21 C
Yangon

တောင်သာမြို့နယ်၊ ဇရပ်ကြီးရွာ စာသင်ကျောင်းကို စစ်တပ်က လေကြောင်းဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့သည့်အပြင် စစ်သားများ လိုက်ပါသော စက်တပ် လေထီးများပါ စီးနင်း အသုံးပြု တိုက်ခိုက်

Must read

ရန်ကုန်၊ ဒီဇင်ဘာ ၂၆

မန္တလေးတိုင်း၊ တောင်သာမြို့နယ်၊ ဇရပ်ကြီးရွာ စာသင်ကျောင်းကို အကြမ်းဖက် စစ်တပ်က လေကြောင်းဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့သည့်အပြင် စစ်သားများ လိုက်ပါသော စက်တပ် လေထီးများဖြင့်ပါ အသုံးပြု တိုက်ခိုက်ခဲ့ကြောင်း တောင်သာမြို့နယ် လူထုလှုပ်ရှားမှုကော်မတီမှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ဒီဇင်ဘာလ ၂၅ ရက်နေ့ မွန်းလွဲ ၁၂ နာရီခန့်နှင့် ၂ နာရီခန့်တွင် တောင်သာမြို့နယ်၊ ဇရပ်ကြီးရွာ စာသင်ကျောင်းကို အကြမ်းဖက် စစ်တပ်က လေယာဉ်ဖြင့် ၂ ကြိမ် ဗုံးကျဲ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ယင်းတိုက်ခိုက်မှု အတွင်း အကြမ်းဖက် စစ်တပ်သည် စက်တပ် လေထီးများဖြင့်ပါ အသုံးပြု တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ထို တိုက်ခိုက်မှုကြောင့် အမျိုးသမီး ၂ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ၊အဆိုပါ လေထီးတပ်ဆင်ထားသောယာဉ်များသည် တိုက်ခိုက်မှု ပြုလုပ်ပြီးနောက် မလှိုင်မြို့နယ် အတွင်း ဆင်းသက်ခဲ့ကြောင်းသိရသည်။

“စစ်ခွေးတွေ ဇရပ်ကြီးရွာ စာသင်ကျောင်းကို စစ်ခွေးတွေ လေကြောင်း တိုက်ခိုက်မှုမှာ စက်တပ် လေထီးတွေပါ အသုံးပြု တိုက်ခိုက်ခဲ့တယ်။ ဗုံးကျဲပြီးတော့ အဲ့လေထီးတွေ မလှိုင်မြို့နယ် အခြေပြု နေရာတစ်ခုကို ဆင်းသက်သွားပါတယ်။ အကြမ်းဖက် စစ်ကောင်စီက လေယာဉ်ဆီပြတ်လပ်မှုကြောင့် အခုလို စစ်တပ် လေထီးတွေ ပိုမို အသုံးပြု လာနိုင်တယ်။ ပြည်သူတွေ အနေနဲ့ လေထီးတွေ လာရာ အရပ်ကနေ အချင်းချင်းအသိပေးဖို့ လိုအပ်တယ်” ဟု တောင်သာမြို့နယ် လူထုလှုပ်ရှားမှု ကော်မတီမှ တာဝန်ရှိသူက ပြောဆိုသည်။

အကြမ်းဖက်စစ်ကောင်စီက တောင်သာမြို့နယ်အတွင်းတွင် လေကြောင်းတိုက်ခိုက်ခြင်း၊ စစ်ကြောင်းထိုးခြင်းများကို ဆက်တိုက်ဆိုသလို လုပ်ဆောင်လျက်ရှိကြောင်း သိရှိရသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article