26 C
Yangon

ထိုင်း-မြန်မာနယ်စပ်တွင် မူးယစ်ဆေးဝါးသယ်ဆောင်လာသူများနှင့်ထိုင်းစစ်တပ် တိုက်ပွဲဖြစ်ပွားပြီး ၄ ဦး သေဆုံး၊ မူးယစ်ဆေးဝါး ၁ တန်ခန့် သိမ်းဆည်းရရှိ

Must read

ရန်ကုန်၊ ဇန်နဝါရီ ၁၅

ထိုင်း-မြန်မာနယ်စပ်တွင် မူးယစ်ဆေးဝါးသယ်ဆောင်လာသူများနှင့်ထိုင်းစစ်တပ်တို့အကြား တိုက်ပွဲဖြစ်ပွားပြီး ၄ ဦး သေဆုံးကာ မူးယစ်ဆေးဝါး ၁ တန်ခန့် သိမ်းဆည်းရရှိကြောင်း ထိုင်းစစ်တပ်က သတင်းထုတ် ပြန်သည်။

ဇန်နဝါရီလ ၁၃ ရက်နေ့ ညပိုင်း ထိုင်းနိုင်ငံ၊ ချင်းရိုင်ပြည်နယ်၊ မူးယစ်ဆေးဝါး သယ်ဆောင်လာသူ လူ ၃၀ ဦးပါသော အုပ်စုနှင့်ထိုင်းစစ်တပ်အကြား တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း၊ အဆိုပါတိုက်ပွဲတွင်း မူးယစ်ဆေးဝါး သယ်ဆောင်လာသူ ၄ ဦးသေဆုံးကြောင်း၊ ဇန်နဝါရီလ ၁၄ ရက်နေ့ နံနက်ပိုင်း ထိုင်းစစ်တပ်က နယ်မြေရှင်းလင်းလုပ်ရာ မူးယစ်ဆေးအိတ်များနှင့် အလောင်း ၄လောင်းကို တွေ့ရရှိကြောင်း၊ တိုက်ပွဲဖြစ်ပွားသော နေရာသည် နာမည်ဆိုးဖြင့် ကျော်ကြားသော ရွှေတြိဂံဒေသ၏ တစ်စိတ်တစ်ပိုင်းဖြစ်ကြောင်း ထိုင်းစစ်တပ် ဗိုလ်ချုပ် Kidakorn Chantra က ပြောဆိုသည်။

ထိုင်းစစ်ဗိုလ်ချုပ်က တိုက်ပွဲဖြစ်ပွားသော နေရာသို့ သွားရောက် စစ်ဆေးခဲ့ပြီး ယင်းနေရာမှ ထိုင်း-မြန်မာနယ်စပ် မီတာ ၆၀၀ အကွာ Pang Mahan ကျေးရွာအနီးတွင်ဖြစ်ကြောင်း သိရှိရသည်။

ထိုင်းစစ်တပ်က နယ်စပ်တွင် ကင်းလှည့်နေစဉ် မူးယစ်ဆေးဝါသယ်ဆောင်သူများကို တွေ့ရှိခြင်းဖြစ်ပြီး စစ်ဆေးရန် ကြိုးပမ်းစဉ် တိုက်ပွဲဖြစ်ပွားခြင်းဖြစ်ကြောင်း၊ မူးယစ်ဆေးဝါးသယ်ဆောင်သူများက ထိုင်းစစ်တပ်ကို စတင်တိုက်ခိုက်ခဲ့ကြောင်း၊ မိနစ် ၂၀ ကြာတိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သိရှိရသည်။

“ထိုင်းနယ်စပ်ကို ဖြတ်ကျော်ပြီး မူးယစ်ဆေးဝါးသယ်ဆောင်တာက သူတို့အသက်တွေကို ပေးဆပ်ရမယ်ဆိုတာ သိထားစေချင်ပါတယ်” ဟု ထိုင်းစစ်ဗိုလ်ချုပ်က သတိပေးသည်။

သတင်းနှင့်ဓာတ်ပုံ -The Nation

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article