25 C
Yangon

ဖားကန့် နွံကန်ပြိုကျမှု သေဆုံးသူ ၃၂ ဦး ထိရှိခဲ့ပြီး ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းတွေ အဆုံးသတ်

Must read

ရန်ကုန် ၊ ဇန်နဝါရီ ၁၆

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ ဆိပ်မူကျေးရွာ အုပ်စု၊ စပေါ့ ကျေးရွာမှာဖြစ်ပွားခဲ့တဲ့ စွန့်ပစ်မြေစာပုံ ရွှံ့နွံကန် မြေပြိုမှုမှာ ဒီနေ့ မနက်ပိုင်းအထိ သေဆုံးသူ ၃၂ ဦး ရုပ်အလောင်းများတွေ့ရှိထားကာ ရုပ်အလောင်းအချို့ကို မီးသင်္ဂြိုဟ်ပြီးဖြစ်တယ်လို့ မြေပြင်မှာ ကူညီကယ်ဆယ်ရေးလုပ်နေသူတွေထံမှ သိရပါတယ်။

နေအိမ် ၅၀ ကျော် မြေကြီးအောက် ရောက်သွားခဲ့ကာအတည်ပြုနိုင်တဲ့ သေဆုံးသူ ၃၂ ဦးအထိ ရှိခဲ့တာဖြစ်ပြီးရွံ့နွံဖုံးလွှမ်းခဲ့တဲ့နေရာက လမ်းဟောင်းပေါ်သွားပြီဖြစ်တာကြောင့် ရှာဖွေမှုပြီးဆုံးသွားပြီဖြစ်တယ်လို့ဆိုပါတယ်။

နွံကန်ကျိုးပေါက်မှုဟာ အများပြည်သူတွေ အိပ်မော ကျနေတဲ့ ဇန်နဝါရီ ၁၃ ရက် မနက်အစောပိုင်း ၁ နာရီဝန်းကျင်မှာ ဖြစ်ပွားခဲ့တာဖြစ်ပြီး သေဆုံးရုပ်အလောင်းတွေကို ဒီနေ့ ဇန်နဝါရီလ ၁၅ ရက်ထိ၃၂ လောင်းရရှိခဲ့ပါတယ်။

ဇန်နဝါရီ ၁၃ ရက် ညနေပိုင်းအထိမြေစာနုန်းတွေထဲကနေ အသက် ၂ နှစ်ကနေ ၉ နှစ်အရွယ် ကလေး ၃ ယောက်၊ အမျိုးသမီး ၄ ယောက်နဲ့ အမျိုးသား ၅ ယောက် စုစုပေါင်း ၁၂ ယောက် ကိုကယ်ဆယ်ရေးအဖွဲ့တွေက ရှာတွေ့ခဲ့ကြပြီး ရှာဖွေမှု ၂ ရက်တာအတွင်း ၃၂ ထိတွေ့ရှိခဲ့တာဖြစ်ပါတယ်။

လက်ရှိအချိန်မှာ ရွံ့နွံဖုံးတဲ့လမ်းပေါ် သွားလာခွင့်ပြုထားတာ ဖြစ်ပြီးလမ်းနေရာပေါ်သွားတဲ့အတွက် ရှာဖွေမှုတွေလည်းရပ်တန့်လိုက်ပြီလို့ သိရပါတယ်။

ဖားကန့်မှာ စည်းကမ်းမဲ့ ကျောက်စိမ်း တူးဖော်မှုကြောင့် ၂၀၀၇ က နေ ၂၀၁၈ ထိ ၁၀နှစ် တာ ကာလအတွင်း တောင်အလုံး ၅၀ လောက် ပျောက်ဆုံးသွားပြီး မြစ်ချောင်း ၂၃ ခု တိမ်ကောသွားတယ်လို့ သဘာ၀ပတ်ဝန်းကျင် ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့တွေက ဆိုပါတယ်။

စစ်တပ်က ထိန်းချုပ်ပြီးနောက်ပိုင်းကျောက်စိမ်းနယ်မြေက ကြီးမားတဲ့ အကျိုးအမြတ်တွေကို ရရှိနေပြီး ကချင်လွတ်လပ်ရေးတပ် – KIA နဲ့လည်း အကျိုးစီးပွားပဋိပက္ခတွေဖြစ်ပွားနေတယ်လို့ Global Witness က ၂၀၂၁ ခုနှစ် ဇွန်လ မှာ ထုတ်ပြန်ခဲ့ဖူးပါတယ်။

ဓာတ်ပုံ – မှော်မင်းသား။

(Connect Burma သည် ရန်ကုန်ခေတ်သစ်၏ မဟာမိတ်ဖြစ်သည်။)

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article