21.1 C
Yangon

သရက်ခရိုင်တွင် စစ်ဖက်ရေးရာ လုံခြုံရေးတပ်မှ တပ်ကြပ်ကြီး ၁ ဦးနှင့် တပ်သား ၁ ဦး သေနတ် ၂ လက်ယူဆောင်လာပြီး အလင်းဝင်

Must read

ရန်ကုန်၊ ဒီဇင်ဘာ ၂၅

မကွေးတိုင်း၊ သရက်ခရိုင်တွင် စစ်ဖက်ရေးရာ လုံခြုံရေးတပ်မှ တပ်ကြပ်ကြီး ၁ ဦးနှင့် တပ်သား ၁ ဦး သေနတ် ၂ လက်ယူ ဆောင်လာပြီး အလင်းဝင်ရောက်ခဲ့ကြောင်း အမှတ် ၁ စစ်ဒေသ သရက်ခရိုင် အမှတ် ၄ တပ်ရင်းမှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ဒီဇင်ဘာလ ၂၃ ရက်နေ့တွင် စစ်ဖက်ရေးရာ လုံခြုံရေးတပ် (နပခ) မှ တပ်ကြပ်ကြီး ၁ ဦး နှင့် တပ်သား ၁ ဦး သည် ပြည်သူ့ ကာကွယ်ရေးတပ်မတော် ၊ အမှတ် – ၁ စစ်ဒေသ သရက်ခရိုင် အမှတ် ၄ တ-ပ်ရင်းထံသို့ အလင်းဝင်ရောက်ရန် အဆင့်ဆင့် ဆက်သွယ် ချိတ်ဆက်လာသောကြောင့် တော်လှန်ရေး ရဲဘော်များက သွားရောက် ကယ်ထုတ်ခဲ့ရကြောင်း သိရသည်။

အလင်းဝင်လာသော စစ်ကောင်စီ တပ်သား ၂ ဦးသည် MA-3 သေနတ် ၁ လက် ၊ ပစ္စတိုသေနတ် ၁ လက် ၊ အီနာဂါဗုံးသီး ၁ လုံးနှင့် ကျည်များ ယူဆောင်လာခဲ့ကြောင်း သိရသည်။

လက်ရှိချိန်ချိန်တွင် အလင်းဝင်လာသော စစ်ကောင်စီ တပ်သား ၂ ဦးကို ကျန်းမာရေး စောက်ရှောက်မှုများပေး၍ ကောင်းမွန်စွာ

လက်ခံထားပြီး ထိုက်သင့်သော ဆုကြေးငွေ ချီးမြှင့်မှုများ ဆက်လက်လုပ်ဆောင်သွားမည်ဖြစ်ကြောင်း သိရှိရသည်။

တစ်နိုင်ငံလုံး အနှံ့ စစ်ရှုံးနေပြီး မကြာခင် ICC ဖမ်းဝရမ်း အထုတ်ခံရတော့မည့် အကြမ်းဖက် စစ်ခေါင်းဆောင် မင်းအောင်လှိုင် လက်အောက်တွင် ဆက်လက် တာဝန်မထမ်းလိုဘဲ ပြည်သူ့ဘက် ခိုလုံ အလင်းဝင်လာလိုသော တပ်မတော်သားများ အားလုံးကို အမြဲကြိုဆိုလျက် ရှိနေကြောင်း အမှတ် ၁ စစ်ဒေသ သရက်ခရိုင် အမှတ် ၄ တပ်ရင်းမှ တာဝန်ရှိသူက ပြောဆိုသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article