26 C
Yangon

မြင်းမူမြို့နယ်၊ မုံရွာ-မန္တလေး လမ်းပိုင်းတွင် ကြေးနီ ယာဉ်တန်းကို မိုင်းဆွဲ တိုက်ခိုက်မှု ကား ၂ စီး ပျက်စီး

Must read

ရန်ကုန်၊ ဒီဇင်ဘာ ၂၀

စစ်ကိုင်းတိုင်း၊ မြင်းမူမြို့နယ်၊ မုံရွာ -မန္တလေး လမ်းပိုင်းတွင် အကြမ်းဖက် စစ်တပ်၏ ကြေးနီတင်ယာဉ်တန်းကို မိုင်းဆွဲ တိုက်ခိုက်ခဲ့ရာ ကား ၂ စီး ပျက်စီးခဲ့ကြောင်း Black Eagle Defence Force – MMU မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ယမန်နေ့ ဒီဇင်ဘာလ ၁၉ ရက်နေ့ နံနက် ၁၁ နာရီ ၄၀ မိနစ်ခန့်တွင် မုံရွာမြို့ဘက်မှ စစ်ကိုင်းဘက်သို့ ထွက်လာသော ကြေးနီတင်ယာဉ်တန်းနှင့် လုံခြုံရေး လိုက်ပါလာသော သံပြားကာ ကားများကို မြင်းမူမြို့ နယ်၊ မုံရွာ -မန္တလေး လမ်းပိုင်းရှိ ဘိုးမင်းကြီးကင်းနှင့် ဂွေးပင်တောကျေးရွာ အကြားအရောက်တွင် တော်လှန်ရေး တပ်ဖွဲ့များက ပဒေသာ မိုင်း ၂ လုံး ပွိုင့် ၅ ပွိုင့်ဖြင့် ၅ ကြိမ် မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်သား ၂ ဦး ဒဏ်ရာရပြီး ကား ၂ စီး ပျက် စီးခဲ့ကြောင်း သိရသည်။

မိုင်းဆွဲခံရမှုကြောင့် ပျက်စီးသွားသော ကားများကို ဒို့မြန်မာဆီဆိုင်အကျော် စစ်တပ် အထိုင်စခန်း နှင့် မြောင်လမ်းခွဲရှိ အကြမ်းဖက်စစ်တပ် အထိုင်စခန်းတို့တွင် ရပ်ထားခဲ့ကြောင်း သိရှိရသည်။

“သေစာရင်းတော့မသိရသေဘူး။ နှစ်ယောက်ဒဏ်ရာရတယ်။ ကားနှစ်စီး ပျက်စီးတယ်။ ၄ စီးမြောက်၊ ၅ စီးမြောက်၊ ၆ စီးမြောက်၊ ၁၀ စီးမြောက်နဲ့ ၁၅ စီးမြောက်ကားတွေကို မိုင်းပွိုင့် ၅ ပွိုင့်နဲ့ ဆွဲခဲ့တာ မုံရွာ-မန္တလေးလမ်းမကြီးကို သွားလာနေတဲ့ ပြည်တွေအနေနဲ့ စစ်ခွေး ယာဉ်တန်းတွေနဲ့ ကပ်မလိုက်ဖို့ သတိပေး ချင်ပါတယ်။ ပြည်သူကားတွေက စစ်ခွေးယာဉ်တန်းတွေနဲ့ ကပ်ပါလာတော့ ပြည်သူများ ထိခိုက်မိမှာစိုးလို့ မဆွဲလိုက်ရတဲ့ ကားယာဉ်တန်းတွေလည်း ရှိလို့ပါ” ဟု Black Eagle Defence Force – MMU မှ တာဝန် ရှိသူတစ်ဦးက ပြောဆိုသည်။

အဆိုပါ တိုက်ခိုက်မှုကို မြင်းမူမြို့နယ် ပကဖ မှ ဦးဆောင်၍ Black Eagle Defence Force-MMU ရဲဘော်များက လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article