31 C
Yangon

Khit Thit သတင်းဌာန၏ ဒီဇင်ဘာ ၁၀ ရက် ညနေပိုင်း ရုပ်သံသတင်းအစီအစဉ်

Must read

By ရန်ကုန်ခေတ်သစ်

ဒီကနေ့ ဒီဇင်ဘာ ၁၀ ရက် ညနေပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့

  • ရှမ်းပြည်နယ်တောင်ပိုင်း၊ ရပ်စောက်မြို့နယ်မှာ အကြမ်းဖက် စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးတပ်တွေ အကြား ၁၀ ရက်ကြာ တိုက်ပွဲဖြစ်ပွားခဲ့ပြီးနောက် စစ်ကောင်စီတပ်သား အယောက် ၅၀ ကျော်ကတော့ အသီးသီး သေကုန်ကြပြီဖြစ်တဲ့အပြင် ၊ စစ်သား မသာအလောင်းတွေနဲ့ လက်နက်ခဲယမ်းတွေပါ သိမ်းဆည်း ရရှိထားတယ်လို့ ဓနုပြည်သူ့လွတ်မြောက်ရေးတပ်တော် -DPLA ရဲ့ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်ကို ပြောပါတယ်။
  • NUG နဲ့ PDF တွေရဲ့ ရန်ပုံငွေရှာ Campaign တွေကို ပြည်တွင်းပြည်ပကနေ ငွေကြေးလှူဒါန်းမှုတွေနဲ့ ငွေကြေးစီးဆင်းမှုတွေ မရှိအောင် ဖိဖိစီးစီး စုံစမ်းဖော်ထုတ် အရေးယူရမယ်ဆိုပြီး စစ်ကောင်စီက အရေးပေါ် ညွှန်ကြားလာပြန်တယ်လို့ နေပြည်တော် စစ်တပ်သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်ကို ပြောပါတယ်။
  • အကြမ်းဖက် စစ်ကောင်စီတပ်က ဒုတိယဗိုလ်မှူးကြီး အဆင့်ကနေ ဒုရဲမှူးအဆင့်အထိ အပါအဝင် စစ်ကောင်စီတပ်တပ်သား စုစုပေါင်း ၄၇၅ ဦး ဟာ အခုနှစ် ၁၁ လအတွင်းမှာ တော်လှန်ရေးတပ်တွေ ဆီမှာ အလင်းဝင်ရောက်လာကြတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ NUG ပြောရေးဆိုခွင့်ရှိသူ ဦးနေဘုန်းလတ်က ပြောလိုက်တဲ့ သတင်းအပါအဝင် နောက်ဆုံးရသတင်းတွေကို တင်ဆက်ပေးပါမယ်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article