ရန်ကုန်၊ ဇန်နဝါရီ ၁၀
ယနေ့ ကျရောက်သည့် ၇၇ နှစ်မြောက် ကချင်ပြည်နယ်နေ့အထိမ်းအမှတ် ထုတ်ပြန်သော မင်းအောင်လှိုင်၏ ထုတ်ပြန်ချက်တွင် အထက်ပါအတိုင်း ပြောဆိုထုတ်ပြန်ထားခြင်းဖြစ်သည်။
ယနေ့ နိုင်ငံတွင် ဖြစ်ပေါ်နေသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တချို့နှင့် အကြမ်းဖက်အဖွဲ့များ၏ လုပ်ရပ်များကြောင့် တိုင်းရင်းသားပြည်သူအားလုံးအတွက် လုံခြုံမှုနှင့် တည်ငြိမ်အေးချမ်းမှု ကင်းမဲ့ကာ ဆင်းရဲဒုက္ခများစွာ ကြုံတွေ့နေရကြောင်း၊ ထိုကဲ့သို့သော ပြည်တွင်းပြည်ပ ပယောဂများကြောင့် ဆင်ခြင်တွေးတောမှုကင်းမဲ့ကာ နိုင်ငံနှင့်လူမျိုးအကျိုးကို ဖျက်ဆီးနေကြသည့် လုပ်ရပ်များကို ရပ်တန့်စေပြီး မိမိတို့ တိုင်းရင်းသားမျိုးနွယ်စုအားလုံးနှင့် ဗလငါးတန် ပြည့်၀သည့် လူငယ်များအနေဖြင့် ခေတ်မီ ဖွံ့ဖြိုးတိုးတက် ငြိမ်းချမ်းသာယာသော ပြည်ထောင်စုကြီးကို လက်တွဲညီညီ စည်းလုံးညီညွတ်စွာ တည်ဆောက်သွားကြရန် တိုက်တွန်း လိုကြောင်း အကြမ်းဖက် မင်းအောင်လှိုင်က ဆိုသည်။
သို့ရာတွင် စစ်ကောင်စီက နိုင်ငံတစ်ဝန်း ပြည်သူများကို စစ်လေယာဉ်ဖြင့် ဗုံးကျဲ သတ်ဖြတ်မှုများ လုပ်ဆောင်နေရာ ဇန်န ဝါရီလ ၈ ရက်နေ့ မွန်းလွဲပိုင်း ရမ်းဗြဲကျွန်း၊ ကျောက်နီမော်ကျေးရွာကို စစ်လေယာဉ်ဖြင့် ဗုံးကျဲချခဲ့သဖြင့် ပြည်သူ ၄၀ ကျော်သေဆုံးပြီး ၂၀ ကျော်ဒဏ်ရာရကြောင်း၊ လူနေအိမ် ရာပေါင်းများစွာ မီးလောင်ပျက်စီးခဲ့ကြောင်း AA ပြောခွင့်ရပုဂ္ဂိုလ် ခိုင်သုခက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
“သေဆုံးသူအားလုံးက အရပ်သားပြည်သူတွေဖြစ်ပါတယ်။ သေဆုံးသူတွေထဲမှာ အမျိုးသမီးနဲ့ကလေးငယ်တွေလည်း ပါပါတယ်” ဟု AA ပြောခွင့်ရ ခိုင်သုခက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ရှင်းလင်းပြောဆိုသည်။
ထို့ပြင် စစ်ကောင်စီက ကရင်နီ၊ ချင်းပြည်နယ်၊ စစ်ကိုင်းတိုင်း၊ မန္တလေးတိုင်း အပါအဝင် နိုင်ငံတစ်ဝန်း စစ်လေယာဉ်ဖြင့် ဗုံးကျဲချခဲ့ရာ နေ့စဉ် ပြည်သူများ တောက်လျှောက် သေဆုံးမှုများ ဖြစ်ပေါ်နေရကြောင်း တော်လှန်ရေးအဖွဲ့များက ပြောဆိုကြသည်။
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar