21 C
Yangon

သာယာဝတီခရိုင်တွင် မြို့သိမ်းတိုက်ပွဲများ ဖြစ်ပွားလာနိုင်၍ ပြည်သူများ ကြိုပြင်ထားရန် PDF တပ်ဖွဲ့ သတိပေး

Must read

ရန်ကုန်၊ ဒီဇင်ဘာ ၂၆

ပဲခူးတိုင်း၊ သာယာဝတီခရိုင် ပဲခူးရိုးမအတွင်း စစ်တပ်က စစ်ကြောင်း ထိုးရန် ပြင်ဆင်နေပြီး မြို့သိမ်းတိုက်ပွဲများ ဖြစ်ပွားလာနိုင်၍ ပြည်သူများ ကြိုတင်ပြင်ဆင်ထားရန် သာယာဝတီခရိုင် PDF မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

သာယာဝတီခရိုင်အတွင်းရှိ သာယာဝတီမြို့နယ်၊ လက်ပံတန်းမြို့နယ်၊ မင်းလှမြို့နယ်၊ မိုးညိုမြို့၊ အုတ်ဖိုမြို့နယ်၊ ကြို့ပင်ကောက်မြို့နယ်၊ ဇီးကုန်းမြို့နယ်နှင့် နတ်တလင်းမြို့နယ်တို့နှင့် ထိစပ်နေသော ပဲခူးရိုးအတွင်း အကြမ်းဖက် စစ်တပ် အင်အားအလုံးအရင်းဖြင့် စစ်ကြောင်းထိုးရန် ပြင်ဆင်နေခြင်းဖြစ်ကြောင်း သိရသည်။

ထိုသို့ ပဲခူးရိုးမအတွင်း အကြမ်းဖက် စစ်တပ် စစ်ကြောင်းထိုးလျှင် တိုက်ပွဲများ ပြင်းထန်လာနိုင်ပြီး မြို့သိမ်းတိုက်ပွဲများပါ ဖြစ်ပွားလာနိုင်၍ ပြည်သူများ ကြိုတင်ပြင်ဆင်ထားရန် လိုအပ်ကြောင်း တော်လှန်ရေး တပ်ဖွဲ့များက သတိပေးထားခြင်းဖြစ်ကြောင်း သိရှိရသည်။

လက်ရှိချိန်တွင် အကြမ်းဖက် စစ်တပ်သည် ပဲခူးရိုးမအတွင်း လေယာဉ်ဖြင့် ကင်းထောက်ခြင်းများ၊ တိုက်ခိုက်ရေး ဂျက်လေယာဉ်များ ဆက်တိုက်ပျံဝဲခြင်းများ လုပ်ဆောင်နေပြီး တော်လှန်ရေး တပ်ဖွဲ့များကလည်း စောင့်ကြည့်မှုများ လုပ်ဆောင်နေကြောင်း သိရသည်။

“ပြည်သူတွေအနေနဲ့ ရိုးမ မှာရော မြို့ပေါ်မှာပါ အချိန်မရွေး တိုက်ပွဲဖြစ်လာနိုင်လို့ ကြိုတင်ပြင်ဆင်ထားကြပါ။ မြို့သိမ်းဆိုတာမျိုးအထိ ဖြစ်သွားနိုင်တာမို့ ကြုံလာနိုင်တဲ့အခြေအနေကို မျက်ခြေမပြတ်ဖို့ လိုပါတယ်” ဟု သာယာဝတီခရိုင် PDF မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။

ထို့ပြင် သာယာဝတီခရိုင်အတွင်းရှိ မြို့နယ် ၈ ခုတွင် အကြမ်းဖက် စစ်တပ်က နယ်မြေ စိုးမိုးနိုင်ရေး လုပ်ဆောင်ရာတွင် တပ်မ ၇၇ နှင့် ၁၀၁ တို့ကို ညွှန်ကြားချက်ပါ အတိုင်း စစ်ကြောင်း ၄ ကြောင်း ဖွဲ့စည်းပြီး စိုးမိုးနယ်မြေ အဖြစ် ပြန်လည်သိမ်းပိုက်ရန် ကက ကြည်း နှင့် စစ်ဆင်ရေး အထူးအဖွဲ့ တို့က ကွပ်ကဲဆောင်ရွက်နေကြောင်း သိရသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article