29 C
Yangon

ထိုင်းနိုင်ငံအတွင်း ဝင်ရောက်ရန် ဗီဇာလျှောက်ထားမှုများ အားလုံးကို အွန်လိုင်း e-Visa စနစ်ဖြင့်သာ လျှောက်ထားနိုင်တော့မည်ဟု ထိုင်းသံရုံး ထုတ်ပြန်

Must read

ရန်ကုန်၊ ဒီဇင်ဘာ ၁၂

ထိုင်းနိုင်ငံအတွင်း ဝင်ရောက်ရန် ဗီဇာလျှောက်ထားမှုများ အားလုံးကို အွန်လိုင်း e-Visa စနစ်ဖြင့်သာ လျှောက်ထားနိုင်တော့မည်ဖြစ်ကြောင်း ယနေ့ ဒီဇင်ဘာလ ၁၂ ရက်နေ့တွင် ထိုင်သံရုံးက ထုတ်ပြန်လိုက်သည်။

၂၀၂၅ ခုနှစ် ဇန်နဝါရီလ ၁ ရက်နေ့မှစ၍ မြန်မာနိုင်ငံသားများနှင့် မြန်မာနိုင်ငံတွင် ရောက်နေသည့် အခြား နိုင်ငံသားများ ထိုင်းနိုင်ငံသို့ ဝင်ရောက်ရန် ဗီဇာလျှောက်ရာတွင် ဗီဇာအမျိုးအစား အားလုံးအတွက် e-Visa စနစ်အသစ်ကို https://www.thaievisa.go.th/ တွင်လျှောက်ထားရမည် ဖြစ်ကြောင်း ထိုင်းသံရုံး၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

“အခုက ၁၄ ဗီဇာ free ကတော့ ရသေးတယ်။ ၂ လဗီဇာလိုတဲ့လူတွေက သံရုံးမှာသွားတင်တာမဟုတ်ဘဲ အွန်လိုင်းကနေပဲ လျှောက်ရတော့မှာ ၂ ပတ် ၃ ပတ်ကြာသွားမယ် ကြိုပြင်ထားရမှာပေါ့။ ငွေသွင်းချိန်ပဲ သံရုံးသွားသွင်းပေါ့”ဟု ထိုင်းနိုင်ငံရောက် အေးဂျင့်တစ်ဦးက ပြောဆိုသည်။

ထို့ပြင် ထိုင်းသံရုံးက ဗီဇာကြေးပေးချေရန်အတွက် အွန်လိုင်းဘိုကင်စနစ်နှင့် ပတ်သက်သော အသေးစိတ်အချက်အလက်များကို ထပ်မံကြေညာပေးသွားမည်ဖြစ်ကြောင်း ဖော်ပြထားသည်။

လက်ရှိပြောင်းလဲလိုက်သည့် e-Visa စနစ်အရ မြန်မာနိုင်ငံအတွင်းမှ နေ၍ ဗီဇာလျှောက်ထားသူများအတွက် အထူးအထွေသိပ်မရှိနိုင်သော်လည်း ထိုင်းနိုင်ငံသို့ ရောက်ရှိနေပြီးမှ ဗီဇာသက်တမ်းကုန်ခါနီး၍ လာအိုနှင်ကမ္ဘောဒီးယာကဲ့သို့ နိုင်ငံများမှ တစ်ဆင့် ထိုင်းဗီဇာသွားလျှောက်ထားမည့်သူများအတွက်မူ ဗီဇာရရှိရန် ပို၍ ငွေကုန်ခြင်းနှင့်အချိန်ကုန်ခြင်းများနှင့် ကြုံမည်ဖြစ်ကြောင်း ထိုင်းနိုင်ငံရောက် မြန်မာပြည်သူများက ပြောဆိုသည်။

“အရင်ကဗျာ QR ယူပြီး ရောက်တဲ့ ရက် စာရွက်စာတမ်းစုံရင် ဒီနေ့ထပ် နောက်ရက်တွေကျ ရတယ် အချိန်အကြာကြီး တခြားနိုင်ငံမှာ သောင်မတင်တော့ဘူး ။ အခုကျတော့ အချိန် ၁၀ ရက်ကနေ ၁၅ ရက် review လုပ်မယ်ဆိုတော့ ငွေရော အချိန်ရော ပိုကုန်တော့မှာပေါ့”ဟု ထိုင်းရောက် မြန်မာပြည်သူတစ်ဦးက ပြောဆိုသည်။

ထိုင်း ဗီဇာလျှောက်ထားသူများသည်စာရွက်စာတမ်းများအပြည့်အစုံမတင်သွင်းခြင်း၊ စာရွက်စာတမ်းအတုများတင်သွင်းခြင်းများပြုလုပ်ပါက ထိုဗီဇာလျှောက်လွှာအားပယ်ချမည်ဖြစ်ကြောင်း ၊ ထိုင်း ဗီဇာလျှောက်လွှာကို အတည်ပြုပြီးပါကလျှောက်ထားသူသည် အတည်ပြုအီးမေးလ်ရရှိမည်ဖြစ်ပြီး ထိုအတည်ပြုအီးမေးလ်ကို လေဆိပ်နှင့် ထိုင်းလဝကကို ပြသရန် ပရင့်ထုတ်ယူထားရမည်ဖြစ်ကြောင်း သိရှိရသည်။

ထို့ပြင် ထိုင်းသံရုံးသည် https://www.thaiconsularyangon.com/visa ဖြင့် ဗီဇာရက်ချိန်းယူထားသူများ၏ လျှောက်လွှာကို ဒီဇင်ဘာလ ၂၄ ရက်နေ့အထိသာလက်ခံသွားမည်ဖြစ်ပြီး e-Visa စနစ်အပြောင်းအလဲပြုလုပ်ခြင်းကို ပြင်ဆင်ရန်အတွက် ၂၀၂၄ ခုနှစ် ဒီဇင်ဘာလ ၂၅ ရက်နေ့မှ ၃၁ ရက်နေ့အထိ ဗီဇာလျှောက်လွှာများကို လက်ခံတော့မည်မဟုတ်ဟု မြန်မာနိုင်ငံရှိ ထိုင်းသံရုံး၏ ကြေညာချက်တွင် ဖော်ပြထားသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article