ရန်ကုန်၊ ဒီဇင်ဘာ ၆
အကြမ်းဖက် စစ်ကောင်စီက စစ်ဆေးဆရာဝန်များကို ရှေ့တန်းစေလွှတ်နေခြင်းနှင့် ထွက်ပြေးမှုများ များပြားနေခြင်းတို့ကြောင့် လူအင်အား မလုံလောက်တော့သဖြင့် ဘွဲ့လွန်သင်တန်း တက်နေသော အရာရှိစစ်ဆေးဆရာဝန်များအားလုံးကို စစ်ဆေးရုံများသို့ အတင်းအကျပ် စေလွှတ် နေရာချထားနေကြောင်း စစ်ဆေးအသိုင်းအ၀ိုင်းက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
စစ်ကောင်စီက ရှေ့တန်း စစ်မြေပြင်များသို့ စစ်ဆေးဆရာဝန်များ စေလွှတ်လာခြင်း၊ စစ်ဆေးတပ်များမှ အရာရှိနှင့်သူနာပြုများ ထွက်ပြေးမှုများ များပြားလာခြင်း အပါအဝင် လူအင်အား မလုံလောက်ခြင်းတို့ကြောင့် ယခုနှစ်ဩဂုတ်လနှင့်စက်တင်ဘာလအတွင်း စစ်ဆေးတက္ကသိုလ်တွင် ဘွဲ့လွန်သင်တန်းတက်နေသော အပတ်စဉ် ၅ ခုမှ စစ်ဆေးရာရှိများကို နေပြည်တော်၊ ပြင်ဦးလွင်၊ မိတ္တီလာ၊ အောင်ပန်း စသည့် စစ်ဆေးရုံများသို့ အတင်းအကျပ် စေလွှတ် နေရာချထားခဲ့ကြောင်း စစ်ဆေး အသိုင်းအ၀ိုင်းက ဆိုသည်။
“တပ်မတော် ဆေးတက္ကသိုလ် ဘွဲ့လွန်သင်တန်းတက်နေတဲ့ အပတ်စဉ် ၂၈၊ ၂၉ ၊ ၃၀ ၊ ၃၁၊ ၃၂ တက်နေတဲ့ စစ်ဆေးဆရာဝန်တွေအားလုံးကို နေပြည်တော်၊ ပြင်ဦးလွင်၊ မိတ္ထီလာ၊ အောင်ပန်း စတဲ့ စစ်ဆေးရုံတွေကို စေလွှတ်ခဲ့တယ်။ အဓိက ကတော့ ဆေးရုံတွေမှာ လူအင်အားမလောက်ဘူးလို့ အကြောင်းပြပြီး စေလွှတ်တာပါ။ သူတို့ ဘွဲ့လွန်သင်တန်းတွေကို ရပ်ပြီး တာဝန်ချထားတဲ့နေရာတွေအားလုံးကို လွှတ်တာဖြစ်ပါတယ်”ဟု စစ်ဆေးအသိုင်းအ၀ိုင်းက ပြောဆိုသည်။
စစ်တပ်ဆေးတပ်မှ အရာရှိဆရာဝန်များ၊ စစ်သားများကို ရှေ့တန်းသို့ ဆက်တိုက် စေလွှတ်နေသဖြင့် စစ်ဆေးတပ်အတွင်း စစ်ကောင်စီအပေါ် မကျေနပ်မှုများ ကြီးထွားနေကြောင်း၊ စစ်အာဏာသိမ်းချိန်မှစတင်၍ လက်ရှိအချိန်အထိ စစ်ဆေးတပ်များမှ စစ်ဆေးဆရာဝန်နှင့် သူနာပြုများမှာ ထွက်ပြေးမှုများ ဆက်လက် များပြားနေဆဲဖြစ်ကြောင်း သိရှိရသည်။
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar
![](https://yktnews.com/wp-content/uploads/2024/12/469258905_941467871414153_8729309585730206670_n.jpg)
![](https://yktnews.com/wp-content/uploads/2024/12/469400469_941467941414146_6984758997612421334_n.jpg)
![](https://yktnews.com/wp-content/uploads/2024/12/469280686_941467984747475_2091749762587559054_n.jpg)
![](https://yktnews.com/wp-content/uploads/2024/12/469523673_941468054747468_4917203651369588675_n.jpg)
![](https://yktnews.com/wp-content/uploads/2024/12/469210613_941468151414125_950398048623482486_n.jpg)
![](https://yktnews.com/wp-content/uploads/2024/12/469244106_941468204747453_4881439109089864307_n.jpg)
![](https://yktnews.com/wp-content/uploads/2024/12/469089292_941468288080778_2273545609454302394_n.jpg)