18 C
Yangon

အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်ကို AA က တိုက်ခိုက်သိမ်းပိုက်လိုက်သော်လည်း စစ်တွေကို အခြေပြု၍ နပခတိုင်းစစ်ဌာနချုပ် ယန္တရားနှင့် လုပ်ငန်းစဉ်များ ပြန်လည် လည်ပတ်နေ

Must read

ရန်ကုန်၊ ဇန်နဝါရီ ၁၄

ရခိုင်ပြည်၊ အမ်းမြို့ အခြေစိုက် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်ကို AA က တိုက်ခိုက်သိမ်းပိုက်လိုက်သော်လည်း စစ်တွေကို အခြေပြု၍ နပခတိုင်းစစ်ဌာနချုပ် ယန္တရားနှင့် လုပ်ငန်းစဉ်များ ပြန်လည် လည်ပတ်နေကြောင်း နေပြည်တော်တပ်သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

၂၀၂၄ ခုနှစ် ဒီဇင်ဘာလ ၂၀ ရက်နေ့ ရခိုင်ပြည်၊ အမ်းမြို့နယ်အခြေစိုက် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်ကို AA က တိုက်ခိုက်သိမ်းပိုက်ခဲ့သော်လည်း လက်ရှိတွင် စစ်ကောင်စီက စစ်တွေမြို့ပေါ်တွင် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်အဖြစ် ရုံးနှင့် အင်္ဂါစဉ်များကို သတ်မှတ်၍ ယန္တရားနှင့် လုပ်ငန်းများ ပြန်လည် လည်ပတ်နေကြောင်း၊ တိုင်းမှူး ဗိုလ်ချုပ်ကျော်စွာဦးမှာလည်း စစ်တွေမြို့တွင်ပင် ရုံးထိုင်၍ နပခ လုပ်ငန်းစဉ်များကို အပြည့်အ၀ ဦးစီးလျက်ရှိကြောင်း၊ နပခရုံးအတွက် လိုအပ်သည့် စစ်ရာထူးများကိုလည်း ပြန်လည် ခန့်ထားပြီး ဗိုလ်မှူးကြီးတချို့ကို နေပြည်တော်က စေလွှတ်ထားကြောင်း သိရှိရသည်။

“စစ်တွေမြို့မှာ နပခ ပြန်လည် အခြေတည်ထားပါတယ်။ လားရှိုး ရမခ ကျတော့ မိုင်းရယ်မှာ ရမခ ပြန်တည်သလိုပါပဲ။ အခု အမ်းမှာ နပခ ကျတော့ စစ်တွေမှာ ပြန်တည်ထားပါတယ်။ တိုင်းမှူးရော နေပြည်တော်က စေလွှတ်တဲ့ ဗိုလ်မှူးကြီးတွေလည်း အဲဒီမှာ ရုံးထိုင်ကွပ်ကဲနေပါတယ်။ လိုအပ်တဲ့ စစ်ရာထူး အင်္ဂါစဉ်တွေလည်း ပြန်လည် ခန့်အပ်ပြီး လုပ်ငန်းလည်ပတ်နေပါတယ်” ဟု နေပြည်တော် တပ်သတင်းရင်းမြစ်က ပြောဆိုသည်။

AA က နပခကို သိမ်းပိုက်စဉ် ဒုတိယတိုင်းမှူး ဗိုလ်မှူးချုပ်သောင်းထွန်းကိုလည်းကောင်း၊ တိုင်းဦးစီးချုပ် ဗိုလ်မှူးချုပ် ကျော်ကျော်သန်းကိုလည်းကောင်း ဖမ်းဆီးရရှိခဲ့ပြီး အဆိုပါ ဖမ်းဆီးခံရသော ဗိုလ်မှူးချုပ်များ၏ နေရာများတွင် နေပြည်တော်က ဗိုလ်မှူးကြီး တချို့ကို အစားထိုးခန့်အပ်ထားကြောင်း၊ ထို့ပြင် ရခိုင်ပြည်နယ်အတွင်းရှိ လက်လွှတ်ဆုံးရှုံးထားရသော စစ်ဆင် ရေးကွပ်ကဲမှုဌာနချုပ်များ၏ တပ်မမှူးများကိုလည်း အစားထိုးခန့်အပ်ပြီး စစ်တွေတွင် ရုံးထိုင်ခိုင်းထားကြောင်း သိရှိရသည်။

စစ်တွေတွင် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်၊ စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်များကို ထိုကဲ့သို့ ပြန်လည် ဖွဲ့စည်းထားခြင်းမှာ ရခိုင်ပြည်အတွင်းရှိ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်နှင့် စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်များကို ပြန်လည် သိမ်းပိုက်ပြီးပါက အသင့်ပြန်လည် လုပ်ငန်းနှင့် ယန္တရား လည်ပတ်နိုင်ရေးဖြစ်ကြောင်း သိရှိရသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article