24 C
Yangon

မင်းလှမြို့နယ်ရှိ ရိုးမပေါ် တက်၍ စစ်ကြောင်းထိုးရန်လာသည့် စစ်တပ် စစ်ကြောင်းကို မိုင်းဆွဲတိုက်ခိုက်မှု စစ်သား ၃ ဦး သေဆုံး၊ ဈေးဆိုင် ၁ ဆိုင်ကို စစ်တပ်က မီးရှို့ဖျက်ဆီးပြီး ပြည်သူ ၆ ဦးကို ပေါ်တာဆွဲ ဖမ်းဆီး

Must read

ရန်ကုန်၊ ဇန်နဝါရီ ၂၃

ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ်ရှိ ရိုးမပေါ် တက်၍ စစ်ကြောင်းထိုးရန်လာသည့် အကြမ်းဖက် စစ်တပ် စစ်ကြောင်းကို မိုင်းဆွဲတိုက်ခိုက်ရာ စစ်သား ၃ ဦး သေဆုံးခဲ့ကြောင်း သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ဇန်နဝါရီလ ၂၁ ရက်နေ့ မွန်းလွဲ ၁ နာရီခန့်တွင် မင်းလှမြို့နယ်အပိုင် ရိုးမပေါ်သို့ စစ်ကြောင်းထိုးရန် တက် လာသည့် အကြမ်းဖက်စစ်သားများကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များက စမ်းဘုတ်အုပ်စု၊ ကျွန်းကုန်းကျေးရွာ ချောင်းမကြီး တံတားအနီး၌ မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်သား ၁ ဦးပွဲချင်းပြီးသေဆုံးပြီး ၂ ဦးမှာ အပြင်းအထန် ဒဏ်ရာများဖြင့် ထပ်မံ သေဆုံးခဲ့ကြောင်း သိရသည်။

“ခွေးတွေက ခြေလျင်လာတာဆိုတော့ တစ်ကောင်ကတော့ မိုင်းပေါ်မှာ ရောက်နေတော့ ပွဲချင်းပြီးသေတာပဲ ကျန်တဲ့ ၂ ကောင်ကတော့ ဒဏ်ရာအပြင်းအထန်ရတယ်။ ဒဏ်ရာအပြင်းအထန်ရတဲ့ ၂ ကောင်ကလည်း ကျနော်တို့ စုံစမ်းရသလောက် ဆေးရုံကော ဆေးခန်းတွေကော ရောက်မလာတော့ လမ်းမှာသေတာဖြစ်နိုင်တယ်။ မိုင်းဆွဲပြီး လက်နက်ကောက်ဖို့ လုပ်ပေမယ့်လည်း သူတို့က စက်လက်တွေနဲ့ ပစ်လို့ လက်နက်မကောက်နိုင်ခဲ့ဘူး” ဟု သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ တာဝန်ရှိသူတစ်ဦးက ပြောဆိုသည်။

အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် မိုင်းဆွဲ တိုက်ခိုက်ခံရပြီးနောက် ပြန်လည် ဆုတ်ခွာသွားပြီး ကျွန်းကုန်းရွာမှ ပြည်သူတစ်ဦးကို ဈေးဆိုင်ကို မီးရှို့ဖျက်ဆီးသွားကြောင်း၊ ယင်း စစ်ကြောင်းသည် လက်ပံတန်းမှ ဖောကားများကို ချောဆွဲ၍ တောင်လိမ်ရွာမှ ကိုငဇော်၊ ကိုမိုးဝင်းအောင်၊ ကိုသံချောင်းနှင့် အမည်မသိ အမျိုးသား ၂ ဦးကို ပေါ်တာဆွဲဖမ်းဆီးလာခြင်းဖြစ်ကြောင်း၊ ၎င်းတို့ ဖမ်းဆီးလာသော ပြည်သူ ၅ ဦးနှင့် ဖောကားမောင်းသမားကို ကျွန်းကုန်းရွာချောင်း အစပ်ရောက်တော့ ရှေ့မှ သွားလာခိုင်းပြီး ကိုငဇော်နှင့် ဖောကားသမားတို့ စစ်တပ်က ပစ်ခတ်သော သေနတ်မှန်၍ ဆေးရုံတွင် ကုသမှု ခံယူနေရပြီး ဖမ်းဆီးခံရသူ ၆ ဦးလုံးကို ပြန်မလွှတ်ပေးသေးကြောင်း သိရှိရသည်။

အဆိုပါတိုက်ခိုက်မှုကို အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်သူ့ကာကွယ် ရေ တပ်မတော်၊ တောင်ပိုင်းတိုင်း စစ်ဒေသ၊ အမှတ် ၂ စစ်ဒေသခွဲ၊ သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ တပ်ခွဲ ၃ ရဲဘော်များမှ အသင့်စောင့်ကြို၍ မိုင်းဆွဲ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ပြည်သူ့ကာကွယ်ရေး တပ် ဖွဲ့ဝင်များ အထိအခိုက်မရှိ ပြန်လည်ဆုတ် ခွာနိုင်ခဲ့ကြောင်း သိရသည်။

ပဲခူးရိုးမပေါ်တွင် ထိတွေ့တိုက်ပွဲများ ဆက်လက်ဖြစ်ပွားလာနိုင်သောကြောင့် မိဘပြည်သူများ အနေ ဖြင့် အကြမ်းဖက်စစ်တပ်စစ်ကြောင်းအနီး သွားလာနေထိုင်ခြင်းများ လုံးဝ(လုံးဝ) မပြုလုပ်ကြရန် ကြိုတင်အသိပေးထားသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article