32 C
Yangon

ပခုက္ကူမြို့နယ်တွင် စစ်တပ်က ပြည်သူ ၁ ဦးကို ဖမ်းဆီး သတ်ဖြတ်ပြီး ရေမျက်ရွာရှိ နေအိမ် ၆ လုံးကို မီးရှို့ဖျက်ဆီး

Must read

ရန်ကုန်၊ ဒီဇင်ဘာ ၁၈

မကွေးတိုင်း၊ ပခုက္ကူမြို့နယ်တွင် အကြမ်းဖက် စစ်တပ်က ပြည်သူ ၁ ဦးကို ဖမ်းဆီးသတ်ဖြတ်ပြီး ရေမျက်ရွာရှိ နေအိမ် ၆ လုံးကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း ကမ္မမြို့နယ် We Love Myaing အဖွဲ့နှင့် ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ဒီဇင်ဘာ ၁၁ ရက်နေ့တွင် ပခုက္ကူမြို့နယ်၊ ရေလာလေး ပျူစောထီးရွာကို တော်လှန်ရေး တပ်ဖွဲ့များ တိုက်ခိုက်သိမ်းပိုက်ပြီးနောက် ညောင်ဂျစ်ပင်ရွာရှိ အကြမ်းဖက် စစ်တပ်က ကျေးရွာများကို ဆက်တိုက်စစ်ကြောင်းထိုးပြီး နေအိမ်များကို မီးရှို့ဖျက်ဆီးနေခြင်းဖြစ်ကြောင်း သိရသည်။

ဒီဇင်ဘာလ ၁၄ ရက်နေ့တွင် အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် ကမ္မမြို့နယ်အတွင်းရှိ ကျေးရွာများကို ဝင်ရောက်စီးနင်းစဉ် ပြည်သူ ၁ ဦးကို ဖမ်းဆီးသတ်ဖြတ်ခဲ့ခြင်းဖြစ်ကြောင်း၊ အကြမ်းဖက် စစ်ကောင်စီ တပ်သားများ သတ်ဖြတ်သွားသော ပြည်သူ၁ ဦး၏ ရုပ်အလောင်းမှာလည်း ပျက်စီးနေခြင်းကြောင့် မည်သူမည်ဝါ ဖြစ်သည်ကို အတည်ပြုနိုင်ခြင်းမရှိသေးကြောင်း သိရှိရသည်။

“ရုပ်အလောင်းကိုတော့ ကမ္မမြို့နယ် အတွင်းမှာပဲ တွေ့ခဲ့တယ်။ ရုပ်အလောင်းက ပျက်နေပြီ စစ်ခွေးတွေ သတ်ဖြတ်သွားတဲ့သူက ဝါးကျွန်းတွင်းကျေးရွာက ပြည်သူဆိုပြီး ပြောနေကြတာပေါ့။ တကယ်တော့ အတည်ပြုနိုင်ခြင်းမရှိသေးဘူး။ ဘယ်ရွာက ပြည်သူဆိုတာတော့ နယ်မြေရှင်းလင်းရေးတွေလည်း မလုပ်ရသေးတော့ အတည်မပြုနိုင်သေးတာ ခွေးစစ်ကြောင်းက ၁၄ ရက်နေ့က သတ်ဖြတ်သွားတာ” ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။

ထို့ပြင် ညောင်ဂျစ်ပင်ရွာမှ အကြမ်းဖက် စစ်ကောင်စီ တပ်သားများကလည်း ရေမျက်ရွာကို ပစ်ခတ် ဝင်ရောက်စီးနင်းပြီး ပြည်သူပိုင် နေအိမ် ၆ လုံးကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း We Love Myaing အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။

ယနေ့ ဒီဇင်ဘာလ ၁၈ ရက်နေ့ မွန်းလွဲ ၁၂ နာရီခန့်တွင် ညောင်ဂျစ်ပင်ရွာမှ အကြမ်းဖက် စစ်ကောင်စီ တပ်သားများကလည်း တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ရေမျက်ရွာကို ပစ်ခတ် ဝင်ရောက်စီးနင်းပြီး ပြည်သူပိုင် နေအိမ် ၆ လုံးကို မီးရှို့ဖျက်ဆီးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“ညောင်ဂျစ်ပင်ရွာက စစ်ခွေးတွေက လာရှို့တာ ဒီနေ့ ၁၂ နာရီလောက်က နေအိမ် ၆ လုံးကို မီးရှို့ဖျက်ဆီးသွားတယ်။ မီးရှို့ပြီးတော့ ညောဂျစ်ပင်ထဲကို ပြန်ဝင်သွားတယ်။ ဘာတိုက်ပွဲမှမရှိဘူး။ ဒီတိုင်းကို လာရှို့တာ အဲရွာတွေဆိုတာ တစ်နေ့လုပ်မှ တစ်နေ့စားရတဲ့ ခက်ခဲတဲ့ရွာလေး စစ်ခွေးတွေက ရွာထဲကို ပစ်ပြီးဝင်လာတော့ အကုန်ထွက်ပြေးရတာ” ဟု We Love Myaing အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ဆက်လက် ပြောဆိုသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article