33 C
Yangon

ငါန်းဇွန်တွင် ဖောကားဖြင့် ထွက်လာသော စစ်သားများကို မိုင်းဆွဲ တိုက်ခိုက်မှု စစ်သား ၄ ဦး သေဆုံး

Must read

ရန်ကုန်၊ ဒီဇင်ဘာ ၂၆

မန္တလေးတိုင်း၊ ငါန်းဇွန်မြို့နယ်၊ ငါန်းဇွန်-မြို့သာ လမ်းပိုင်းတွင် ဖောကားဖြင့် လိုက်ပါလာသော အကြမ်းဖက် စစ်ကောင်စီ တပ်သားများကို မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်သား ၄ ဦးသေဆုံးခဲ့ကြောင်း နဂါးနီ ပြောက်ကျားတပ်ဖွဲ့ မြင်းခြံမှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြား သည်။

ယမန်နေ့ ဒီဇင်ဘာလ ၂၅ ရက် ညနေ ၃ နာရီခန့်က ငါန်းဇွန်မြို့ပေါ်မှ မြို့သာမြို့ဘက်သို့ ဖောကား ၁ စီး ဖြင့် လိုက်ပါလာသော အကြမ်းဖက်စစ်သား ၄၀ ဦးခန့်ကို ငါန်းဇွန် – မြို့သာလမ်း ပိုင်းတနေရာ အ ရောက် ပေပါမိုင်း ၂ လုံးဖြင့် မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်သား ၄ ဦးနေရာမှာပင်ပွဲချင်းပြီးသေဆုံးပြီး ၆ ဦး အပြင်းအထန် ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

“ဖောကားနဲ့ ထွက်လာတာကို ငါန်းဇွန်နဲ့မြို့သာကြားမှာ ပေပါမိုင်း ၂ လုံးဆွဲလိုက်တာ၊ ကားကို အ လယ် တည့်တည့်မိတယ်။ ၄ ဦးကတော့ ပွဲချင်းပြီးသေတယ်၊ ၆ ဦးကတော့ မြို့သာဆေးရုံမှာ ဆေး ကုသနေတယ်။ ကားလေးဆိုရင် ပျောက်သွားနိုင်တယ်။ ဖောကားဆိုတော့ ထိခိုက်ပြီး ထိုးရပ်သွားတာ လောက်ပဲ ရှိခဲ့တာ။ ကင်းပုန်းတွေကြားထဲမှာ ဆွဲခဲ့ရတာ၊ အန္တရာယ်ကင်း ကင်းနဲ့တော့ ပြန်ဆုတ်နိုင်ခဲ့ တယ်။ ကားပေါ်မှာက ၄၀ လောက်ပါတာ။” နဂါးနီ ပြောက်ကျားတပ်ဖွဲ့ မြင်းခြံမှ တာဝန်ရှိသူ တစ်ဦး က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြား သည်။

အဆိုပါ တိုက်ခိုက်မှုကို နဂါးနီပြောက်ကျားတပ်ဖွဲ့ မြင်းခြံတပ်ဖွဲ့ဝင်များက လုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article