31 C
Yangon

ဇလွန်တွင် ပဲစိုက်ခင်းများကို ဖျက်ဆီးခိုင်းပြီး နေကြာများ ပြောင်းလဲ စိုက်ပျိုးရန် စစ်ကောင်စီက အမိန့်ထုတ် ၊ နေကြာစိုက်ပျိုးခြင်းမရှိသည့် တောင်သူများကို ဖမ်းဆီး အရေးယူမည်ဟု ခြိမ်းခြောက်

Must read

ရန်ကုန်၊ ဒီဇင်ဘာ ၂၇

ဧရာဝတီတိုင်း၊ ဇလွန်မြို့နယ်တွင် ပဲစိုက် တောင်သူများ၏ စိုက်ခင်းများကို ဝန်ကြီးဌာန အမိန့်ဖြင့် ဖျက်ဆီးခိုင်းပြီး နေကြာများ ပြောင်းလဲ စိုက်ပျိုးခိုင်းကာ နေကြာစိုက်ပျိုးခြင်းမရှိသည့် တောင်သူများကို ဖမ်းဆီး အရေးယူမည်ဟု ခြိမ်းခြောက်နေကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်မီဒီယာသို့ ပြောဆိုသည်။

ဒီဇင်ဘာလပိုင်းမှ စတင်ကာ ဇလွန်မြို့ရှိ အကြမ်းဖက် စစ်တပ် လက်အောက်ခံ စိုက်ပျိုးရေး ဦးစီးဌာန နှင့် သမာဝါယမ ဦးစီးဌာနမှ ဝန်ထမ်းများက မတ်ပဲ စိုက်ကွက်များကို ဝန်ကြီးဌာန အမိန့်ဟုဆိုကာ စိုက်ခင်း အားလုံးကို ဖျက်ဆီးခိုင်းပြီး နေကြာစိုက်ပျိုးရမည်ဟု တောင်သူများကို အဓမ္မစေခိုင်းခဲ့ကြောင်း သိရသည်။

ထို့ပြင် နေကြာ စိုက်ပျိုးခြင်းမရှိသော တောင်သူများကိုလည်း စိုက်ပျိုးရေး ဦးစီးဌာန နှင့် သမာဝါယမ ဦးစီးဌာနရုံးများကို ခေါ်ယူတွေ့ဆုံပြီး ဖမ်းဆီးအရေးယူမှုများ လုပ်ဆောင်မည်ဟု ခြိမ်းခြောက်ပြောဆိုခဲ့ကြောင်း သိရှိရသည်။

လက်ရှိချိန်တွင် တောင်သူများသည် စိုက်ပျိုးထားပြီးသော မတ်ပဲ စိုက်ကွက်များကို ဖျက်ဆီးရခြင်းကြောင့် စိုက်ပျိုး စရိတ်နှင့် သီးနှံ ထွက်ကုန်တန်ဖိုးများပါ ဆုံးရှုံးပြီး နေကြာစိုက်ပျိုးမှုအတွက် စိုက်စရိတ်ကိုလည်း ဝန်ကြီးဌာနက ပေးဆောင်ခြင်းမရှိသောကြောင့် ကိုယ်တိုင် စိုက်ထုတ်ပြီး စိုက်ပျိုးနေရ၍ နစ်နာ ဆုံးရှုံးမှု များပြားကြောင်း သိရသည်။

“ဇလွန်မြို့မှာ စိုက်ပျိုးရေးရုံးနဲ့ သမဝါယဝရုံးတွေက လယ်သမားတွေ စိုက်ပျိုးပြီးသား မတ်ပဲ စိုက်ကွက်တွေကို ဝန်ကြီးဌာန အမိန့်တွေနဲ့ နေကြာစိုက်ပျိုးဖို့ဆိုပြီး ဖျက်ခိုင်းပြီး နေကြာစိုက်ခိုင်းနေပါတယ်။ စိုက်ခင်းတွေ ဖျက်ရတဲ့အပြင် စိုက်စရိတ်တွေပါ ကိုယ်ဘာကို စိုက်ထုတ်နေရပါတယ်။ အဓိကကတော့ ဝန်ကြီးလမ်းကြောင်း လူကြီးလာရင် ပြလို့ ကောင်းမယ့် လမ်းဘေး အချက်အခြာကျတဲ့ အကွက်နေရာတွေက လယ်သမားတွေ ကြုံနေရတာပါ။ လယ်ကွက်ပိုင်ရှင်တွေကို အရင်ဆုံး ရုံးကို ခေါ်တွေ့ပြီး ပြောပါတယ်။ ပြောမရရင် စာထုတ် ဖမ်းဆီး အရေးယူမယ်ဆိုတော့ လယ်သမားတွေက ကြောက်တော့ အသီးအပွင့် ဝင်နေပြီ ဖြစ်တဲ့ မတ်ပဲ စိုက်ကွက်တွေကို ဖျက်ပြီး နေကြာတွေ စိုက်ပေးနေရပါတယ်။ မတ်ပဲက ရမယ့် သီးနှံ ထွက်ကုန်တန်ဖိုးပါ ဆုံးရှုံးတဲ့အပြင် မတ်ပဲစိုက်ကွက်အတွက် ပြင်ဆင်ခဲ့တဲ့ ပိုးသတ်ဆေး မှိုသတ်ဆေး မတ်ပဲမျိုးသန့် စရိတ်တွေပါ ဆုံးရှုံးခဲ့ပါတယ်။ အဓိကက Non CDM ဝန်ထမ်းတွေ ဒုက္ခပေးနေတာပါ” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article