27 C
Yangon

ငါန်းဇွန်မြို့နယ်၊ သားကျင် စံပြရွာကို စစ်ကောင်စီတပ်က လေယာဉ်ဖြင့် ဗုံးကျဲမှု တော်လှန်ရေးရဲဘော် ၂ ဦးကျဆုံးပြီး နေအိမ်များ၊ စာသင်ကျောင်းနှင့် ဘုန်းကြီးကျောင်းတို့ ပျက်စီး

Must read

ရန်ကုန်၊ ဒီဇင်ဘာ ၆

မန္တလေးတိုင်း၊ ငါန်းဇွန်မြို့နယ်၊ သားကျင် စံပြရွာကို စစ်ကောင်စီတပ်က လေယာဉ်ဖြင့် ဗုံးကျဲချရာ တော်လှန်ရေးရဲဘော် ၂ ဦးကျဆုံးပြီး နေအိမ်များ၊ စာသင်ကျောင်းနှင့် ဘုန်းကြီးကျောင်းတို့ ပျက်စီးသွားကြောင် ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ယမန်နေ့ ဒီဇင်ဘာလ ၅ ရက်နေ့ ည ၈ နာရီ ၄၅ မိနစ်အချိန် မှစတင်ပြီး ည ၁၀ နာရီအထိ ငါန်းဇွန်မြို့နယ်တွင် အိမ်ခြေ ၂၀၀ နီးပါးသော သားကျင်စံပြကျေးရွာကို စစ်ကောင်စီတပ်က လေယာဉ်များဖြင့် ဗုံး ၂၇ လုံး ကျဲချ တိုက်ခိုက်ခဲ့ကြောင်း၊ ဗုံးကျဲချမှုကြောင့် တော်လှန်ရေး ရဲဘော် ၂ ဦးကျဆုံးပြီး အခြားတော်လှန်ရေးရဲဘော် ၂ ဦးလည်း ဒဏ်ရာရရှိကြောင်း၊ နေအိမ်၊ စာသင်ကျောင်းနှင့် ဘုန်းကြီးကျောင်းများလည်း ပျက်စီးသွားကြောင်း သိရှိရသည်။

“စစ်တပ်က လေယာဉ်နဲ့ဗုံးကျဲသွားလို့ လူနေအိမ် ၅ လုံး မီး လောင်ပျက်စီးတယ်/ စာသင်ကျောင်းနဲ့ ဘုန်း တော်ကြီး ကျောင်းလည်းပျက်စီးတယ်။ တော်လှန်ရေးရဲဘော် ၂ ဦးကျဆုံးပြီး ၂ ဦးဒဏ်ရာရရှိပါတယ်။ ။ နွား ၄ ကောင်လည်း ဗုံးမှန်ပြီး သေဆုံးပါတယ်” ဟု သားကျင်ရွာသားတစ်ဦးက ရှင်းပြသည်။

လက်ရှိတွင် သားကျင်ကျေးရွာမှ ပြည်သူများမှာ စစ်တပ်၏ ထပ်မံ တိုက်ခိုက်မှုကို ခံရမည်ကို စိုးရိမ်၍ ကျေးရွာမှ စွန့်ခွာနေထိုင်ကြရကြောင်း ဒေသပြည်သူများက ပြောဆိုကြသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article