25 C
Yangon

Khit Thit သတင်းဌာန၏ ဇန်နဝါရီ ၁၀ ရက် ညနေပိုင်း ရုပ်သံသတင်းအစီအစဉ်

Must read

By ရန်ကုန်ခေတ်သစ်

ဒီကနေ့ ဇန်နဝါရီ ၁၀ ရက် ညနေပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့

  • ရှမ်းပြည်နယ်တောင်ပိုင်း ဆီဆိုင်မြို့နယ်က ရွှေတစ်ဂူကျေးရွာ စစ်တပ်စခန်းကို တော်လှန်ရေးပူး ပေါင်းတပ် တွေက တိုက်ခိုက်သိမ်းပိုက်လိုက်ပြီး ၊ စစ်ကောင်စီတပ်သား အယောက် ၄၀ ဝန်းကျင်ကတော့ အသီးသီးသေကုန်ကြတဲ့အပြင် ၊ လက်နက်ပေါင်း ၃၀ ကျော်ကိုလည်း သိမ်းဆည်းရရှိထားတယ်လို့ KNDF ဗဟိုရဲ့ တာဝန်ရှိသူ ၁ ဦးက ရန်ကုန်ခေတ်သစ်ကိုပြောပါတယ်။
  • ကရင်နီတော်လှန်ရေးပူးပေါင်းတပ်တွေ က ရွှေတစ်ဂူကျေးရွာ စစ်တပ်စခန်းကို သိမ်းပိုက်ပြီးတဲ့ နောက်မှာပဲ အကြမ်းဖက် စစ်ကောင်စီတပ်က လွိုင်ကော်မြို့နယ်မှာရှိတဲ့ အရပ်သားပြည်သူတွေ နေထိုင်ရာ အိုင်စန့် ကျေးရွာကို ရည်ရွယ်ချက်ရှိရှိ လက်နက်ကြီးနဲ့ ပစ်ခတ်မှုကြောင့် ကလေးငယ် ၂ ဦး သေဆုံးခဲ့ရတဲ့အပြင် ၊ နောက်ထပ် ၄ လသာ ရှိသေးတဲ့ ကလေးငယ်က လက်တစ်ဖက် ဆုံးရှုံးသွား တယ်လို့ (KNDF) ရဲ့ ပြန်ကြားရေးတာဝန်ခံက ရန်ကုန်ခေတ်သစ်ကို ပြောပါတယ်။
  • တနင်္သာရီတိုင်း ပုလောမြို့နယ်အခြေစိုက် အကြမ်းဖက် စစ်ကောင်စီရဲ့ ခလရ ၁၇ နဲ့ ပါဒစက်တော်ရာ အနီး တပ်စွဲထားတဲ့ စစ်တပ်စခန်းကိုပါ တော်လှန်ရေးပူးပေါင်းတပ်တွေက တိုက်ခိုက်ခြေမှုန်းမှုအတွင်း စစ်ကောင်စီတပ်သား ၃ ဦးထက်မနည်း သေသွားတဲ့ သတင်းအပါအဝင် နောက်ဆုံးရသတင်းတွေကို တင်ဆက်ပေးပါမယ်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article