ရန်ကုန်၊ ဒီဇင်ဘာလ ၁၈
မကွေးတိုင်း၊ ပေါက်မြို့နယ်၊ ဒီးတုတ်ကွင်း ကျေးရွာရှိ စစ်တပ်စစ်ကြောင်းကို ဝင်ရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သားနှင့် ပျူစောထီး ၁၅ ဦး ထက် မနည်းသေဆုံးခဲ့ကြောင်း ဆိပ်ဖြူပြောက်ကျား တကိုယ်တော် ကျားဆိုးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။
ဒီဇင်ဘာလ ၈ ရက်နေ့နှင့် ဒီဇင်ဘာလ ၁၄ ရက်နေ့တို့တွင် ပေါက်မြို့နယ်၊ ဒီးတုတ်ကွင်းပျူစောထီး ကျေးရွာအတွင်း ဝင်ရောက်ပြီး စစ်တပ်စစ်ကြောင်းကို ပစ်ခတ်တိုက်ခိုက်ခြင်း၊ ကျေးရွာအတွင်းနှင့် အနီးတဝိုက်တွင် တိုက် မိုင်း၊ နင်းမိုင်းဝင်ထောင်ကာ စစ်တပ်ကို တိုက်ခိုက်ခြင်းတို့ လုပ်ဆောင်ခဲ့ရာ ဒီတုတ်ကွင်းကျေးရွာ ပျူစောထီး ခေါင်းဆောင် စိုးကြီး (ခ) စိုးမြင့်ဦးအပါအဝင် ၁၅ ဦးသေဆုံးခဲ့ပြီး အများအပြား ဒဏ်ရာ ရရှိခဲ့ကြောင်း သိရသည်။
“ ဒီဇင်ဘာ ၈ ရက်နေ့ကစပြီး ၉ ရက်၊ ၁၀ ရက်နေ့အထိ ဝင်ထောင်ထားတဲ့ တိုက်မိုင်းတွေမိတာ ၈ ယောက်သေ တယ်။ ဒီဇင်ဘာ ၁၄ ရက်နေ့ မနက်ခင်းမှာ ဒီးတုတ်ကွင်းပျူကျေးရွာထဲအထိ ဝင်ရောက်ပစ်ခတ်ခဲ့တယ်။ နေ့ လည်ခင်းမှာလည်း မိုင်းတစ်လုံးထပ်မိတယ်။ ညနေ ၆ နာရီခွဲ ၇ နာရီပတ်ဝန်းကျင်မှာလည်း မိုင်းထပ် မိတယ်၊ အဲဒီနေ့မှာ ၆ ယောက်သေတယ်။ အလောင်းကောက်မရတာလည်း ၅ ယောက်လောက်ရှိ တယ်။ စုစုပေါင်းသေတာ ၁၅ ယောက်ပါ။” ဟု ဆိပ်ဖြူပြောက်ကျား တကိုယ်တော် ကျားဆိုးက ရန်ကုန် ခေတ် သစ်သတင်းဌာနထံသို့ ပြောကြားသည်။
အဆိုပါ တိုက်ခိုက်မှုကို ဆိပ်ဖြူပြောက်ကျား တကိုယ်တော် ကျားဆိုးနှင့် ပေါက်တောင်ပိုင်း ပကဖ ဗိုလ်နားပေါက်အဖွဲ့တို့ ပူးပေါင်းကာ လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ထို့အပြင် စစ်ကိုင်းတိုင်း၊ မုံရွာမြို့အဝင် မအူဂိတ်အနီး၌ အကြမ်းဖက်စစ်ယာဉ်တန်းကို မိုင်းဆွဲ ပစ် ခတ်တိုက်ခိုက်ခဲ့ရာ စစ်သား ၂ ဦးသေဆုံးပြီး ၅ ဦးအရှင်ဖမ်းမိခဲ့ကြောင်း Brave Heart Army- BHA တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။
ဒီဇင်ဘာလ ၁၅ ရက် ညနေ ၄ နာရီ ၃၀ မိနစ်အချိန်က စစ်ကိုင်းမြို့တပ်မ ၃၃ မှ မုံရွာမြို့ဘက်သို့ ထွက်လာသော အကြမ်းဖက်စစ်ကောင်စီ၏ သံပြားကာ ကား ၆ စီး၊ ကြေးနီသယ်ကား ၆၆ စီးပါ ယာဉ်တန်းမှ သံပြားကာ ကား ၆ စီးအနက် တတိယမြောက်ကားကို ပဒေသာ မိုင်း ၅ လုံးဖြင့် တစ် ကြိမ်၊ ကြေးနီးတင်ကား ၆၆ စီးအနက် ၈ စီးမြောက်ကားကို ရှေ့ထွက်ပြောင်း ၃ လုံးဖြင့် တစ်ကြိမ် တိုက်ခိုက်ခဲ့ကြောင်း သိရသည်။
ထို့အပြင် ကျန်ရှိကားများကိုလည်း လက်နက်ငယ်များဖြင့် ဝိုင်းဝန်းပစ်ခတ်တိုက်ခိုက်ခဲ့ရာ အကြမ်း ဖက်စစ်သား ၂ ဦးသေဆုံးပြီး ၇ ဦးဒဏ်ရာရရှိကာ ကြောက်လန့်၍ ကားပေါ်မှ ဆင်းပြေးလာသော အကြမ်းဖက်စစ်သား ၅ ဦးကိုလည်း အရှင်ဖမ်းဆီးနိုင်ခဲ့ကြောင်း သိရသည်။
အဆိုပါ တိုက်ခိုက်မှုကို Brave Heart Army – BHA ၊ Golden Tiger Force – GTF ၊ Royal God People Defense Force – R.G PDF တပ်ဖွဲ့တို့ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ပြည်သူ့ကာ ကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦး မစိုးရိမ်ရ ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar