ရန်ကုန်၊ဒီဇင်ဘာ ၁၀
ကနီမြို့နယ်တွင် ကနီမြို့နယ်သပိတ်ဦးဆောင်ကော်မတီ၊ ကနီမြို့နယ်ပညာရေးဘုတ်အဖွဲ့နှင့် အမျိုးသမီးမဟာမိတ်အင်အားစု(WAB) တို့ ပူးပေါင်း၍ လူအခွင့်အရေးနေ့အထိမ်းအမှတ် လှုပ်ရှားမှုပြုလုပ်ခဲ့ကြကြောင်း သိရှိရသည်။
အဆိုပါ လှုပ်ရှားမှုတွင် “လူ့အခွင့်အရေး ထွန်းကားစေ၊ တရားမျှတ လွတ်လပ်မြေ”၊ “ဦးဝင်းဌေးမိသားစုအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု တရားမျှတမှု ဘယ်မှာလဲ”၊ “၁၁၅ ရက်သား ကလေးငယ်ရဲ့ လွတ်လပ်စွာ ရှင်သန်ခွင့် ဘယ်မှာလဲ” စသည့်စာသားများ ကိုင်ဆောင်ကာ နိုဝင်ဘာလ ၄ ရက်နေ့က တရားလက်လွတ် ရက်ရက်စက်စက် မိသားစုလိုက် သတ်ဖြတ်ခံခဲ့ရသော ကနီမြို့နယ် ပညာရေးဘုတ်အဖွဲ့ တာဝန်ခံ CDM ဆရာဦးဝင်းဌေး မိသားစုအတွက် အမှုမှန်ပေါ်ပေါက်ရေး၊ တရားမျှတမျှတမှု ရရှိရေးအတွက် တောင်းဆိုဆန္ဒပြခဲ့ကြကြောင်း သိရှိရသည်။
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar