27 C
Yangon

ဆင်ဖြူကျွန်းမြို့ ရဲစခန်း နှင့် ထွေ/အုပ်ရုံးကို ၂ ရက် ဆက်တိုက် လက်ပစ်ဗုံး ပစ်သွင်း တိုက်ခိုက်မှု စစ်ကောင်စီ တပ်သားများ ထိခိုက်မှုရှိ

Must read

ဆင်ဖြူကျွန်းမြို့ ရဲစခန်း နှင့် ထွေ/အုပ်ရုံးကို ၂ ရက် ဆက်တိုက် လက်ပစ်ဗုံး ပစ်သွင်း တိုက်ခိုက်မှု စစ်ကောင်စီ တပ်သားများ ထိခိုက်မှုရှိ

ရန်ကုန်၊ ဇန်နဝါရီ ၃

မကွေးတိုင်း၊ စလင်းမြို့နယ်၊ ဆင်ဖြူကျွန်းမြို့ ရဲစခန်းနှင့် ထွေ/အုပ်ရုံးကို ၂ ရက်ဆက်တိုက် လက်ပစ်ဗုံး ပစ်သွင်း တိုက်ခိုက်ခဲ့ရာ အကြမ်းဖက် စစ်ကောင်စီ တပ်သားများ ထိခိုက်မှုရှိကြောင်း ဆင်ဖြူကျွန်းမြို့ပြ ပြောက်ကျားအဖွဲ့ တာဝန်ခံ ကို RT က ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

ဇန်နဝါရီလ ၁ ရက်နေ့နှင့် ၂ ရက်နေ့တွင် စလင်းမြို့နယ်၊ ဆင်ဖြူကျွန်းမြို့ရှိ အကြမ်းဖက်စစ်တပ် ရဲစခန်း နှင့် ထွေ/အုပ်ရုံး တို့ကို ဆင်ဖြူကျွန်းမြို့ပြ ပြောက်ကျားအဖွဲ့မှ ရဲဘော်များက လက်ပစ်ဗုံး ပစ်သွင်း တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ဆင်ဖြူကျွန်းမြို့ ရဲစခန်းကို တိုက်ခိုက်မှုတွင် ရဲစခန်းအဆောက်အဦး အနီးတွင် လက်ပစ်ဗုံးကျရောက် ပေါက်ကွဲခဲ့ပြီး ထွေ/အုပ်ရုံး တိုက်ခိုက်မှုတွင် ရုံးအတွင်း ကျရောက်ပေါက်ကွဲခဲ့ကြောင်း၊ ယင်းတိုက်ခိုက်မှုကြောင့် အကြမ်းဖက် စစ်ကောင်စီ တပ်သားများ ထိခိုက်မှုရှိသော်လည်း အရေအတွက်ကို အတည်ပြုနိုင်ခြင်းမရှိသေးကြောင်း သိရှိရသည်။

“ခွေးသေစာရင်းတော့ မသိရသေးပါဘူး။ ထိခိုက်မှုတော့ရှိနိုင်ပေမယ့် အတိအကျ မသိရတဲ့အတွက် ထိခိုက်မှု သတင်းထုတ်ပြန်ဖို့မရှိသေးပါဘူး။ ပြောနိုင်တာကတော့ နောက်နောင်တွေမှာလည်း ယခုထက် ထိရောက်တဲ့ တိုက်ခိုက်မှုမျိုးတွေ ဆက်လက် လုပ်ဆောင်သွားဖို့ရှိပါတယ်”ဟု ဆင်ဖြူကျွန်းမြို့ပြပြောက်ကျားအဖွဲ့ တာဝန်ခံ ကို RTက ပြောဆိုသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article