24 C
Yangon

မြန်မာနိုင်ငံတစ်ဝန်း တော်လှန်ရေးတပ်များက မြို့နယ်ပေါင်း ၁၄၄ ခုကို စိုးမိုးအုပ်ချုပ်လျက်ရှိပြီး မြို့နယ် ၄၈ ခုကို အပြီးသတ်သိမ်းပိုက်ထား၊ ဗဟာဗျူဟာလမ်းမကြီးများ ၊ပြည်ထောင်စုလမ်းကြီးများနှင့် အဓိက ရေကြောင်းလမ်းများကိုလည်း တော်လှန်ရေးတပ်များက ထိန်းချုပ်

Must read

မြန်မာနိုင်ငံတစ်ဝန်း တော်လှန်ရေးတပ်များက မြို့နယ်ပေါင်း ၁၄၄ ခုကို စိုးမိုးအုပ်ချုပ်လျက်ရှိပြီး မြို့နယ် ၄၈ ခုကို အပြီးသတ်သိမ်းပိုက်ထား၊ ဗဟာဗျူဟာလမ်းမကြီးများ ၊ပြည်ထောင်စုလမ်းကြီးများနှင့် အဓိက ရေကြောင်းလမ်းများကိုလည်း တော်လှန်ရေးတပ်များက ထိန်းချုပ်

ရန်ကုန်၊ ဇန်နဝါရီ ၄

မြန်မာနိုင်ငံတစ်ဝန်း တော်လှန်ရေးတပ်များက မြို့နယ်ပေါင်း ၁၄၄ ခုကို စိုးမိုးအုပ်ချုပ်လျက်ရှိပြီး မြို့နယ် ၄၈ ခုကို အပြီးသတ်သိမ်းပိုက်ထားကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနက တရားဝင် အစီရင်ခံစာ ထုတ်ပြန်သည်။

စစ်အာဏာသိမ်းချိန်းမှစတင်၍ ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ အရောက် ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) နှင့် တိုင်းရင်းသား တော်လှန်ရေးအဖွဲ့များက စိုးမိုးအုပ်ချုပ်လျက်ရှိသည့် မြို့နယ်ပေါင်း ၁၄၄ ခု ရှိပြီး ၎င်းတို့အနက်မှ မြို့ ၉၅ မြို့ ၊ မြို့နယ်အားဖြင့် ၄၈ ခုကို အပြီးသတ်သိမ်းပိုက်အုပ်ချုပ်နေကြောင်း ၊ ရာခိုင်နှုန်းအားဖြင့် တစ်နိုင်ငံလုံး၏ ၄၄ ရာခိုင်နှုန်းကို ပြည်သူ့ကာကွယ်ရေးတပ်များနှင့် တိုင်းရင်းသားတော်လှန်ရေးတပ်ဖွဲ့များက စိုးမိုးအုပ်ချုပ်လျက်ရှိကြောင်း၊ မြို့နယ် ၇၉ ခုတွင် တော်လှန်စစ်ဖြစ်ပွားလျက်ရှိသဖြင့် နယ်မြေဧရိယာ ၂၄ ရာခိုင်နှုန်းတွင် တော်လှန်စစ်ဖြစ်ပွားနေခြင်းဖြစ်ကြောင်း သိရှိရသည်။

အကြမ်းဖက်စစ်ကောင်စီက စိုးမိုးအုပ်ချုပ်ထားနိုင်သည့် မြို့နယ်ပေါင်း ၁၀၇ ခုသာရှိပြီး ရာခိုင်နှုန်းအားဖြင့် ၃၂ ရာခိုင်နှုန်းသာကျန်ရှိတော့၍ မြန်မာနိုင်ငံ၏ ၃ ပုံ ၁ ပုံကိုပင် စိုးမိုးအုပ်ချုပ်နိုင်တော့ခြင်းမရှိကြောင်း NUG ကာကွယ်ရေးဝန်ကြီးဌာန၏ အစီရင်ခံစာက ဆိုသည်။

ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) အပါအဝင် ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) များကိုယ်တိုင်သိမ်းပိုက်ထားသော မြို့များမှာ ခါမ်းပတ်မြို့၊ ရွှေပြည်အေးမြို့၊ မော်လူးမြို့၊ မြို့သစ်မြို့၊ စဉ့်ကူးမြို့၊ တကောင်းမြို့၊ သပိတ်ကျင်းမြို့၊ ပင်လည်ဘူးမြို့ အပါအဝင် စုစုပေါင်း မြို့ ၈ မြို့ရှိကြောင်း၊ ထို့ပြင် စစ်ကိုင်းတိုင်း၊ မကွေးတိုင်း၊ မန္တလေးတိုင်း၊ ပဲခူးတိုင်းနှင့် တနင်္သာရီတိုင်းတို့ရှိ အနည်းဆုံး ၆၇ မြို့ကို NUG လက်အောက်ခံ တပ်များက ဝန်းရံပိတ်ဆို့ တိုက်ခိုက်လျက်ရှိကြောင်း သိရှိရသည်။

မဟာဗျူဟာလမ်းများစိုးမိုး ထိန်းချုပ်မှုအခြေအနေဖြင့် မန္ဆလေး-ရွှေဘို-မြစ်ကြီးနားလမ်း၊ ရထားလမ်း၊ မန္တလေး-မတ္တရာ- သပိတ်ကျင်း-ဗန်းမော်လမ်း၊ မန္တလေး-လားရှိုး-မူဆယ်လမ်း၊ ပုသိမ်-မုံရွာလမ်း၊ ရန်ကုန်-မော်လမြိုင်-သံဖြူဇရပ်-ရေး-ထားဝယ်-မြိတ်-ကော့သောင်းလမ်း၊ ပဲခူး-သထုံ-ဘားအံ-မြ၀တီလမ်း၊ မုံရွာ-ကလေး-တမူးလမ်း၊ မင်းဘူး-အမ်း-စစ်တွေလမ်း၊ ပြည်-ပန်းတောင်း-တောင်ကုတ်လမ်းတို့၏ အစိတ်အပိုင်းများကို တော်လှန်ရေးတပ်များက စိုးမိုးထိန်းချုပ်ထားကြောင်း၊ ရေကြောင်းလမ်းအနေဖြင့်လည်း ဧရာ၀တီ၊ ချင်းတွင်း၊ သံလွင်၊ စစ်တောင်မြစ်ကြောင်းများ၏ အဓိက အစိတ်ပအိုင်းများကိုလည်း စိုးမိုးထိန်းချုပ်ထားနိုင်ကြောင်း သိရှိရသည်။

ဓာတ်ပုံ- စစ်ကောင်စီထံမှ ရရှိသော လက်နက်ခဲယမ်းများကို NUG ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်က စစ်ဆေးနေစဉ်။ (ပုံအဟောင်းဖြစ်ပါသည်။)

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article