23 C
Yangon

၂၀၂၅ ခုနှစ်တွင် ကရင်နီပြည်နယ်အတွင်းရှိ စစ်ကောင်စီ တပ်စခန်း အားလုံးကို သိမ်းပိုက်မည်ဟု KNDF ဥက္ကဋ္ဌ ခွန်းဘီထူး ပြောဆို

Must read

၂၀၂၅ ခုနှစ်တွင် ကရင်နီပြည်နယ်အတွင်းရှိ စစ်ကောင်စီ တပ်စခန်း အားလုံးကို သိမ်းပိုက်မည်ဟု KNDF ဥက္ကဋ္ဌ ခွန်းဘီထူး ပြောဆို

ရန်ကုန်၊ ဇန်နဝါရီ ၁

၂၀၂၅ ခုနှစ်တွင် ကရင်နီပြည်နယ်အတွင်းရှိ အကြမ်းဖက် စစ်ကောင်စီ တပ်စခန်းအားလုံးကို သိမ်းပိုက်သွားမည်ဖြစ်ကြောင်း ကရင်နီအမျိုးသားများကာကွယ်ရေးတပ် – KNDF ဥက္ကဋ္ဌ ခွန်းဘီထူးက နှစ်သစ်ကူး မိန့်ခွန်းတွင် ပြောဆိုလိုက်သည်။

နှစ်သစ်တိုင်းတွင် သန္နိဌာန်အသီးသီးချမှတ်ခဲ့ရာ မပြီးဆုံးသေးသည့် စစ်အာဏာရှင် ဆန့်ကျင်ရေး ၊ ယိုင်နဲ့နေသော်လည်း မပြိုလဲသေးသည့် စစ်အာဏာရှင်ကို အမြန်ဆုံး ပြိုလဲသွားစေရန် လုပ်ဆောင်ကြရမည် ဖြစ်ကြောင်း၊ ၂၀၂၄ ခုနှစ်ကို ပြန်ကြည့်ပါက တော်လှန်ရေးတပ်ဖွဲ့များ ပိုမို စည်းလုံးမှုရှိပြီး သင်ခန်းစာများရရှိခဲ့ကြောင်း ၊ KNDF အနေဖြင့် ၁၁၁၁ စစ်ဆင်ရေးနှင့်အတူ ၁၀၂၇ စစ်ဆင်ရေးကို ပါဝင်ခဲ့ကြောင်း အသိပေးထားသည်။

ယခုနွေရာသီ ကာလတွင် စစ်ကောင်စီတပ်က အတင်းအဓမ္မ စစ်သားစုဆောင်းကာ ထိုးစစ်ဆင်နေသော်လည်း တိုးတက်အောင်မြင်မှုမရှိသည်ကို တွေ့ရှိရပြီး ကရင်နီပြည်နယ်တွင် စစ်မှုထမ်းတပ်သားသစ် ၅၀ ခန့် ဘက်ပြောင်းခိုလှုံခဲ့ကြောင်း၊ ထို့ပြင် စစ်ကောင်စီဘက်ရောက်ရှိနေသူများ အားလုံး နည်းမျိုးစုံဖြင့် တပ်ရင်းလိုက် ဘက်ပြောင်းခိုလှုံလာမည်ဟု ယုံကြည်ကြောင်း ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ် – KNDF ဥက္ကဋ္ဌ ခွန်းဘီထူးက ဆက်လက်ပြောဆိုသည်။

