ဒီကနေ့ ဇန်နဝါရီ ၂၀ ရက် မနက်ပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့
- မကွေးတိုင်း၊ ဆိပ်ဖြူမြို့နယ်အခြေစိုက် အကြမ်းဖက်စစ်ကောင်စီရဲ့ ကပစ ၂၁ ကို ၁၀၇ မမ ရှော့တိုက်ဒုံး တွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့ရာ အရာရှိ ၂ ဦးအပါအဝင် စစ်သား ၉ ဦး သေဆုံးကာ လေယာဉ် ဗုံးသီးကုန်ကြမ်း သိုလှောင်ဂိုဒေါင် မီးလောင်ပျက်စီးခဲ့ပါတယ်လို့ Young Revolution Front တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်ကို ပြောပါတယ်။
- ရန်ကုန်တိုင်း၊ ရွှေပြည်သာမြို့နယ်မှာ ဗိုလ်မှူးကြီးဟောင်းဖြစ်သူ ကြံ့ဖွတ်အမတ်ဟောင်းတင်မောင်ဦးက ပန်းခြံနဲ့ အများပြည်သူပိုင်မြေကွက်တွေကို သိမ်းယူပြီး ဂရန်အမည်ဖောက်နေတယ်လို့ ရွှေပြည်သာမြို့နယ်မှ ဒေသပြည်သူတွေနဲ့ ထွေ/အုပ်သတင်းရင်းမြစ်က ပြောပါတယ်။
- ရန်ကုန်မြို့၊ မရမ်းကုန်းမြို့နယ် ၅ ရပ်ကွက်၊ န၀ဒေးရုပ်ရှင်ရုံ ပရဝဏ်ဝင်းအတွင်းမှာ ခေတ်အဆက်ဆက် စစ်တပ်က ရောင်းချခဲ့တဲ့ ပြည်သူပိုင်ဆိုင်ခန်းတွေကို စစ်ကောင်စီက အတင်းအကျပ် ဖယ်ရှား ဖျက်သိမ်း နေတယ်လို့ ဆိုင်ခန်းပိုင်ရှင်တချို့က ပြောပါတယ်။
- မကွေးတိုင်း၊ မြိုင်မြို့နယ်၊ ကန်နီပျူစောထီးရွာကို ရိက္ခာလာပို့တဲ့ အကြမ်းဖက်စစ်ကြောင်းကို ၆ ရက်ကြာ ကြားဖြတ်တိုက်ခိုက်ရာ စစ်ကောင်စီတပ်သား ၁၀ ဦး သေဆုံးခဲ့တဲ့ သတင်းအပါအဝင် နောက်ဆုံးရ သတင်းတွေကို တင်ဆက်ပေးပါမယ်။
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar