20 C
Yangon

အမရပူရ၊ မြစ်ငယ်မြို့ ၊ ၁၃ ရပ်ကွက် အုပ်ချုပ်ရေးမှူး စောနေထွန်း အရက်ဆိုင်တွင် ဆက် ကြေးကောက်ခံနေစဉ် ပစ်ခတ်ခံရပြီး သေဆုံး

Must read

ရန်ကုန်၊ ဇန်နဝါရီ ၃

မန္တလေးမြို့၊ အမရပူရမြို့နယ်၊ မြစ်ငယ်မြို့၊ မြို့မ အုပ်စု (၁) ၁၃ ရပ်ကွက် အုပ်ချုပ်ရေးမှူး စောနေ ထွန်းသည် ဂျက်ဝမ်း အရက်ရောင်းဝယ်ရေးဆိုင်တွင် ဆက်ကြေးကောက်ခံနေစဉ် ပစ်ခတ်ခံရပြီး သေဆုံးသွားကြောင်း ပစ်ခတ်ခဲ့သော တော်လှန်ရေးတပ်ဖွဲ့ သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

ဇန်နဝါရီလ ၁ ရက်နေ့ ညနေ ၆ နာရီ ၁၀ မိနစ်အချိန် မန္တလေးတိုင်း၊ အမရပူရမြို့နယ်၊ မြစ်ငယ်မြို့၊ ရန်ကင်းရပ်ကွက်၊ စစ်ကိုင်း -မြစ်ငယ်ဒွေး လမ်းဘေး၊ “ဂျက်ဝမ်း” အရက်ရောင်းဝယ်ရေးဆိုင်ရှေ့တွင် လမ်းဖြတ် ကူးနေစဉ် ပစ် ခတ်ခဲ့ရာ ညာဘက်ရင်အုံကျည်ဖောက်ဝင်ဒဏ်ရာတစ်ချက်ရရှိပြီး မန္တလေးပြည်သူ့ ဆေးရုံကြီးသို့ ပို့ ဆောင်ကုသနေစဉ် ယင်းနေ့ ည ၈ နာရီအချိန်သေဆုံးသွားခဲ့ကြောင်း သိရသည်။

“အုပ်ကြီးစောနေထွန်းရယ်။ လက်နက်ကိုင် ပျူ ၈ ဦးရယ် ကား ၂ စီးနဲ့ ဂျက်ဝမ်း အရက်ရောင်း ဝယ် ရေး ဆိုင်မှာ ဆက်ကြေးကောက်ရင်း သောက်စားနေကြတယ်လို့ သတင်းရလို့ သွားပစ်ခဲ့တာပါ” ဟု တော်လှန်ရေးတပ်ဖွဲ့ သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

သေဆုံးသူ ရပ်ကွက်အုပ်ချုပ်ရေးမှူးစောနေထွန်းသည် စစ်ကောင်စီ အုပ်ချုပ်ရေးယန္တရား လည်ပတ်နိုင်ရန်အဓိက ထောက်ပံ့ လုပ်ဆောင်ပေးနေသူဖြစ်ပြီး ပျူစောထီးအဖွဲ့ကိုလည်း ဖွဲ့စည်းထားကြောင်း၊ ၎င်း၏နောက်လိုက်အပေါင်းပါများနှင့်အတူ ရပ်ကွက်နေပြည်သူလူထုအပေါ် ငွေညှစ်ခြင်း ၊ မမှန်သတင်းပေးတိုင်တန်းခြင်း၊ ဖမ်းဆီးနှိပ်စက်ခြင်း၊ စစ်ကောင်စီအတွက်ဆက်ကြေး ကောက်ပေးခြင်းတို့ လုပ်ဆောင်သူနေသူဖြစ်ကြောင်း သိရသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article