“၂၀၂၄ မှာတော့ အသင့်အတင့်လေး တိုက်ပွဲအခြေအနေအနည်းငယ်လျော့သွားတာလေးရှိခဲ့ပါတယ်။ ဒါကလည်း တော်လှန်ရေးရဲ့ အခက်အခဲတွေကြောင့်မို့လို့ ဖြစ်ပါတယ်။ ၂၀၂၅ မှာ ကျနော်တို့ရဲ့ အောင် ပွဲ တွေအဆင့်ဆင့်ယူနိုင်ဖို့အတွက်ကို ကျနော်တို့ပြင်နေတယ်။ အဲဒီ အတွက်ကိုလည်း ကျ နော့်အနေနဲ့ ကွန်ဖီးဒင့်လုံးဝရှိလာတယ်။ ဒီနှစ်ထဲမှာ စစ်ကောင်စီဘက်မှာရောက်နေတဲ့ သူအားလုံးက နည်းလမ်းပေါင်းစုံနဲ့ ကြိုး ပမ်းပြီး‌ တော့ ဘက်ပြောင်းလာလိမ့်မယ် ယုံကြည်သလို ဒီ ၂၀၂၅ မှာ တပ် ရင်း အလိုက်ဘက်ပြောင်း လာဖို့ မျှော်လင့်ပါတယ်။ ဘက်ပြောင်းလာဖို့လည်း ဒီကနေပြီးတော့ ထပ်ဆင့်တိုက်တွန်းလိုတယ်။ ၂၀၂၅ ထဲမှာဆိုရင် ကျနော်တို့ကရင်နီပြည်နယ်မှာပေါ့ စခန်းတွေ ပြန်သိမ်းနိုင်ဖို့လုပ်ပါ့မယ်။ အဲဒီ အတွက်ကို ပြည်သူတွေက စောင့်ကြည့်ပေးပြီးမှ အားပေးကြဖို့၊ ထောက်ခံဖို့ ပြောလိုပါတယ်။ မိဘ ပြည်သူတွေရဲ့ထောက်ပို့မှုမပါပဲနဲ့ ကျနော်တို့လုပ်နိုင်မှာ မဟုတ် ဘူး။ ဒါ့ကြောင့် စခန်းသိမ်းတဲ့ဟာ တွေကို ၂၀၂၅ ထဲမှာ အပြီးအပြတ်လုပ်နိုင်ဖို့အတွက်ကို ကြိုးစား မယ် ဆိုတာလည်း ပြောပြလိုပါတယ်” ဟု KNDF ဥက္ကဋ္ဌ ခွန်းဘီထူးက ပြောဆိုသည်။

အခက်အခဲ ပေါင်းစုံရှိသော်လည်း ညှိုနှိုင်းမှု မျိုးစုံလုပ်ဆောင်ခဲ့သည့်အတွက် ကရင်နီပြည် အစိုးရ တာဝန်များကို ထမ်းဆောင်နေနိုင်ပြီဖြစ်ကြောင်း၊ နေ့စဉ် ဘတ်ဂျက်၊ အုပ်ချုပ်ရေးလုပ်ငန်းများကို ဌာနအသီးသီးက လုပ်ဆောင်ကာ ပညာရေး၊ ကျန်းမာရေးဝန်ဆောင်မှုများကိုလည်း ၂၀၂၅ ခုနှစ်တွင် ပိုမိုကျစ်လစ်သည့် ယန္တရားဖြင့်လည်ပတ်နိုင်ရန် လုပ်ဆောင်သွားမည်ဖြစ်ကြောင်း KNDF ဥက္ကဋ္ဌ ခွန်းဘီထူးက အသိပေးထားသည်။

“ပြည်သူတွေရဲ့ ထည့်ဝင်တဲ့ငွေတွေ ကောက်ခံတဲ့အခွန်တွေကနေပြီးတော့မှ ကျနော်တို့ ပွင့်လင်း မြင်သာမှုရှိ စွာနဲ့ အကျိုးရှိစွာအသုံးပြုသွားမှာဖြစ်ပါတယ်။ ကရင်နီပြည်သူတွေအတွက် ဆန်စပါး မပြတ် လပ်အောင် ဆောင်ရွက်တာတွေရှိပါတယ်။အထူးသဖြင့် ကရင်နီပြည်ရဲ့ ဘဏ်လုပ်ငန်းတစ်ခု ကိုလည်း ကျနော်တို့အစပြုနိုင်ပြီးမှ ပြည်သူတွေရဲ့ ငွေပေး၊ ငွေလွှဲတဲ့ ကိစ္စတွေရော၊ ချေးငွေကိစ္စ တွေရော လုပ်ငန်းငယ်ငယ်လေးကို ပြန်လည်တည်‌ ထောင်နိုင်ဖို့အတွက် အသေးစားချေးငွေ လုပ်ငန်း တွေရော ကျနော်တို့ဘက်က တိုးမြှင့်ပြီးမှ လုပ်ဆောင်သွားဖို့ ပြင်ဆင်နေပါတယ်။ အဲဒီအတွက်က ကရင်နီပြည်အစိုးရ ရဲ့တာဝန်တွေဖြစ်ပြီး တော့ ပြည်သူလူထုနဲ့အတူ ပူးပေါင်းဆောင်ရွက်ဖို့ပြင် ဆင် ထားပါတယ်။” ဟု ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ် – KNDF ဥက္ကဋ္ဌ ခွန်းဘီထူးက ဆက်လက် ပြောဆိုသည်။

ထို့ပြင် NUG အစိုးရနှင့်ချိတ်ဆက်ကာ ပိုမိုကောင်းမွန်သော အုပ်ချုပ်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန် ပြင်ဆင်ထားကြောင်း KNDF ဥက္ကဋ္ဌ ခွန်းဘီထူးက အသိပေး ပြောဆိုသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article