27 C
Yangon

ထိုင်းနိုင်ငံ၊ အုန်းဖျန် ဖျော်ဖြေပွဲ ပေါက်ကွဲမှုအတွက် သံသယရှိသူ ၂ ဦးကို ဖမ်းဆီးထားပြီး ၁ ဦးမှာ KNU အဖွဲ့ဝင် ဖြစ်ဟု ထိုင်းအာဏာပိုင်များပြော

Must read

ထိုင်းနိုင်ငံ၊ အုန်းဖျန် ဖျော်ဖြေပွဲ ပေါက်ကွဲမှုအတွက် သံသယရှိသူ ၂ ဦးကို ဖမ်းဆီးထားပြီး ၁ ဦးမှာ KNU အဖွဲ့ဝင် ဖြစ်ဟု ထိုင်းအာဏာပိုင်များပြော

ရန်ကုန်၊ ဒီဇင်ဘာ ၁၄

ထိုင်းနိုင်ငံ၊တာ့ခရိုင် အုန်းဖျန်တွင် လူ ၃ ဦးသေဆုံးပြီး လူပေါင်းများစွာ ဒဏ်ရာရရှိစေခဲ့သော ဖျော်ဖြေပွဲပေါက်ကွဲမှုမှ သံသယရှိသူ ၂ ဦးကို ဖမ်းဆီးထားပြီး ၁ ဦးမှာ ကရင်အမျိုးသားအစည်းအရုံး (KNU )အဖွဲ့ဝင် ဖြစ်ကြောင်း ထိုင်းအာဏာပိုင်များက ထုတ်ဖော်ပြောဆိုလိုက်သည်။

ယမန်နေ့ ညပိုင်း အုန်းဖျန် ဖျော်ဖြေပွဲ ပေါက်ကွဲမှုမှာ ဆယ်ကျော်သက် လူငယ် အုပ်စု ၂ ခုအကြား တိုက်ခိုက်ရာမှ ဖြစ်ပေါ်ခဲ့ပြီး လူသေဆုံးထိခိုက်မှုများဖြစ်ပေါ်ခဲ့ကြောင်း၊ ယင်း ပေါက်ကွဲမှုအတွက် သံသယရှိသူ ၂ ဦးကို ဖမ်းဆီးခဲ့ရာတွင် ၁ ဦးမှာ ထိုင်းလူမျိုးဖြစ်ပြီး ကျန်နောက် ၁ ဦးမှာ KNU အဖွဲ့ဝင် ၁ ဦးဖြစ်ကြောင်း ၊ဖျော်ဖြေပွဲတွင် ဖောက်ခွဲရေးပစ္စည်းတွေကို လူအုပ်ထဲသို့ ပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

ပေါက်ကွဲမှုမဖြစ်ပွားမီ လူငယ်ဆယ်ကျော်သက် ပြိုင်ဘက်အဖွဲ့များအကြား ရန်ပွဲဖြစ်ပွားခဲ့ကြောင်း ၊ ဖောက်ခွဲရေးပစ္စည်းမှာ လက်လုပ်ဗုံးဖြစ်ကြောင်း ၊ ဖောက်ခွဲရေး ပစ္စည်းပစ်သွင်းသူ လူငယ်သည် ယခု ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလအတွင် မူးယစ်ဆေးဝါး ဖမ်းဆီးရရှိမှု ဆိုင်ရာ မှတ်တမ်းရှိသူလည်းဖြစ်ကြောင်း၊ KNU အဖွဲ့ဝင်က ပေါက်ကွဲစေတတ်သော ပစ္စည်းများပါ၀င်သည့် အိတ်ကို သယ်ဆောင်လာခဲ့ကြောင်း ဖြစ်စဉ်မှာ ဒေါသကြောင့် ရန်ပွဲဖြစ်ပွားရာမှ ကလဲ့စားချေသည့်အနေဖြင့် တိုက်ခိုက်ကြခြင်းဖြစ်ကြောင်း သိရှိရသည်။

ပေါက်ကွဲမှုဖြစ်စဉ်နှင့်ပတ်သက်၍ အသေးစိတ် အချက်အလက်များကို စုံစမ်းနေဆဲဖြစ်ပြီး သံသယရှိသူ ၂ ဦးကိုလည်း စုံစမ်းစစ်ဆေးနေဆဲဖြစ်ကြောင်း သိရှိရသည်။

ကိုးကား။ ။ Khaosod English

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article