကို မြန်မာစစ်တပ်က ဖမ်းဆီးမှု ထိုင်းဝန်ကြီးချုပ် ကန့်ကွက်၊ စစ်ကောင်စီ သံအမတ်ကို ယနေ့ ဆင့်ခေါ်၍ ပစ်ခတ်မှုအပေါ် ရှင်းလင်းချက်ပေးရန်နှင့် ထိုင်းနိုင်ငံသားများ ပြန်လွှတ်ခိုင်းမည်

ရန်ကုန်၊ ဒီဇင်ဘာ ၂

အကြမ်းဖက်စစ်ကောင်စီက ထိုင်းငါးဖမ်းလှေများကို ပစ်ခတ်ပြီး ထိုင်းနိုင်ငံသား ငါးဖမ်းသမားများကို မြန်မာစစ်တပ်က ဖမ်းဆီးမှုအပေါ် ကန့်ကွက်ကြောင်း ထိုင်းဝန်ကြီးချုပ် Paetongtarn Shinawatra က သတင်းမီဒီယာများသို့ ဒီဇင်ဘာလ ၁ ရက်နေ့တွင် ပြောဆိုသည်။

နိုဝင်ဘာလ ၃၀ ရက်နေ့ ထိုင်းငါးဖမ်းသင်္ဘောများကို မြန်မာရေတပ်က ပစ်ခတ်ခဲ့သည့် ဖြစ်ရပ်ကို ထိုင်းနိုင်ငံက ကန့်ကွက်ကြောင်း ၊ အဆိုပါဖြစ်စဉ်တွင် ထိုင်းငါး ဖမ်းသမား ၁ ဦး ရေနစ်သေဆုံးခဲ့ပြီး ၂ ဦးဒဏ်ရာရရှိကာ မြန်မာနိုင်ငံသားများ အပါအဝင် ငါးဖမ်းသမား ၃၁ ဦးကို မြန်မာစစ်တပ်က ဖမ်းဆီးခဲ့ကြောင်း ၊ မြန်မာရေပိုင်နက်အတွင်း ကျူးကျော်သည်ဟုဆိုကာ ထိုင်းငါးဖမ်းလှေများကို မြန်မာရေတပ်က ပစ်ခတ်ခဲ့မှုအပေါ် ထိုင်းဝန်ကြီးချုပ်က မေးခွန်းထုတ်ခဲ့သည်။

“ထိုင်းငါးဖမ်းလှေတွေက မြန်မာရေပိုင်နက်ထဲ ကျူးကျော်ဝင်ရောက်လာသလား” ဟု သတင်းထောက်များက မေးမြန်းရာမှာ ထိုင်းဝန်ကြီးချုပ်က ” မြန်မာရေပိုင်နက် ကျူးကျော်သည်ဟုဆိုသည်မှာ ခိုင်လုံမှုမရှိကြောင်း၊ မည်သည့်အခြေအနေတွင်ဖြစ်စေ အကြမ်းဖက်မှုကို မထောက်ခံပါဘူး” ဟု ဖြေကြားသည်။

ထိုင်း ကာကွယ်ရေး ဝန်ကြီး Phumtham Wechayachai က မြန်မာစစ်တပ်၏ အင်အား အသုံးပြုမှုကို ကန့်ကွက်သည့် စာတစောင် ပေးပို့ခဲ့ပြီး ဖြစ်ပျက်ခဲ့သည် နှင့် ပတ်သက်၍ အသေးစိတ် ရှင်းလင်း ပြောကြား ခဲ့ကာ ဖမ်းဆီးထားသော ထိုင်း လှေနှင့် အမှုထမ်း များကို အမြန် ပြန်လွှတ်ပေးရန် တောင်းဆို ခဲ့သည်။

ထိုင်း နိုင်ငံခြားရေးဝန်ကြီး Maris Sangiampongsa ကလည်း မြန်မာစစ်ကောင်စီထံသို့ စိုးရိမ်ကြောင်း စာတစောင် ပေးပို့လိုက်ပြီး ယနေ့ တနင်္လာနေ့တွင် မြန်မာ စစ်ကောင်စီ သံအမတ်ကို ဆင့်ခေါ်ကာ ဖြစ်ပျက်ခဲ့သည့် ကိစ္စနှင့် ပတ်သက်၍ ရှင်းလင်းချက် ပေးရန်နှင့် ဖမ်းဆီးထားသော ထိုင်း နိုင်ငံသား ၄ ဦးကို အမြန်ဆုံး ပြန်လွှတ်ပေးရန် တောင်းဆိုမည်ဖြစ်ကြောင်း သိရှိရသည်။

ကိုးကား- Reuters ။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article