29 C
Yangon

အမ်းမြို့တိုက်ပွဲမှ ထွက်ပြေးလာသော အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်မှ ဗိုလ် ကြီး ဦးဆောင်သည့် စစ်သုံ့ပန်း ၁၂ ဦးကို ဆေးဝါးကုသပေးပြီး စနစ်တကျ ဖမ်းဆီး ထိန်းသိမ်းထား

Must read

ရန်ကုန်၊ ဒီဇင်ဘာ ၄

ရခိုင်ပြည်၊ အမ်းမြို့တိုက်ပွဲမှ ထွက်ပြေးလာသော အနောက်ပိုင်းတိုင်းစစ်ဌာန ချုပ်မှ ဗိုလ်ကြီး ဦးဆောင်သည့် စစ်သုံ့ပန်း ၁၂ ဦးအနက်မှ ဒဏ်ရာရရှိသူများကို ဆေးဝါးကုသပေးပြီး စနစ်တကျ စစ်သုံ့ပန်းဥပဒေနှင့်အညီ ဖမ်းဆီးထိန်း သိမ်း ထားကြောင်း အရှိုချင်းကာကွယ်ရေးတပ်(ACDF) မှ ပြန်ကြားရေး တာ ဝန် ခံ ဆလိုင်း ခနီလေဗွေက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

နိုဝင်ဘာလ နှောင်းပိုင်း မဟာမိတ်ပူးပေါင်းတပ်ဖွဲ့များဖြစ်ကြသော အရှိုချင်းကာကွယ်ရေးတပ်(ACDF)၊ New Society Army (NSA)၊ ပြည်သူ့လွတ် လပ်ရေးတပ်တော် (PIA) တို့ ပူးပေါင်းတပ်ဖွဲ့က စစ်ကောင်စီတပ်ဖွဲ့ဝင် ဗိုလ်ကြီး ၁ ဦးအပါအဝင် စုစုပေါင်း စစ်သုံ့ပန်း ၁၂ ဦးကို ဖမ်းဆီးရမိခဲ့ကြောင်း၊ ၎င်းစစ်သုံ့ ပန်းများမှာ အာရက္ခတပ်တော်၏ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်တည်ရှိရာ အမ်းမြို့သိမ်းတိုက်ပွဲအတွင်းမှ ထွက်‌ ပြေးလာကြသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များဖြစ်ပြီး ၎င်းတို့နှင့်အတူ Laptop တစ်လုံး, Phone တစ်လုံး, MA-1 တစ်လက်, MA-3 တစ်လက် 5.56 ကျည် ၂၃ တောင့်၊ Type-81 တစ်လက် (ကျည်ဘောက်မပါ)၊ ပစ္စတို တစ်လက် (ကျည် ၂၄ တောင့်)ကို သိမ်းဆည်းရမိခဲ့ကြောင်း သိရှိရသည်။

“ထွက်ပြေးလာတဲ့စစ်ကြောင်းပါ။ စစ်သုံ့ပန်းတွေကို ဒဏ်ရာ ဆေးကုပေးပြီး ကောင်းမွန်စွာ ထိန်းသိမ်းထားပါတယ်” ဟု အရှိုချင်းကာကွယ်ရေးတပ်(ACDF) မှ ပြန်ကြားရေးတာဝန်ခံ ဆလိုင်းခနီလေဗွေက ဆိုသည်။

မဟာမိတ်ပူးပေါင်းတပ်ဖွဲ့က ဖမ်းဆီးရမိသည့် စစ်သုံ့ပန်းများအား စနစ်တကျ ထိန်းသိမ်းထားပြီး ၎င်းတို့ရရှိခဲ့သည့် ဒဏ်ရာများကိုလည်း ဆေးဝါးကုသမှု ဆောင်ရွက်ပေးထားကြောင်း၊ ဖမ်းဆီးရမိသည့် စစ်သုံ့ပန်းများအား ကျန်းမာ ရေး၊ နေထိုင်စားသောက်ရေးမှအစ လိုအပ်သည့် ကိစ္စအဝဝအား ဖြည့်ဆည်းဆောင်ရွက်ကာ စောင့်ရှောက်ထားကြောင်း သိရှိရသည်။

ထို့ပြင် ဒေသအသီးသီးရှိ စစ်ကောင်စီတပ်ဖွဲ့ဝင်များအနေဖြင့် စစ်အာဏာရှင်များအတွက် အသေခံတိုက်ခိုက်မည်လား၊ ထွက်ပြေးတိမ်းရှောင်ကာ ပြည်သူများနှင့်အတူ ရှင်သန်ရပ်တည်မည်လားဆိုသည်ကို စဥ်းစားဆုံးဖြတ်စေလိုကြောင်း မဟာမိတ်တပ်ဖွဲ့က စစ်ကောင်စီတပ်သားများကို အသိပေး ဖိတ်ခေါ်ထားသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article