31 C
Yangon

ရုရှားကုန်တင်လေယာဉ် နေပြည်တော်၊ အေလာလေတပ်သို့ စစ်လက်နက်နှင့်စစ်လေယာဉ်အပိုပစ္စည်းများ လာရောက်ပို့ဆောင်

Must read

ရန်ကုန်၊ ဒီဇင်ဘာ ၂၆

ရုရှားကုန်တင်လေယာဉ် IL 76 သည် ယမန်နေ့ ည ၉ နာရီကျော်အချိန် နေပြည်တော်၊ အေလာလေတပ်သို့ ရောက်ရှိပြီး စစ်လက်နက်နှင့် စစ်လေယာဉ် အပိုပစ္စည်းများ လာရောက်ပို့ဆောင်ကြောင်း လေတပ်သတင်းရင်းမြစ်က ပြောဆိုသည်။

ရုရှားကုန်တင်လေယာဉ် IL- 76 အမျိုးအစား လေယာဉ်မှတ် RA- 78765 သည် ရုရှားတောင်ပိုင်း NOBOSIBIRSK မှ ပျံသန်းလာခြင်းဖြစ်ပြီး စစ်လေယာဉ်အပိုပစ္စည်းများနှင့် စစ်လက်နက်တချို့ တင်ဆောင်လာကြောင်း၊ နေပြည်တော် အေလာလေတပ်အတွင်းသို့ ပစ္စည်းသွားရောက်ချထားပြီး ယနေ့ ပြန်လည် ထွက်ခွာမည်ဖြစ်ကြောင်း သိရှိရသည်။

အကြမ်းဖက်စစ်ကောင်စီက နိုင်ငံတစ်ဝန်း လေကြောင်းတိုက်ခိုက်မှုများကို အရှိန်အဟုန်မြှင့်တင်လျက်ရှိရာ ရုရှားတိုက်လေယာဉ်နှင့် စစ်ရဟတ်ယာဉ်များအတွက် အပိုပစ္စည်းများ၊ စစ်လက်နက်များကို ရုရှားနိုင်ငံမှ မကြာခဏဆိုသလို ဝယ်ယူတင်သွင်းနေရကြောင်း သိရှိရသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article