ရန်ကုန်၊ ဒီဇင်ဘာ ၁၉
နယူးဇီလန်ရှိ တရုတ်သံရုံးရှေ့တွင် မြန်မာ့အရေး ဝင်ရောက်စွက်ဖက်နေသော တရုတ်အစိုးရကို ပြည်ပရောက် မြန်မာနိုင်ငံသားများက ကန့်ကွက်ဆန္ဒပြကြသည်။
ယနေ့ ဒေသစံတော်ချိန် မွန်းလွဲ ၂ နာရီတွင် နယူးဇီလန်ရောက် မြန်မာ့အရေးလှုပ်ရှားသူများက အောက်ကလန်မြို့၊ တရုတ်ကောင်စစ်ဝန်ရုံးရှေ့ တွင်ပိတ် ဆို့ ကန့်ကွက်ဆန္ဒပြကြကြောင်း၊ လုံခြုံရေးတင်းကျပ်ထားလေ့ရှိသော တရုတ်ကောင်စစ်ဝန်ရုံးကို နယူးဇီလန်ရဲတပ်ဖွဲ့ထံ ကြိုတင်အကြောင်းကြားခြင်းမပြုဘဲ ဆန္ဒပြကြခြင်းဖြစ်ကြောင်း သိရှိရသည်။
ဆန္ဒပြပွဲတွင် မြန်မာ့အရေး လှုပ်ရှားသော ဆန္ဒပြသူများနှင့် တရုတ်ကောင်စစ်ဝန်ရုံး လုံခြုံရေးအစောင့်များအကြား အချင်းများ ပြဿနာတက် ခဲ့ကြောင်း၊ နယူးဇီလန် သံတမန်လုံခြုံရေးတပ်ဖွဲ့( Diplomatic Squad) မှ တပ်ဖွဲ့ဝင်များရောက်ရှိလာပြီး ညှိနှိုင်းပေးကြသဖြင့် တရုတ် သံရုံးအပေါက်ရှေ့မှ စွန့်ခွာပြီး ဆန္ဒပြခြင်း၊ ကြွေးကြော်သံများ အော်ဟစ်ကြကြောင်း၊ ဆန္ဒပြပွဲကို ယနေ့ ဒေသစံတော်ချိန် မွန်းလွဲ ၂ နာရီ ၄၅ မိနစ်တွင် ရုပ်သိမ်းခဲ့ကြောင်း သိရှိရသည်။
တရုတ်သံရုံးအတွင်းမှ ဆန္ဒပြသူများကို ဓာတ်ပုံရိုက်ယူခြင်း၊ဗီဒီယိုမှတ်တမ်းတင်ခြင်းများပြုလုပ်ခဲ့ကြောင်း ၊ တရုတ်အစိုးရအနေဖြင့် စစ်ရာဇဝတ် ကောင် မင်းအောင်လှိုင်ကို ထောက်ခံအားပေးနေမှုကို ရပ်တန့်ရန် ဖြစ်ကြောင်း ၊ ဆန္ဒပြပွဲသို့ ABSDF တပ်ဖွဲ့ဝင်ဟောင်းအချို့၊ နယူးဇီလန်တွင် ပညာသင်ကြားနေသော GZ လူငယ်များနှင့် မြန်မာ့အရေးလှုပ်ရှားသူများ တက်ရောက်ခဲ့ကြကြောင်း သိရှိရသည်။
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar