27 C
Yangon

ပခုက္ကူမြို့နယ်ရှိ ကျေးရွာ ၅ ရွာကို စစ်တပ်က မီးရှို့ဖျက်ဆီးမှု စာသင်ကျောင်း အပါအဝင် နေအိမ် ၁၃၆ လုံးပြာကျ

Must read

ပခုက္ကူမြို့နယ်ရှိ ကျေးရွာ ၅ ရွာကို စစ်တပ်က မီးရှို့ဖျက်ဆီးမှု စာသင်ကျောင်း အပါအဝင် နေအိမ် ၁၃၆ လုံးပြာကျ

ရန်ကုန်၊ ဒီဇင်ဘာ ၂၂

မကွေးတိုင်း၊ ပခုက္ကူမြို့နယ်ရှိ ကျေးရွာ ၅ ရွာကို အကြမ်းဖက် စစ်တပ်က မီးရှို့ဖျက်ဆီးခြင်းကြောင့် စာသင်ကျောင်း အပါအဝင် နေအိမ် ၁၃၆ လုံးပြာကျခဲ့ကြောင်း ဒေသတွင်း တော်လှန်ရေး တပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

ဒီဇင်ဘာလ ၁၃ ရက်နေ့မှ စတင်ပြီး ပခုက္ကူမြို့နယ်နှင့် ကမ္မမြို့ အစပ်ကို စစ်ကြောင်းထိုးနေသည့် အကြမ်းဖက် စစ်တပ်က ကျေးရွာ ၅ ရွာကို မီးရှို့ဖျက်ဆီးခဲ့ပြီး စာသင်ကျောင်း အပါအဝင် နေအိမ် ၁၃၆ လုံး မီးလောင်ပြာကျခဲ့ကြောင်း သိရသည်။

အကြမ်းဖက် စစ်တပ် မီးရှို့ဖျက်ဆီးမှုကြောင့် ရွာသာအေးကျေးရွာမှ နေအိမ် ၂၃ လုံး၊ ရေမျက်ကျေးရွာမှ နေအိမ် ၈ လုံး၊ ပြည့်အိုင်ကျေးရွာမှ နေအိမ် ၁ လုံး၊ ဝါးကျွန်းတွင်း ကျေးရွာမှ စာသင်ကျောင်းနှင့် နေအိမ် ၂၄ လုံး၊ ရေလာကြီးကျေးရွာမှ နေအမ် ၇၉ လုံး မီးလောင် ပြာကျခဲ့ကြောင်း သိရသည်။

“ပခုက္ကူမြို့နယ် ရေလာလေးရွာ စစ်ခွေးနဲ့ ပျူခွေး အထိုင် စခန်း တိုက်ခိုက်သိမ်းပိုက်ခံရပြီးနောက် စစ်ကြောင်းထိုးလာတဲ့ စစ်ခွေးတွေက ကျေးရွာ ၅ ရွာကို မီးရှို့ဖျက်ဆီးခဲ့တယ်။ စစ်ခွေးတွေ မီးရှို့ဖျက်ဆီးလို့ ကျေးရွာ ၅ ရွာက နေအိမ် ၁၃၅ လုံးနဲ့ စာသင်ကျောင်း ၁ ကျောင်း မီးလောင် ပျက်စီးခဲ့တယ်” ဟု ဒေသတွင်း တော်လှန်ရေး တပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။

ထို့ပြင် အကြမ်းဖက် စစ်ကောင်စီ တပ်သားများသည် ပြည်သူပိုင် ပစ္စည်း အများအပြားကိုလည်း လုယက် ခိုးယူသွားကြောင်း သိရှိရသည်။

ဒီဇင်ဘာလ ၁၁ ရက်နေ့ နံနက် ၆ နာရီခန့်တွင် ပခုက္ကူမြို့နယ်၊ ရေလာလေးကျေးရွာရှိ အကြမ်းဖက် စစ်တပ် လက်အောက်ခံ ပျူစောထီးစခန်းကို အမှတ် ၈ စစ်ကြောင်းက ဦးဆောင်ပြီး တော်လှန်ရေးတပ်ဖွဲ့များ ပူးပေါင်း ၍ ဝင်ရောက်စီးနင်းတိုက်ခိုက်ခဲ့ရာ အပြန်အလှန် ပစ်ခတ်တိုက်ပွဲ ၁ နာရီကျော်ကြာမြင့်ခဲ့ပြီး အကြမ်းဖက်စစ်သား ၆ ဦးသေဆုံးကာ ၇ ဦး အရှင်ဖမ်းမိပြီး လက် နက် ၁၈ လက်နှင့် ခဲယမ်းအများ အပြား သိမ်းဆည်းရရှိခဲ့ကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article