20 C
Yangon

မန္တလေးမြို့နန်းတွင်းသို့ မော်တော်ကား သွားရောက်ပို့ဆောင်ပြီးပြန်လာသော မကွေး၊ ထောက်ပို့ ၁၂၁ တပ်မှ တပ်ကြပ်ကြီး ဝင်ဇော်ဦး နှင့် ပျူစောထီး မြင့်နိုင်ဝင်းတို့ကို အရှင် ဖမ်းမိသော်လည်း ခုခံ ထွက်ပြေး၍ ပစ်ခတ်ဖမ်းဆီးရာမှ ၂ ဦးစလုံးသေဆုံး

Must read

ရန်ကုန်၊ ဇန်နဝါရီ ၃

မန္တလေးမြို့၊ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်၊ နန်းတွင်းသို့ မော်တော်ကားပို့ဆောင်ပြီး ပြန်လာသော တပ်ကြပ်ကြီး ၁ ဦးနှင့် ပျူစောထီး ၁ ဦးတို့ကို အရှင် ဖမ်းမိရရှိခဲသော်လည်း ခုခံ ထွက်ပြေးသဖြင့် လိုက်လံရှာဖွေဖမ်းဆီးရာ အသေ ပစ်ခတ်ဖမ်းဆီးနိုင်ခဲ့ကြောင်း နတ်မောက်မြို့နယ် ပကဖတာဝန်ခံက ရန်ကုန်ခေတ်သစ်သတင်းဌာန ထံသို့ ပြောကြားသည်။

ဒီဇင်ဘာလ ၃၁ ရက်နေ့လယ်ပိုင်း ပျော်ဘွယ်မြို့နယ်၊ အမြန်လမ်း မိုင်တိုင် ၂၆၂ မှ မကွေးဘက်သို့ ဆင်းလာ သော မကွေးမြို့အခြေစိုက် ထောက်ပို့ ၁၂၁ တပ်မှ တပ်ကြပ်ကြီး ဝင်းဇော်ဦးနှင့် စစ်မှုထမ်းဟောင်း ပျူစောထီး မြင့်နိုင်ဝင်း တို့ကို နတ်မောက်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ မဟာမိတ်တပ်ပေါင်းစု တပ်ဖွဲ့ ဝင်များက သက်သေခံ စာရွက်စာတမ်းများနှင့်အတူ ဖမ်းမိခဲ့ကြောင်း သိရသည်။

“တပ်ကြပ်ကြီးဝင်းဇော်ဦးက ရခိုင်ပြည်နယ်၊ အမ်းမြို့ထောက်ပို့တပ် ၉၂၆ ကနေ စခန်းစွန့်ခွာပြီးတော့ ပြေးလာခဲ့တာ၊ သူက မကွေးထောက်ပို့ ၁၂၁ တပ်မှာ ပူးပေါင်းနေတာ။ တစ်လကျော်လောက်ပဲရှိသေး တယ်။ သူက မန္တလေးနန်းတွင်းကို ပျူစောထီး မြင့်နိုင်ဝင်းနဲ့ ကားသွားပို့ပြီး အပြန်မှာ ကျနော်တို့က သတင်းရလို့ ဖမ်းမိတာ၊ သူတို့ဖမ်းတဲ့အချိန်မှာ လက်နက်မပါဘူး။ အရပ်ဝတ်နဲ့ ကားသွားပို့တာ။ တ ခြားကားတစ်စီးနဲ့ ပြန်လာတဲ့အချိန် ဖမ်းမိခဲ့တာပါ ။” ဟု နတ်မောက်ပကဖတာဝန်ခံက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

ထိုသို့ ဖမ်းမိပြီးနောက် ဇန်နဝါရီလ ၁ ရက်နေ့ မွန်းလွဲ ၁၂ နာရီ ၃၀ မိနစ် အချိန် ထမင်းကျွေးနေစဉ် ထွက်ပြေး သွားကြသဖြင့် လိုက်လံရှာဖွေဖမ်းဆီးရာ ယင်းနေ့ ည ၈ နာရီအချိန်တွင် ၂ ဦးစလုံးကို အသေပစ်ခတ် ဖမ်းဆီး နိုင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

သေဆုံးသူ တပ်ကြပ်ကြီး ဝင်းဇော်ဦးသည် ရခိုင်ပြည်နယ် အမ်းမြို့အခြေစိုက် အမှတ် ၉၂၆ ထောက်ပို့ တပ်မှ ဖြစ်ပြီး အာရက္ခတပ်တော်က အမ်းမြို့ရှိ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် – နပခ ကို သိမ်းပိုက် စဉ် ထွက်ပြေးလာကာ မကွေးမြို့အခြေစိုက် အမှတ် ၁၂၁ ထောက်ပို့တပ်၌ တာဝန်ထမ်းဆောင်နေသူ ဖြစ်ကြောင်း၊ ၎င်းနှင့်အတူ ဖမ်းဆီးခံရသော မြင့်နိုင်ဝင်းမှာလည်း စစ်တပ်မှ နှုတ်ထွက်ထားသူဖြစ်ပြီး ပျူစောထီးအဖြစ် လုပ်ကိုင်နေသူဖြစ်ကြောင်း သိရသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article