ရန်ကုန်၊ ဒီဇင်ဘာ ၁၈
နိုင်ငံတစ်ဝန်း စစ်ရှုံးနေသည့် အကြမ်းဖက် စစ်ခေါင်းဆောင် မင်းအောင်လှိုင်က လူယုံ ဒုတိယဗိုလ်ချုပ်ကြီး ကျော်စွာလင်းကို စစ်တပ်၏ နံပါတ် ၃ ခေါင်းဆောင်အဖြစ် ရာထူးတိုးပေးပြီး ကာကွယ်ရေးဝန်ကြီးနှင့် ကြည်းရေလေ ညှိနှိုင်းကွပ်ကဲရေးမှူးကို ရာထူးမှ ဖယ်ရှားပြီး အရပ်ဘက်ပြောင်းရွှေ့လိုက်ကြောင်း နေပြည်တော်တပ်သတင်းရင်းမြစ်က ပြောဆိုသည်။
စစ်ဦးစီးအရာရှိချုပ်(ကြည်း)နှင့်စစ်ထောက်ချုပ် ဒုတိယဗိုလ်ချုပ်ကြီးကျော်စွာလင်းကို စစ်တပ်၏ နံပါတ် ၃ အဆင့် ခေါင်းဆောင်ဖြစ်သော ကြည်း၊ ရေ၊လေ ညှိနှိုင်းကွပ်ကဲရေးမှူးအဖြစ်သို့ ရာထူးတိုးမြှင့်လိုက်ခြင်းဖြစ်သည်။
ကာကွယ်ရေးဝန်ကြီး ဗိုလ်ချုပ်ကြီးတင်အောင်စန်းနှင့် ကြည်း၊ရေ၊ လေ ညှိနှိုင်းကွပ်ကဲရေးမှူး ဗိုလ်ချုပ်ကြီး မောင်မောင်အေးကို ဝန်ကြီးများအဖြစ် ပြောင်းရွှေ့ခဲ့ပြီး ဗိုလ်ချုပ်ကြီးတင်အောင်စန်းသည် စစ်ကောင်စီဝန်ကြီးချုပ်ရုံးဝန်ကြီးအဖြစ်လည်းကောင်း၊ ဗိုလ်ချုပ်ကြီးမောင်မောင်အေးကို ကာကွယ်ရေးဝန်ကြီးအဖြစ်လည်းကောင်း ပြောင်းရွှေ့တာဝန်ပေးခြင်းဖြစ်သည်။
“ညှိကွပ်က တပ်မတော် အရန်အင်အားစာရင်း သွင်းခံရပြီး ကာကွယ်ရေးဝန်ကြီးဖြစ်လာတာပါ” ဟု နေပြည်တော်စစ်ဘက်သတင်းရင်းမြစ်က ဆိုသည်။
လတ်တလော AA နှင့် PDF များ ဝင်ရောက်ရန် အခြေအနေများနေသည့် အရေးပေါ် ဖြစ်နေသော ဧရာ၀တီတိုင်း၊ အနောက်တောင်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ရာထူးကိုလည်း အပြောင်းအလဲ လုပ်လိုက်ပြီး လက်ရှိ တိုင်းမှူးဗိုလ်ချုပ်ဝေလင်းကို အရန်အင်အားသို့ ပို့ဆောင်ကာ နိုင်ငံခြားရေးဝန်ကြီးဌာနသို့ ပြောင်းရွှေ့လိုက်ကြောင်း ၊ ဗိုလ်မှူးချုပ် စိုးကျော်ထက်ကို အနောက်တောင်တိုင်းစစ်ဌာနချုပ် တိုင်းမှူးသစ်အဖြစ် ခန့်အပ်လိုက်ကြောင်း သိရှိရသည်။
အနောက်တောင်တိုင်းစစ်ဌာနချုပ် တိုင်းမှူးသစ်ဖြစ်လာသူ ဗိုလ်မှူးချုပ် စိုးကျော်ထက်သည် ရခိင်ပြည်၊ အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်၊ တောင်ကုတ်တပ်နယ်တွင် တာဝန်ထမ်းဆောင်ခဲ့သူလည်းဖြစ်သည်။
အနောက်မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်သန်းထိုက်သည် စစ်ဦးစီးအရာရှိချုပ်(ကြည်း) နေရာသို့ ရောက်ရှိလာပြီး အနောက်မြောက်တိုင်းစစ်ဌာနချုပ်တိုင်းမှူးအဖြစ် တပ်မတော် တန်းမြင့်လေ့ကျင့်ရေး သင်တန်းကျောင်း (တတက-၁၃) ကျောင်းအုပ်ကြီး ဗိုလ်မှူးချုပ် မျိုးမင်းထွေးက တိုင်းမှူးအသစ်ဖြစ်လာသည်။
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar