25 C
Yangon

အရာတော်သို့ စစ်အင်အားဖြင့်တင်းရန်သွားသည့် စစ်ယာဉ်တန်းကို တိုက်ခိုက်မှု စစ်သား ၉ ဦး သေဆုံးပြီး စစ်သား ၇ ဦး အရှင်ဖမ်းဆီးရရှိ၊ စစ်ကား ၅ စီးနှင့် လက်နက်ခဲယမ်းများ သိမ်းဆည်းရရှိ

Must read

ရန်ကုန်၊ ဇန်နဝါရီ ၁၀

စစ်ကိုင်းတိုင်း၊ အရာတော်မြို့ကို စစ်အင်အားဖြည့်တင်းရန်သွားသည့် စစ်ယာဉ်တန်းကို တိုက်ခိုက်ခဲ့ ရာ စစ်သား ၉ ဦး သေဆုံးပြီး စစ်သား ၇ ဦးကို အရှင် ဖမ်းဆီးရရှိကြောင်း မုံရွာခရိုင် အမှတ် ၁၉ တပ်ရင်း – ရောင်နီတပ်ရင်းမှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

ယမန်နေ့ ဇန်နဝါရီလ ၉ ရက် နံနက် ၁၀ နာရီ ၃၀ မိနစ်အချိန်မှ မွန်းတည့် ၁၂ နာရီအထိ မုံရွာမြို့ အ ခြေစိုက် အနောက်မြောက်တိုင်း စစ်ဌာနချုပ်မှ အရာတော်မြို့သို့ စစ်အင်အားဖြည့်တင်းရန် သွား ရောက်သည့် စစ်ကား ၁၀ စီးနှင့်စစ်ကြောင်းကို မုံရွာ -အရာတော်လမ်းပိုင်းတနေရာတွင် ကြားဖြတ်တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သား ၉ ဦးသေဆုံးပြီး ၇ ဦးအရှင်ဖမ်းမိခဲ့ကြောင်း သိရ သည်။

ထို့ပြင် အကြမ်းဖက်စစ်သားများစီးနင်းလိုက်ပါလာသည့် ကားကြီး ၅ စီး ၊ ၁၂၂ မမ ဟောင်ဝှစ်ဇာ အမြောက်ဆံ ၁၅ လုံး၊ RPG ဗုံးသီး အလုံး ၂၀ ၊ 5.56ကျည် ၄၀၀၀ တောင့် ၊ 7.62 ကျည် ၅၀၀၀ တောင့် ၊ ဒရုန်းဗုံးသီး ၂၀ လုံး၊ ၆၀ မမ ဗုံးသီး ၂၇ လုံး၊ မိုင်းမျိုးစုံ ၃၀ ၊ နင်းမိုင်း ၄၅ လုံး၊ Jammer စက်ကြီး ၃ လုံး၊ စက်အသေး ၂ လုံး၊ G3 အမျိုးအစား သေနတ် ၂ လက်၊ MA4 အမျိုးအစား သေနတ် ၁ လက်၊ အူဇီ – Uzi အမျိုးအစား သေနတ် ၁ လက် ၊ ၄၀ မမ ဗုံးသီး ၃ လုံး ၊ ကျောပိုးအိတ် ၅ လုံး၊ ယူနီ ဖောင်း – Uniform ၂ စုံ နှင့်အတူ အခြားဆက်စပ်ခဲယမ်းပစ္စည်းများ သိမ်းဆည်းရရှိခဲ့ကြောင်း သိရ သည်။

ယင်းတိုက်ပွဲအတွင်း မုံရွာမြို့နယ် ကျောက်စစ်ပုံ အမြောက်တပ်မှ ဟောင်ဝှစ်ဇာလက်နက်ကြီးဖြင့် ၅ လုံး ပစ်ကူပေးသည့်အပြင် မြေပြင်စစ်ကြောင်းများလည်း စစ်ကူပေးတိုက်ခိုက်ခဲ့ကြောင်း၊ တိုက်ပွဲ အတွင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦး မြင့်မြတ်စွာ အသက်ပေးလှူခဲ့ရကြောင်း သိရသည်။

“အရာတော်မြို့နယ် စစ်ကူအင်အားဖြည့်ဖို့သွားတဲ့စစ်ကြောင်းပါ။ အရာတော် -မုံရွာလမ်းပိုင်းတနေရာ မှာ တိုက်ပွဲဖြစ်တာပါ။ လောလောဆယ်တိုက်ပွဲဆက်ဖြစ်နေပါသေးတယ်” ဟု မုံရွာခရိုင် အမှတ် ၁၉ တပ်ရင်း – ရောင်နီတပ်ရင်းမှ တာဝန်ရှိသူတစ်ဦးက ရန်ကုန် ခေတ်သစ်သတင်းဌာနထံသို့ ပြောကြား သည်။

အဆိုပါ တိုက်ခိုက်မှုကို မုံရွာခရိုင်ဗျူဟာ ၆၆ စစ်ကြောင်း (မုံရွာခရိုင် အမှတ် ၁၉၊ ၂၆ ၊ ၂၁) တပ်ရင်း၊ မုံရွာခရိုင်တပ်ရင်း (၂၀၊၂၂၊၁၈၊၂၇၊၂၄) ၊ အရာတော်မြို့နယ် ပကဖ ၊ အရာတော်မြို့နယ်ပကဖ တိုက် နယ် အမှတ် (၁၀၊၁၁) ၊ မုံရွာမြို့နယ်ပကဖ တိုက်နယ်အမှတ် ၂ ၊အရာတော်မြို့နယ်ပလဖ၊ BLDF ၊ Golden Eagle Force ၊ Venomous Revolution Force၊ Special Revolution Force အဖွဲ့များနှင့် အတူ အခြားမဟာမိတ်အဖွဲ့များ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article