ဒီကနေ့ ဒီဇင်ဘာ ၅ ရက် နေ့လယ်ပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့
- ကချင်ပြည်နယ်က ဗန်းမော် နဲ့ မံစီမြို့သိမ်းတိုက်ပွဲမှာ ဗန်းမော် တက္ကသိုလ် အပါအဝင် စစ်ကောင်စီ တပ်စခန်း ၇ ခုထက်မနည်းကို KIA – PDF ပူးပေါင်းတပ်တွေက မနေ့က တစ်ရက်တည်းမှာတင် အပြီးသတ် သိမ်းပိုက်လိုက်ပြီး တိုက်ပွဲတွေ ဆက်လက်ပြင်းထန်နေတယ်လို့ KIA သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်ကို ပြောပါတယ်။
- ချင်းပြည်နယ်၊ ထန်တလန်မြို့နယ်က အကြမ်းဖက် စစ်ကောင်စီတပ်ရဲ့ C 3 စခန်းကုန်းကို ချင်းတော်လှန်ရေးတပ်တွေက ထပ်မံ သိမ်းပိုက်လိုက်ပြီး ၊ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကတော့ အကုန်လုံး ထွက်ပြေးသွားကြတယ်လို့ CNA သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်ကို ပြောပါတယ်။
- အကြမ်းဖက် စစ်ကောင်စီ တပ်စွဲထားတဲ့ ထားဝယ်ရေနက်ဆိပ်ကမ်း၊ ခမရ ၄၀၇ တပ်ရင်းနဲ့ ရပ်တော်မူ ဘုရားအနီးက စစ်တပ်စခန်းတွေကို တော်လှန်ရေးပူးပေါင်းတပ်တွေက ဒရုန်းနဲ့ ဗုံးသီးတွေ ဆက်တိုက် ကျဲချ တိုက်ခိုက်မှုတွေအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် စုစုပေါင်း ၁၁ ဦးသေသွားတဲ့ သတင်းအပါအဝင် နောက်ဆုံးရသတင်းတွေကို တင်ဆက်ပေးပါမယ်။
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar