27 C
Yangon

ကျောက်ထုမြို့ရှိ စစ်ကောင်စီလက်အောက်ခံ အမြောက်တပ်က ၁၂၀ မမ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် အသက် ၁၀ နှစ် အရွယ် ကလေးငယ် ၃ ဦးထိခိုက်ဒဏ်ရာရ

Must read

ရန်ကုန်၊ ဒီဇင်ဘာ ၆

မကွေးတိုင်း၊ ဆောမြို့နယ်၊ ကျောက်ထုမြို့အမြောက်တပ်က ၁၂၀ မမ လက်နက်ကြီးဖြင့် ရမ်းသမ်း ပစ်ခတ်ခဲ့ရာ မိန်းကလေးငယ် ၃ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ဒေသနေပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

ယနေ့ ဒီဇင်ဘာလ ၆ ရက် နံနက် ၈ နာရီ ၃၀ မိနစ်အချိန်က ကျောက်ထုမြို့အမြောက်တပ်မှ ပစ်ခတ် လိုက်သော ၁၂၀ မမ လက်နက်ကြီးတစ်လုံးသည် ကျောက်ထုမြို့မြောက်ဘက်ရှိ တေးရွာအတွင်းသို့ ကျရောက်ပေါက်ကွဲပြီး အသက် ၁၀ နှစ်အရွယ် မိန်းကလေး ၃ ဦး ထိခိုက်ဒဏ်ရာရှိခဲ့ကြောင်း၊ ထိခိုက် ဒဏ်ရာရရှိသည့် ကလေးငယ်များကို အချိန်မီဆေးဝါကုသမှုပေး ထားပြီး စိုးရိမ်စရာမရှိတော့ကြောင်း သိရသည်။

“မနက် ၅ နာရီလောက်ကတည်းက ပစ်နေတာ၊ မနက် ၈ နာရီခွဲလောက်အထိပဲ၊ လက်နက်ကြီးတွေ က ရွာအနီးအနားပတ်ဝန်းကျင်တောတောင်တွေထဲကျတယ်။ ရွာထဲတော့ တစ်လုံးပဲ လာကျတယ်၊ အဲဒီတစ်လုံးက ပဲ ကလေး ၃ ယောက်နဲ့ နွားတစ်ကောင်ထိတာ၊ စိုးရိမ်စရာတော့မရှိတော့ပါဘူး။ ကလေးတွေက ၃ တန်း၊ ၄ တန်းတက်နေကြတဲ့ကလေးတွေပါ။” ဟု ဒေသနေပြည်သူတစ်းက ရန် ကုန် ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

ထို့ပြင် ခိုင်းနွားတစ်ကောင်လည်း လက်နက်ကြီးကျည်ထိမှန်ခဲ့ပြီး နေအိမ်တချို့လည်း ထိခိုက် ပျက်စီးမှုရှိကြောင်း သိရသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article