ဒီကနေ့ ဒီဇင်ဘာ ၁၁ ရက် နေ့လယ်ပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့
- ရခိုင်ပြည်နယ် မောင်တော နခခ ၅ စခန်းသိမ်းတိုက်ပွဲမှာ အကြမ်းဖက် စစ်ကောင်စီတပ်သားတွေ ရာနဲ့ချီ အလံဖြူထောင် လက်နက်ချခဲ့ကြတဲ့ ရုပ်သံဖိုင်ကို အာရက္ခတပ်တော် AA က တရားဝင်ထုတ်ပြန်လိုက်ပါ တယ်။
- မကွေးတိုင်းက ပခုက္ကူ ၊ မြိုင် နဲ့ ပေါက် မြို့နယ်တွေက တိုက်ပွဲတွေအတွင်း စစ်ကောင်စီ တပ်သား ၁၇ ဦးကတော့ အသီးသီး သေကုန်ကြပြီလို့ မြိုင်ပကဖ ရဲ့ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်ကို ပြောပါတယ်။
- ပဲခူးတိုင်း၊ သုံးဆယ်မြို့က ထူပါရုံဘုရားပွဲမှာ အကြမ်းဖက် စစ်ကောင်စီတပ်က အသက် ၁၅ နှစ်အရွယ် ကလေးတွေကိုပါ စစ်မှုထမ်း တပ်သားသစ်အဖြစ် ပေါ်တာဆွဲ ဖမ်းဆီးနေပြီး မိသားစုတွေက ငွေနဲ့ ပြန်ရွေးဖို့ ကြိုးစားတာတောင် မရတော့ဘူးလို့ ဖမ်းဆီးခံရတဲ့ ကလေးတွေနဲ့ နီးစပ်သူတွေပြောတဲ့ သတင်းအပါအဝင် နောက်ဆုံးရသတင်းတွေကို တင်ဆက်ပေးပါမယ်။
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar