27 C
Yangon

Khit Thit သတင်းဌာန၏ ဒီဇင်ဘာ ၁၉ ရက် ညနေပိုင်း ရုပ်သံသတင်းအစီအစဉ်

Must read

By ရန်ကုန်ခေတ်သစ်

ဒီကနေ့ ဒီဇင်ဘာ ၁၉ ရက် ညနေပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့

  • ရခိုင်ပြည်နယ် ၊ အမ်းမြို့က နောက်ဆုံး ကျန်နေတဲ့ အကြမ်းဖက် စစ်ကောင်စီရဲ့ အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်ကို အာရက္ခတပ်တော် AA က အပြီးသတ် သိမ်းပိုက်ဖို့အတွက် စစ်ရုံးအတွင်းမှာရှိနေတဲ့ စစ်ကောင်စီတပ်သားရာဂဏန်းလောက်က ဆက်လက်ခုခံနေပြီး ၊ ရခိုင်ရိုးမဘက်ကနေ ပစ်ကူပေးနေတဲ့ လက်နက်ကြီးတွေဟာ သူတို့စစ်သားတွေကို ပြန်ထိပြီး တော်တော်ကို သေနေကြတဲ့အပြင် ဂွမြို့က တိုက်ပွဲမှာလည်း စစ်ကောင်စီဘက်က အတုံးအရုံးသေနေကြပြန်တယ်လို့ အာရက္ခတပ်တော် AA က တရားဝင်ထုတ်ပြန်ထားပါတယ်။
  • ရှမ်းပြည်နယ်တောင်ပိုင်း ရပ်စောက်မြို့နယ်က ကျောက်ဂူဒေသမှာ အကြမ်းဖက် စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးတပ်တွေအကြား တိုက်ပွဲတွေဆက်တိုက်ပြင်းထန်နေပြီး ၊ အထိနာနေတဲ့ စစ်ကောင်စီက လေကြောင်းပစ်ကူတွေနဲပါ အသည်းအသန် ဗုံးကျဲတိုက်ခိုက်နေတယ်လို့ ဓနုပြည်သူ့လွတ်မြောက်ရေး တပ်တော် (DPLA) တပ်ဖွဲ့ရဲ့ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်ကိုပြောပါတယ်။
  • အကြမ်းဖက် စစ်ကောင်စီတပ်က လုံခြုံရေးတင်းကျပ်ထားတဲ့ မန္တလေးမြို့မှာ မနေ့ကပဲ မဟာ အောင်မြေမြို့နယ်မှာရှိတဲ့ ရွှေစင်အကယ်ဒမီရွှေဆိုင်ကို ဓားပြတိုက်မှုဖြစ်ပွားခဲ့ပြန်ပြီး ရွှေ ၄ ပိဿာ ကျော်ပါသွားသလို ၊ တရားခံတွေကိုလည်း မမိသေးတဲ့ သတင်းအပါအဝင် နောက်ဆုံးရ သတင်းတွေကို တင်ဆက်ပေးပါမယ်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article