28 C
Yangon

မင်းတပ်မြို့ပေါ်ရှိ ဘုရားစေတီ၊ ကျောင်းနှင့် လူနေရပ်ကွက်များကို စစ်ကောင်စီက လေယာဉ်ဖြင့် ဗုံးကျဲတိုက်ခိုက်မှုကြောင့် နေအိမ် ၂၀၀ ခန့် ပျက်စီး

Must read

ရန်ကုန်၊ ဒီဇင်ဘာ ၂၇

ချင်းပြည်နယ်၊ မင်းတပ်မြို့ပေါ်ရှိ ဘုရားစေတီ၊ ကျောင်းနှင့် လူနေရပ်ကွက်များကို စစ်ကောင်စီက လေယာဉ်ဖြင့် ဗုံးကျဲတိုက်ခိုက်ခြင်း၊ လက်နက်ကြီးဖြင့် ပစ်ခတ်ခြင်းနှင့် မီးရှို့ဖျက်ဆီးခြင်းတို့ကြောင့် နေအိမ် ၂၀၀ ခန့် ပျက်စီးခဲ့ကြောင်း မင်းတပ်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ ပြန်ကြားရေး တာဝန်ခံ ကိုယောမာန်က ရန်ကုန်ခေတ်သစ်မီဒီယာသို့ ပြောဆိုသည်။

မင်းတပ်မြို့သိမ်း တိုက်ပွဲကာလ အတွင်း အကြမ်းဖက် စစ်ကောင်စီ တပ်သားများ၏ မီးရှို့ဖျက်ဆီးမှု၊ လက်နက်ကြီးများဖြင့် ပစ်ခတ်မှုနှင့် လေယာဉ်ဖြင့် ဗုံးကျဲ တိုက်ခိုက်မှုများကြောင့် ပြည်သူပိုင် နေအိမ် ၂၀၀ ခန့် ပျက်စီးခဲ့ကြောင်း သိရသည်။

“နေအိမ်တွေ မီးရှို့ခံရတာ လက်နက်ကြီးတွေ ဗုံးဒဏ်တွေကြောင့် ပျက်စီးတာကတော့ အိမ်ခြေ ၂၀၀ လောက် ရှိပါတယ်” ဟု မင်းတပ်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ ပြန်ကြားရေး တာဝန်ခံ ကိုယောမာန်က ပြောဆိုသည်။

လက်ရှိချိန်တွင် မင်းတပ်မြို့ပေါ်၌ အကြမ်းဖက် စစ်ကောင်စီ တပ်သားများ ပစ်ခတ်ထားသော ပေါက်ကွဲခြင်းမရှိသေးသည့် လက်နက်ကြီးကျည်များနှင့် စစ်တပ်က လေယာဉ်ဖြင့် ကျဲချထားသည့် ပေါက်ကွဲခြင်းမရှိသေးသော ဗုံးသီးများကို တော်လှန်ရေး တပ်ဖွဲ့များက ရှင်းလင်းရေးများ လုပ်ဆောင်နေကြောင်း၊ မင်းတပ်မြို့ သာသနာ့အလင်းရောင် ဘုရားစေတီရင်ပြင်တွင် ပေါင် ၅၀၀ ဗုံးမှာ မပေါက်ကွဲဘဲ စိုက်ဝင်နေကြောင်း သိရသည်။

မင်းတပ်မြို့ကို နိုဝင်ဘာလ ၉ ရက်နေ့မှစ၍ ချင်းညီနောင်စစ်ဆင်ရေး (Operation CB) အဖြစ် မြို့သိမ်းတိုက်ပွဲဖော်ဆောင်ခဲ့ရာ မင်းတပ်မြို့အခြေစိုက် ခလရ ၂၇၄ တပ်ရင်းကို ဒီဇင်ဘာလ ၂၁ ရက်နေ့တွင် အပြီးတိုင် ချေမှုန်းနိုင်ခဲ့ပြီး မင်းတပ်မြို့ကို အလုံးစုံထိန်းချုပ်နိုင်ခဲ့ခြင်းဖြစ်သည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article