25 C
Yangon

Khit Thit သတင်းဌာန၏ ဒီဇင်ဘာ ၆ ရက် မနက်ပိုင်း ရုပ်သံသတင်းအစီအစဉ်

Must read

By ရန်ကုန်ခေတ်သစ်

ဒီကနေ့ ဒီဇင်ဘာ ၆ ရက် မနက်ပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့

  • ကမ္ဘာ့ကုလသမဂ္ဂရဲ့ အပြည်ပြည်ဆိုင်ရာတရားရုံး ICJ မှာ မြန်မာနိုင်ငံကို ရိုဟင်ဂျာလူမျိုးတုန်းသတ်ဖြတ်မှုနဲ့ တရားစွဲထားတဲ့ တရားလို ဂမ်ဘီယာနိုင်ငံဘက်ကနေ ဆလိုဗေးနီးယားနိုင်ငံကပါ ပါဝင်ဖို့ လျှောက်ထားလာပြီး ဂမ်ဘီယာနဲ့အတူ ရပ်တည်တဲ့ နိုင်ငံပေါင်း ၈ နိုင်ငံရှိလာပြီလို့ ICJ တရားရုံးက တရားဝင် သတင်းထုတ်ပြန်ပါတယ်။
  • အိန္ဒိယအစိုးရဟာ မြန်မာ့နိုင်ငံရေးပြဿနာကို ဖြေရှင်းရာမှာ ပြည်သူ့တော်လှန်ရေးအင်အားစုတွေအပေါ် မျှတတဲ့ ဆက်ဆံခြင်းနည်းလမ်းကို ခိုင်မာတဲ့ မူတစ်ရပ်အဖြစ် ထည့်သွင်းကျင့်သုံးရန် မြန်မာ့အရေး လှုပ်ရှားနေတဲ့ အရပ်ဘက်အဖွဲ့ ၄ ခုက ပူးပေါင်းကာ သဘောထားကြေညာချက် ထုတ်ပြန်တောင်းဆို လိုက်ပါတယ်။
  • ကရင်ပြည်နယ်၊ KNU တပ်မဟာ ၅ နယ်မြေ၊ ဖာပွန်ခရိုင်မှာ စစ်ကောင်စီတပ်ရဲ့ တောင်သုံးလုံးစခန်းနဲ့ ဆင်စွယ်တပ်စခန်းတို့ကို သိမ်းပိုက်ရရှိပြီး လက်နက် ၄၀ ကျော် ခဲယမ်းတွေနဲ့အတူ စစ်သုံ့ပန်း ၃၆ ဦးကိုပါ ဖမ်းဆီးရရှိခဲ့တဲ့ သတင်းအပါအဝင် နောက်ဆုံးရသတင်းတွေကို တင်ဆက်ပေးပါမယ်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article