26 C
Yangon

မင်းလှ၊ သင်တောရိုးရွာမှ အသက် ၁၅ နှစ်အရွယ် ဖိုးသားထူး အပါအဝင် လူငယ် ၁၀ ဦးကျော်ကို စစ်တပ်က ပေါ်တာဆွဲ ဖမ်းဆီး၊ မြို့လှမြို့တွင်လည်း စစ်မှုထမ်းဥပ​ဒေ အကြောင်းပြ၍ စစ်တပ်နှင့်အုပ်ချုပ်ရေးအဖွဲ့က ငွေညှစ်နေ

Must read

ရန်ကုန်၊ ဇန်နဝါရီ ၂

ပဲခူးတိုင်း၊ မင်းလှမြို့နယ်၊ သင်တောရိုးရွာမှ အသက် ၁၅ နှစ်အရွယ် ဖိုးသားထူး အပါအဝင် လူငယ် ၁၀ ဦးကျော်ကို အကြမ်းဖက် စစ်တပ်က ပေါ်တာဆွဲ ဖမ်းဆီးခဲ့ကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ဒီဇင်ဘာလ ၁၂ ရက်နေ့ ည ပိုင်း သင်တောရိုးရွာမှ အကြမ်းဖက် စစ်တပ် သတင်းပေး သန့်ဇင်နိုင်က အသက် ၁၅ နှစ်အရွယ် ဖိုးသာထူးနှင့် ကျေးရွာအတွင်းရှိ လူငယ်များကို စစ်တပ်က ပေါ်တာဆွဲ ဖမ်းဆီးရန် သတင်းပေးပို့ခဲ့ကြောင်း သိရသည်။

ထို့သို့ သတင်းပေးပြီးနောက် အကြမ်းဖက် စစ်ကောင်စီ တပ်သားများက ကျေးရွာအတွင်းရောက်ရှိလာပြီး အသက် ၁၅ နှစ်အရွယ် ဖိုးသာထူး အပါအဝင် လူငယ်များကို ပေါ်တာဆွဲ ဖမ်းဆီးခဲ့ကြောင်း သိရသည်။

ယင်းသို့ လူငယ်များ ဖမ်းဆီးခံရပြီးနောက် မိဘဆွေမျိုးများနှင့် မိသားစုဝင်များက အကြမ်းဖက် စစ်တပ်ထံ လိုက်လံပြီး ဖိုးသာထူးသည် အသက်မပြည့်သေးကြောင်း ပြောဆို၍ ငွေကျပ် သိန်း ၄၀ ဖြင့် ရွေးထုတ်ခဲ့ရကြောင်း သိရှိရသည်။

“သင်တောရိုးရွာက သန့်ဇင်နိုင် က သတင်းပေးတိုင်ကြားလို့ ဒီဇင်ဘာလ ၁၂ ရက်နေ့ ညပိုင်းက စစ်ခွေးတွေ နေအိမ်ပေါ်ထိတက်ပြီး ပေါ်တာဆွဲတာ ဖိုးသားထူးဆိုတဲ့ ၁၅ နှစ်အရွယ် ကောင်လေးက PDF နဲ့ပတ်သက်တယ်ဆိုပြီး သန့်ဇင်နိုင် သတင်းပေးလို့ စစ်ခွေးတွေက ချက်ချင်းရောက်လာပြီး နေအိမ်ထဲထိကို ဝင်ဆွဲတာ ပိုက်ဆံ သိန်း ၄၀ ပေးမှ အသက်မပြည့်သေးလို့ဆိုပြီး ပြန်လွှတ်ပေးတယ်။ နောက်ပြီး စစ်ခွေးတွေက လမ်းမှာစောင့်ဖမ်းတာနဲ့ အိမ်ပေါ်တက်ပေါ်တာဆွဲတာနဲ့ဆို ဖမ်းဆီးခံရတဲ့ လူငယ် ၁၀ ဦးကျော်ရှိပြီ” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။

အလားတူ ပဲခူးတိုင်း၊ ရေတာရှည်မြို့နယ်၊ မြို့လှမြို့ အမှတ် ၄ ချောင်းမကြီး ၁ ရပ်ကွက်တွင် အကြမ်းဖက် စစ်တပ် သတင်းပေး စောလွင်၊ ကြည်ဝင်းနှင့် ညီညီ ဆိုသူတို့က မြို့ပေါ် ရပ်ကွက်များအတွင်း လူငယ်များ တိမ်းရှောင်နေသည့် နေအိမ်များထံမှ တစ်အိမ်လျှင် ငွေကျပ် ၂၅၀၀၀၀ လိုက်လံကောက်ခံနေကြောင်း သိရသည်။

၎င်းတို့ တောင်းခံသည့် ငွေကြေး မပေးသည့် နေအိမ်များကိုလည်း အကြမ်းဖက် စစ်တပ်က နေအိမ် ချိတ်ပိတ်မှုများ လုပ်ဆောင်မည်ဟု ခြိမ်းခြောက်နေကြောင်း သိရှိရသည်။

“မြို့လှမြို့မှ စစ်ခွေး သတင်းပေး စောလွင်၊ ကြည်ဝင်းနှင့် ညီညီ တို့ သောင်းကျန်းနေပါပဲ။ လူငယ်တွေ အိမ်မှာ မရှိဘူးဆိုရင် တစ်ဦးကို ငွေ ၂၅၀၀၀၀ ပေးရမယ်ဆိုပြီး စစ်ခွေးတွေ အတင်းအဓမ္မ လိုက်တောင်းနေတယ်။ ပြည်သူတွေ ဒုက္ခတော်တော်ရောက်နေကျတယ်။ သူတောင်းတဲ့ ပိုက်ဆံ မပေးရင် အိမ်လိပ်စာကို စစ်တပ်ပေးပြီး ချိတ်ပိတ်ခိုင်းမယ်လို့ ခြိမ်းခြောက်နေပါတယ်” ဟု ဒေသပြည်သူ တစ်ဦးက ပြောဆိုသည်။

ဓာတ်ပုံ – စစ်မှုထမ်းအပတ်စဉ် ၈ တွင် တက်ရောက်ရန် အတင်းအကျပ် စုဆောင်းခံထားရသည့် လူငယ်များ။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

စစ်မှုထမ်းအပတ်စဉ် ၈ တွင် တက်ရောက်ရန် အတင်းအကျပ် စုဆောင်းခံထားရသည့် လူငယ်များ။
- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article