23 C
Yangon

ငါန်းဇွန်နှင့် နွားထိုးကြီးရှိ ကျေးရွာများကို စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲ တိုက်ခိုက်မှု ပြည်သူ ၅ ဦးသေဆုံးပြီး နေအိမ် အများအပြား ဖျက်ဆီး

Must read

ရန်ကုန်၊ ဇန်နဝါရီ ၂

မန္တလေးတိုင်း၊ ငါန်းဇွန်မြို့နယ်၊ သာကျင်ကျေးရွာကို အကြမ်းဖက် စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ရာ ပြည်သူ ၅ ဦးသေဆုံးခဲ့ကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

ဒီဇင်ဘာလ ၃၁ ရက်နေ့ ည ၈ နာရီ ၃၀ မိနစ်ခန့်တွင် ငါန်းဇွန်မြို့နယ်၊ သာကျင်ရွာကို အကြမ်းဖက် စစ်တပ်က လေကြောင်းဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ပြီး ပြည်သူ ၅ ဦးသေဆုံးကာ နေအိမ် အများအပြား ပျက်စီးခဲ့ကြောင်း သိရသည်။

အကြမ်းဖက် စစ်တပ်၏ လေကြောင်း တိုက်ခိုက်မှု အတွင်း သာကျင်ရွာမှ ကိုကောင်းမြတ်သူ၊ အသက် ၅၂ နှစ်အရွယ် ဦးသန်းတင့်၊ အသက်၅၂ နှစ်အရွယ် ဒေါ်သန်းတင့်၊ အသက် ၂၀ အရွယ် ကိုအောင်မျိုးခန့် နှင့် အသက် ၁၇ နှစ်အရွယ် အောင်မျိုးသန့်တို့ဖြစ်ပြီး ထိခိုက်ဒဏ်ရာရရှိသူ ၆ ဦးမှာ အသက် ၅၈ နှစ်အရွယ် ဦးမြင့်အေး၊ နေခြည် ၊ အသက် ၃၃ နှစ်အရွယ် လမ်းပုံ ၊ကိုပြည့်စုံလျှန် ၊ မောင်ဆန်းနှင့် အသက် ၄၇ နှစ်အရွယ် ဦးအောင်ကျော်တို့ဖြစ်ကြောင်း ဒေသသတင်းရင်းမြစ် နွားထိုးကြီး Journal ၏ သတင်းဖော်ပြချက်အရ သိရှိရသည်။

ထို့ပြင် ပြည်သူများမွေးမြူထားသော နွား ၈ ကောင်လည်း သေဆုံးခဲ့ကြောင်း၊ ကျေးရွာအတွင်းရှိ ဦးအာနိုး ၊ မောင်ဆန်း၊ ဒေါ်ညိုနွဲ့၊ ဒေါ်ပြား၊ ကိုမြင့်အေး၊ ကိုအေးမောင်၊ ကိုသန်းတင့် တို့၏ နေအိမ် ၁၀ လုံး ပျက်စီးခဲ့ကြောင်း သိရသည်။

“သားကျင်ရွာအပေါ်ကို မထင်မှတ်ဘဲ လေယာဉ်နဲ့ ဗုံး ၂ လုံးကျတာ။ ဘုန်းကြီးကျောင်းဘေးက အိမ်ပေါ်ကို တည့်တည့်ကျပြီး မိသားစု တစ်စုလုံး သေဆုံးဒဏ်ရာရတယ်။ အိမ်လည်းပျက်စီးတယ်။ မိသားစုဝင် ၇ ဦးထဲမှာ ၅ ဦးသေဆုံးတယ်။ ၂ ဦးက ဒဏ်ရာ ပြင်းထန်တယ်။ သေဆုံးသူ ၅ ဦးမှာ ၂ ဦးက အလောင်းရှာတွေ့တယ်။ ကျန် ၃ ဦးက အသားအစအနတွေဖြစ်ကုန်တယ်” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။

အလားတူ မန္တလေးတိုင်း၊ နွားထိုးကြီးမြို့နယ် မျက်ရှု့ရွာကို အကြမ်းဖက် စစ်တပ်က လေကြောင်းဖြင့် ဗုံးသီး ၉ လုံးကျဲချ တိုက်ခိုက်ခဲ့ကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

ဒီဇင်ဘာလ ၃၁ ရက်နေ့ မွန်းလွဲပိုင်းတွင် နွားထိုးကြီးမြို့နယ်၊ မျက်ရှု့ရွာကို အကြမ်းဖက် စစ်တပ်က ဂျက်ဖိုက်တာ ၃ စီးဖြင့် ဗုံး ၉ လုံး ကျဲချခဲ့ရာ လူနေအိမ် ၁၀ လုံးခန့် မီးလောင် ပြိုကျ ပျက်စီးခဲ့ပြီး နွား ၆ ကောင် သေဆုံးခဲ့ကြောင်း သိရသည်။

“ဒီဇင်ဘာလ ၃၁ ရက်နေ့ မွန်းလွဲပိုင်းမှာ နွားထိုးကြီးမြို့နယ် မျက်ရှု့ရွာကို စစ်ခွေးတွေ ဂျက်ဖိုက်တာ ၄ စီးနဲ့ ဗုံး ၉ လုံးကျဲချခဲ့တယ်။ လူနေအိမ် ၁၀ လုံးခန့် မီးလောင်ပြိုကျ ပျက်စီးသွားတယ်။ နွား ၆ ကောင်လည်း သေဆုံးသွားပါတယ်” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။

ဓာတ်ပုံ – ငါန်းဇွန်မြို့နယ်၊ သာကျင်ကျေးရွာကို အကြမ်းဖက် စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲ တိုက်ခိုက်ခြင်းကြောင့် ပြည်သူများ သေဆုံးမှုနှင့် ထိခိုက်ပျက်စီးမှုများ။

Photo- နွားထိုးကြီး Journal။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article