28 C
Yangon

Khit Thit သတင်းဌာန၏ ဒီဇင်ဘာ ၂၄ ရက် နေ့လယ်ပိုင်း ရုပ်သံသတင်းအစီအစဉ်

Must read

By ရန်ကုန်ခေတ်သစ်

ဒီကနေ့ ဒီဇင်ဘာ ၂၄ ရက် နေ့လယ်ပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့

  • အကြမ်းဖက် စစ်ခေါင်းဆောင် မင်းအောင်လှိုင်က သူ့ရဲ့ လူရုံ ဒုတိယ ဗိုလ်ချုပ်ကြီး ကျော်စွာလင်း ဆိုသူကို ဘာမှ စစ်မတိုက်ဖူးပဲ တတိယ စစ်ခေါင်းဆောင် နေရာမျိုးဖြစ်တဲ့ ကြည်းရေလေ ညှိ/ကွပ် ရာထူးအထိ တိုးပေးလိုက်တဲ့အပေါ် စစ်တပ်ထဲမှာ ဝေဖန်သံတွေ အကြီးအကျယ် ဆူညံနေကြတယ်လို့ စစ်တပ် သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်ကို ပြောပါတယ်။
  • ရခိုင်ပြည်နယ်က အကြမ်းဖက် စစ်ကောင်စီရဲ့ အမ်းမြို့ နပခ တိုင်းစစ်ဌာနချုပ်ကြီးကို သိမ်းပိုက်ပြီး တဲ့နောက် အာရက္ခတပ်တော် AA က စစ်တွေမြို့အနီး ပင်လယ်ပင်ပြင်မှာရှိတဲ့ စစ်ကောင်စီရဲ့ ရေတပ်သင်္ဘောတွေကို လက်နက်ကြီးတွေနဲ့ ပစ်ခတ်ပြီး စတင်တိုက်ခိုက်နေပြီး ၊ စစ်ကောင်စီတပ်က ကြောက်လန့်တကြားနဲ့ အကြီးအကျယ် ခံစစ်ပြင်နေကြပြန်တယ်လို့ ဒေဿခံသတင်းရင်းမြစ်ဆီကနေ သိရပါတယ်။
  • စစ်ကိုင်းမြို့ တပ်မ ၃၃ ကနေ ထွက်လာတဲ့ အကြမ်းဖက် စစ်ကောင်စီတပ် စစ်ကြောင်းကို တော်လှန်ရေးပူးပေါင်းတပ်တွေက ကြားဖြတ်တိုက်ခိုက်ခြေမှုန်းမှုအတွင်း စစ်ကောင်စီတပ်သား ၁၂ ဦးကတော့ ပစ်ခတ်မှုတွေအတွင်းမှာပဲ အသီးသီး သေကုန်ကြပြန်ပြီး ၊ သူတို့စစ်သား အလောင်းတွေနဲ့ ဒဏ်ရာ ရစစ်သားတွေကို စစ်ကားတွေနဲ့ လာသယ်သွားတဲ့ သတင်းအပါအဝင် နောက်ဆုံးရသတင်းတွေကို တင်ဆက်ပေးပါမယ်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article