32 C
Yangon

မင်းအောင်လှိုင်ကို ICC က ဖမ်း၀ရမ်းရန် ထုတ်ရန်ရှိနေမှုအပေါ် မန္တလေးအာဏာရှင်စနစ်ဆန့်ကျင်ရေးအင်အားစုနှင့် မြန်မာနိုင်ငံရှေ့နေများ ကောင်စီက ကြိုဆိုပြီး ဖမ်း၀ရမ်းကို စောလျင်စွာ အတည်ပြု ထုတ်ပေးရန် တောင်းဆို

Must read

မင်းအောင်လှိုင်ကို ICC က ဖမ်း၀ရမ်းရန် ထုတ်ရန်ရှိနေမှုအပေါ် မန္တလေးအာဏာရှင်စနစ်ဆန့်ကျင်ရေးအင်အားစုနှင့် မြန်မာနိုင်ငံရှေ့နေများ ကောင်စီက ကြိုဆိုပြီး ဖမ်း၀ရမ်းကို စောလျင်စွာ အတည်ပြု ထုတ်ပေးရန် တောင်းဆို

ရန်ကုန်၊ ဒီဇင်ဘာ ၂

အကြမ်းဖက် မင်းအောင်လှိုင်ကို နိုင်ငံတကာရာဇဝတ်ခုံရုံး (ICC) က ဖမ်း၀ရမ်းထုတ်ရန်ရှိနေမှုအပေါ် အာဏာရှင်စနစ်ဆန့်ကျင်ရေးပြည်သူ့အင်အားများ ချိတ်ဆက်ညှိနှိုင်းရေးကော်မတီ (မန္တလေး)နှင့် မြန်မာနိုင်ငံရှေ့နေများ ကောင်စီက ကြိုဆိုကြောင်းထုတ်ပြန်ကြသည်။

နိုင်ငံတကာရာဇဝတ်တရားရုံး (ICC)၏ ရှေ့နေချုပ် Karim A.A. Khan KC က အကြမ်းဖက်စစ်အုပ်စု ခေါင်းဆောင်မင်းအောင်လှိုင်ကို နိုင်ငံတကာ ရာဇဝတ်မှုခုံရုံး (ICC) တွင် ရုံးတင်စစ်ဆေးနိုင်ရေးအတွက် ဖမ်းဝရမ်းထုတ်ပေးရန် ၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလ ၂၇ ရက်နေ့ ဦးတိုက်လျှောက်ထားသည်ကို သိရှိရပါသဖြင့် ထောက်ခံကြိုဆိုအပ်ကြောင်း၊ အကြမ်းဖက် မင်းအောင်လှိုင်၏ ရိုဟင်ဂျာများအပေါ် ကျူးလွန်သည့် လူမျိုးသုဉ်းသတ်ဖြတ်မှုသည် သက်သေခိုင်လုံမှုရှိနေသည့်အတွက် နိုင်ငံ တကာရာဇဝတ်တရားရုံး အနေဖြင့် ဖမ်းဝရမ်းအား အတည်ပြုပြီး နိုင်ငံတကာဥပဒေများနှင့်အညီ အပြစ်ပေးအရေးယူသွား နိုင်မည်ဟု ယုံကြည်ကြောင်း အာဏာရှင်စနစ်ဆန့်ကျင်ရေးပြည်သူ့အင်အားများ ချိတ်ဆက်ညှိနှိုင်းရေးကော်မတီ (မန္တလေး)က ထုတ်ပြန်သည်။

ထို့ပြင် အကြမ်းဖက် မင်းအောင်လှိုင် ဦးဆောင်သော အကြမ်း ဖက်စစ်တပ်က ရိုဟင်ဂျာများအပေါ် လူမျိုးသုဉ်းသတ်ဖြတ်မှု ကျူးလွန်ခြင်းသာမက မြန်မာနိုင်ငံအနှံ့အပြားတွင် ပြည်သူလူထုအပေါ် လူ့အခွင့်အရေးချိုးဖောက်မှုများအား စနစ်တကျ ကျယ်ကျယ်ပြန့်ပြန့် ကျူးလွန်လျက်ရှိပါသည်။ ယင်းကျူးလွန်မှုများအားလုံးသည် ရောမစာချုပ်ပါ ပြဌာန်းချက်များအရ လူသားမျိုးနွယ်ပေါ်ကျူးလွန်သည့် ရာဇဝတ်မှု နှင့် စစ်ရာဇဝတ်မှု မြောက်ကြောင်း ထောက်ပြထားသည်။

ထို့ကြောင့် ကမ္ဘာ့နိုင်ငံအသီးသီးမှ တာဝန်ရှိသူများအပါအဝင် နိုင်ငံတကာအဖွဲ့အစည်းများ အနေဖြင့်လည်း နိုင်ငံတကာရာဇဝတ်မှုများအား ပြောင်ပြောင်တင်းတင်း ကျူးလွန်နေသည့် မင်းအောင်လှိုင်အပါအဝင် အကြမ်းဖက်စစ်အုပ်စုနှင့် ပူးပေါင်းဆောင်ရွက်နေမှုအားလုံးအား ရပ်တန့်၍ ၎င်းတို့အား ထိရောက်စွာ အရေးယူနိုင်ရေး နှင့် နစ်နာသူများအတွက် တရားမျှတမှုရှာဖွေပေးနိုင်ရေးအတွက် ဝိုင်းဝန်းအားထုတ် ပေးကြရန်လည်း အလေးအနက် တိုက်တွန်းအပ်ထားသည်။

ထို့အတူ မြန်မာနိုင်ငံရှေ့နေများကောင်စီကလည်း မင်းအောင်လှိုင်ကို ဖမ်း၀ရမ်းထုတ်ပေးရန် ICC တရားရုံးမှ တရားသူကြီးများက ဖမ်း၀ရမ်းထုတ်ပေးရန်နှင့် လိုအပ်သလို ဥပဒေနှင့်အညီ အမြန်ဆုံး အရေးယူဆောင်ရွက်ရန် တောင်းဆိုထားကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article