32 C
Yangon

စစ်အုပ်ချုပ်ရေး အမိန့် ကြေညာခဲ့သော တောင်ကိုရီးယားသမ္မတကို လွှတ် တော်က အယုံအကြည်မရှိ အဆိုတင်သွင်းပြီး ထောက်ခံမဲ အများစုဖြင့် သမ္မတရာထူးမှ ဖြုတ်ချ

Must read

စစ်အုပ်ချုပ်ရေး အမိန့် ကြေညာခဲ့သော တောင်ကိုရီးယားသမ္မတကို လွှတ် တော်က အယုံအကြည်မရှိ အဆိုတင်သွင်းပြီး ထောက်ခံမဲ အများစုဖြင့် သမ္မတရာထူးမှ ဖြုတ်ချ

ရန်ကုန်၊ ဒီဇင်ဘ ၁၄

တောင်ကိုရီးယားတွင် စစ်အုပ်ချုပ်ရေး အမိန့် ကြေညာခဲ့သော သမ္မတ Yoon Suk Yeol ကို လွှတ်တော်က အယုံအကြည်မရှိ အဆိုတင်သွင်းပြီး ထောက်ခံမဲ အများစုဖြင့် သမ္မတရာထူးတာဝန်မှ ဖြုတ်ချနိုင်ပြီဖြစ်ကြောင်း တောင်ကိုရီးယားမှလာသော သတင်းများအရ သိရှိရသည်။

ယနေ့ ဒီဇင်ဘာလ ၁၄ ရက်နေ့ တောင်ကိုရီးယားပါလီမန်တွင် သမ္မတ အပေါ် အယုံအကြည်မရှိ အဆိုကို တင်သွင်းပြီး မဲခွဲဆုံးဖြတ်ရာ လွှတ်‌‌တော်အမတ် ၃၀၀ ဦး အနက်မှ ထောက်ခံမဲ ၂၀၄ မဲ၊ ကန့်ကွက်မဲ ၈၅ ၊ ကြားနေမဲ ၃ မဲ၊ ပယ်မဲ ၈ မဲဖြင့် တောင်ကိုရီးယားသမ္မတကို ဖြုတ်ချရေး အဆိုအောင်မြင်စွာဖြင့် အတည်ပြုလိုက်ပြီဖြစ်သည်။

သမ္မတ Yoon Suk Yeol ကို စွပ်စွဲပြစ်တင်ရန် အဆိုမှာ အောင်မြင်သွားပြီဖြစ်၍ သမ္မတရာထူးတာဝန်မှ ရပ်ဆိုင်းထားမည်ဖြစ်ပြီး အခြေခံဥပဒေ ခုံရုံးက

သမ္မတကို ရာထူးမှ ဖြုတ်ပယ်မှုကို ဆက်လက် အတည်ပြုမည်ဖြစ်သည်။

တောင်ကိုရီးယားသမ္မတက ဒီဇင်ဘာလ ၃ ရက်နေ့ ည ၁၀ နာရီ ၂၀ မိနစ်တွင် စစ်အုပ်ချုပ်ရေး ကြေညာပြီးနောက် တောင်ကိုရီးယားပါလီမန်က သမ္မတ ၏ အမိန့်ကို လွှတ်တော်၏ ထောက်ခံဆန္ဒမဲများဖြင့် ပြန်လည် ပယ်ဖျက်လိုက်ခဲ့ကြောင်း၊ ဒီဇင်ဘာလ ၄ ရက်နေ့ နံနက်အစောပိုင်း ၆ နာရီအကြာတွင် သမ္မတက စစ်အုပ်ချုပ်ရေးကို ပြန်လည် ရုပ်သိမ်းကြောင်း ကြေညာခဲ့ရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article